Aberration

in #esteem8 years ago

''စွံတာလား ဖောက်ပြန်တာလား"

ဖောက်ပြန်တယ်ဆိုတဲ့ စာရိတ္တက ဆိုးရွားတယ်။
ယောက်ျားတွေမသိသေးတာက စွံတယ်လို့ အမည်လှလှလေးလိုချင်ကြတာ။

အခုဆို အိမ်ထောင်ရှင် ယောက်ျားလေး ငယ်ငယ်လေးတွေတောင် ဖောက်ပြန်ကြကုန်ပြီ။

တကယ်တော့ ဖောက်ပြန်တဲ့ယောက်ျားတစ်ယောက်ကို အသိသူငယ်ချင်းတွေက ကြောက်လို့ပဲဖြစ်ဖြစ် မြှောက်ပြီးပဲဖြစ်ဖြစ် မင်းက ''အတော်စွံတဲ့အကောင်ပဲ" လို့ အရှေ့မှာ ချီးမွမ်းတတ်ကြတယ်။

ကွယ်ရာမှာတော့
အဲ့လိုဖောက်ပြန်တတ်တဲ့သူငယ်ချင်းကို ပယ်ပယ်နယ်နယ် ပြောဆိုကြပါတယ်။

ရှေ့နွားတွေမကောင်းတော့ နောက်နွားတွေလည်း ဘယ်ကောင်းနိုင်ပါ့မလဲ။

ရှေ့အဆက်ဆက်က ဘုရင်မင်းဆက်တွေရဲ့ရာဇဝင်ကိုကြည့်။
သူတို့ရဲ့ မိဘုရားများတယ်ဆိုတဲ့ မင်းစည်းစိမ်ကိုပဲမကြည့်နဲ့။

သူတို့နောက်ကွယ်က သတင်းတွေကိုပါ နားထောင်ကြည့်။ ရှင်ဘုရင်ခေတ်က ရှင်ဘုရင်ကို မိဘုရားများလို့ဆိုပြီး မပြောဆိုရဲတာက မင်းပြစ်မင်းဒဏ်ခံရမှာမို့။

အခုတော့ အားလုံးပြောနိုင်ကြပြီ။ ပြောနေကြပြီ။ ဘယ်ဘုရင်က ဘယ်လို တဏှာရာဂကြီးတယ်ဆိုပြီး။

မှတ်ထားပါ။
လင်ရယ်မယားရယ်ဆိုပြီး ကာမပိုင်ရှိနေတာတောင်မှ နောက်တစ်ယောက်နဲ့ငြိစွန်းတာက တဏှာရာဂကြီးတဲ့ ရွံရှာစရာ တဏှာရူးဖြစ်နေတာပါ။

''စွံတာ" ဟုတ်လား။
ရယ်စရာ မပြောပါနဲ့။

အမှန်က
''တဏှာရာဂကြီးပြီး တစ်ယောက်နဲ့မတင်းတိမ်နိုင်တဲ့ လိင်ဘက်ပိုင်းကို အားသန်နေတဲ့နှာဘူး" ပါရှင်။ ရှေးက ရှင်ဘုရင်တွေနဲ့တန်းမညှိနဲ့။ သူတို့လည်း အခုလိုခေတ်မှာဆိုရင် ရာထူးပြုတ်ပြီး ပြည်သူတွေရဲ့ တုတ်ထိုးရုပ်တောင် ဖြစ်သွားမယ်။

စွံတယ် ဆိုတာ ရွံစရာပါကွယ်။

@taori

Coin Marketplace

STEEM 0.04
TRX 0.31
JST 0.073
BTC 63490.47
ETH 1676.63
USDT 1.00
SBD 0.41