မိုးတစ်နေ့ကပါ

in #esteem8 years ago

image

မိုးတစ်နေ့ကပါ

ထမင်းချက်မစားတာကြာပြီ။ ခုတစ်လော နေကလည်းပူ။ အပြင်ကိုသွားရတာလည်း ပိုက်ဆံကပိုကုန်ပြီး အစား တစ်လုတ်နဲ့ အပြင်ထွက်ရတာ မတန်လို့ ချက်စားတော့မယ်ပေါ့။

ခုတစ်လော မိုးမရွာ။ မိုးမရွာရင် မီးမပျက်တော့ဘူး။ ဒါပေမဲ့ စိတ်ချရအောင် ထမင်းအိုးလေးတစ်လုံးတော့ တည်ထားဦးမှ။

ဒီခေတ်မှာ ထမင်းတည်ရတာ မခက်ပါ။ ထမင်းပေါင်းအိုးခေတ်ဆိုတော့ အလွန်လွယ်ပါတယ်။

နေဦး ဆန်နို့ဆီဘူးတစ်လုံးကို ရေဘယ်လောက်ထည့်ရပါလိမ့် မေ့တောင်နေပြီ။ ဟုတ်ပြီ ဆန်တစ်ဘူးဆိုးရင် ရေ တစ်ဘူးခွဲလောက်ထည့်ရမယ်နဲ့တူတယ်။ ဟုတ်မှာပါ။ ဆန်တစ်ဘူးနဲ့ ရေနို့ဆီဘူးတစ်လုံးခွဲ

ထမင်းတော့ချက်ပြီးပြီ။ ဟင်းသွားဝယ်ရဦးမယ်။ ဟင်းကတော့ ပဲဟင်းလေးပဲ ဝယ်မှာပါ။ အိမ်မှာ ငါးခြောက် ဖုတ်ကရှိပြီးသား။

image

ပဲဟင်းဝယ်ဖို့အပြင်ထွက်။ နေကပြင်းတယ်လေ အပြင်ရောက်တုန်း လက်ဖက်ရည်တစ်ခွက်ပါ ပါဆယ်ဆွဲခဲ့မှ

ပဲဟင်းတစ်ထုပ်၊ လက်ဖက်ရည်တစ်ထုပ်နဲ့ ပြန်လာ။ နံရံမှာချိတ်ထား။ ကွန်ပျူတာဖွင့်ပြီး စိတ်ကူးထဲပေါ်လာ တာတွေရေးရင်း တွေးရင်းနဲ့ ဘယ်နှနာရီ ရှိသွားပြီလဲ မှန်းစမ်း

“ဟာ တစ်နာရီတောင် ထိုးတော့မှာပဲ”

ဒါကြောင့် ဗိုက်ထဲကဆာတာတာဖြစ်လာတာနေမှာ။ ကွန်ပျူတာမှာ ရေးနေတာကိုဖြတ်ပြီးတော့ ရေချိုး၊ ပဲဟင်းကို ခွက်ထဲထည့်၊ ထမင်းထည့်မယ်လို့ ထမင်းအိုးကိုဖွင့်

“ဟာ … ဘယ့်နှယ် … ထမင်းအိုးက မကျက်သေးပါလား။ မီးလည်း လာပါတယ်။ ဘာဖြစ်လို့လဲ”

ဦးနှောက်ကို အလုပ်ပေး တွေးစမ်း

ထမင်းဘာကြောင့် မကျက်ရသလဲ

အတော်လေးစဉ်းစားမှ အဖြေရတယ်

လျှပ်စစ်ထမင်းပေါင်းအိုးနဲ့ ထမင်းချက်ရင် မီးဖွင့်၊ ခလုတ်နှိပ်ရတယ်ဆိုတာ ငါဘာကြောင့် မေ့နေရတာလဲ

မီးခလုတ်ကို ထောက်ခနဲနှိပ်ပြီး စိတ်ပျက်စွာ အပြင်ပြန်ထွက် ကွန်ပျူတာရှေ့ထိုင်ပြီး စာရေးမယ်လုပ်မှ မိုးတွေက သည်းသည်းမည်းမည်းရွာ။ လေတွေကတိုက်လာလို့ တံခါးတွေ ထပိတ်

“ဟာ”

မီးတွေကပျက်သွားပြီ

မြန်မာပြည်မှာ မိုးရွာရင် မီးပျက်တာ သီအိုရီပါ

မိုးဘာကြောင့်ရွာ ... မီးပျက်ဖို့ရွာ

မီးဘာကြောင့်ပျက် ... မိုးရွာလို့ပျက်

photo : facebook

image

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.101
BTC 63981.56
ETH 1805.24
USDT 1.00
SBD 0.38