ခလုတ်တိုက်ခြင်း

in #esteem6 years ago

image

ခလုတ်​တိုက်​ခြင်း

တစ်​ခါတစ်​ရံ
အလျင်​လိုလို့ဖြစ်​​စေ
သတိမထားမိလို့ဖြစ်​​စေ
လမ်းမှာခုလတ်​တိုက်​ပြီး
လဲကျခဲ့ဘူးကြမှာ​ပေါ့
ဒီလိုအချိန်​မျိုးမှာ
ရှက်​သလို ​ကြောက်​သလို
ဝမ်းနည်းသလိုနဲ့ထူပူပြီး
ဘာလုပ်​ရမှန်းမသိဖြစ်​​နေတတ်​ပါတယ်
လူ​တွေများရင်​ပိုဆိုးတာ​ပေါ့

ဘ၀ခရီးလမ်းမှာလည်း
လူတိုင်းလူတိုင်းဟာ
စီးပွား​ရေးခလုတ်​တိုက်​ခြင်း
ပညာ​ရေးခလုတ်​တိုက်​ခြင်း
ကျန်းမာ​ရေးခလုတ်​တိုက်​ခြင်း
လူမှု​ရေးခလုတ်​တိုက်​ခြင်း
အချစ်​​ရေးခလုတ်​တိုက်​ခြင်း
စတဲ့ခလုတ်​တိုက်​ခြင်းအမျိုးမျိုး​တွေနဲ့
မကြာမကြာ​ကြုံ​တွေ့
ကြရမှာပါဘဲ
စီးပွား​ရေးမှာ​ရွေးချယ်​မှု​တွေ
ဆုံးဖြတ်​ချက်​​တွေလွဲ​ချော်​လို့
ဆုံးရှုံးရတာမျိုး​တွေ
စာ​မေးပွဲကျတာမျိုး​တွေ
ပြင်းထန်​တဲ့​ရောဂါ​ဝေဒနာ
ခံစားရတာမျိုး​တွေ
ပတ်​၀န်​ကျင်​ရဲ့အတိုက်​အခိုက်​ခံရတာမျိုး​တွေ
ချစ်​သူနဲ့​ကွေကွင်းရတာမျိုး​တွေဆိုတာ
မိမိ​လျှောက်​​နေတဲ့လမ်းကို
ဆက်​​လျှောက်​ဖို့
ခဏ​လောက်​​တွေ​ဝေသွား​စေတဲ့
အ​ကြောင်း​တွေပါဘဲ

image

ဒါ​ပေမဲ့ ဘ၀မှာ
ဟန်​ချက်​မညီဖြစ်​ပြီး
ကိုယ်​ထင်​သလိုဖြစ်​မလာတဲ့အခါ
ဘ၀ရဲ့စိန်​​ခေါ်မှု​တွေကို
ရင်​ဆိုင်​ရတဲ့အခါ​တွေမှာ
ဘ၀ဟာ​နေဖို့မထိုက်​တန်​​တော့ဘူးရယ်​လို့
ဘယ်​​တော့မှမ​တွေးလိုက်​ပါနဲ့
ဘ၀ဆိုတာတိုက်​ပွဲတစ်​ခုပါ
ခလုတ်​တိုက်​ပြီးလဲကျခဲ့ရင်​လည်း
အင်​အား​တွေကိုစုစည်းပြီး
ပြန်​ထရမှာပါဘဲ
ရှေ့မှာဆက်​​လျှောက်​ရမဲ့
ခရီးကရှိ​သေးတယ်​​လေ

ကျွန်​မလည်း
အ​ကြောင်းအမျိုးမျိုး​တွေ​ကြောင့်
မကြာခဏခလုတ်​တိုက်
လဲခဲ့ဘူးပါတယ်
ဒါ​ပေမဲ့ အားတင်းပြီး
လဲရာကကျုံးထ
တည်​ငြိမ်​​အောင်​လုပ်​ရင်းနဲ့ 
ဘ၀ကို​ရှေ့ဆက်​ခဲ့ရတာပါဘဲ
လဲကျတဲ့အရှိန်​ပြင်းထန်​ခဲ့ရင်​​တော့
အရင်​လိုပြန်​ဖြစ်​ဖို့
အချိန်​​တော်​​တော်​ယူရပါတယ်

တကယ်​လို့များ မင်းဟာ
ခလုတ်​တိုက်​ပြီးလဲကျခဲ့မယ်​ဆိုရင်​လည်း
မင်းရဲ့ခိုင်​မာတဲ့စိတ်​ဓာတ်​​တွေက
မင်းကိုဆီးကြို​ပွေ့ဖက်
အား​ပေးကြပါလိမ့်​မယ်
မဖြစ်​မ​နေပြန်​ထဖို့​တော့
မင်းကြိုးစားရလိမ့်​မယ်

                 May lay

photo : facebook

image

Sort:  

Resteemed.
Lovely girl

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 68228.72
ETH 3279.36
USDT 1.00
SBD 2.67