"ဝန်​ခံပါတယ်​ ”

in #esteem6 years ago

ငါ မတည်​ငြိမ်​​သေးပါဘူး
ငါ့ကိုယ်​ငါ ရင့်​ကျက်​​နေပြီလို့ ထင်​ထားခဲ့တာ
မင်း ​ရှေ့​ရောက်​တိုင်း က​လေးတစ်​​ယောက်​လို
အ​ယောင်​​ယောင်​အမှားမှား ဖြစ်​​နေတုန်းပဲ

ငါ ဟန်​မ​ဆောင်​တတ်​​သေးပါဘူး
မင်းနဲ့​တွေ့ရင်​ ငါ့ရင်​ထဲက အချစ်​​တွေ
အကုန်​ထုတ်​မပြဘူးလို့ ကြံရွယ်​ခဲ့​ပေမယ့်
မင်းနဲ့ဆုံတဲ့အခါ​မှာ​တော့
ဟန်​မ​ဆောင်​နိုင်​​လောက်​​အောင်
ငါ့ရဲ့အချစ်​စိတ်​​တွေ လျှံထွက်​​နေတုန်းပဲ
FB_IMG_1528219982385.jpg
ငါ မနာကြည်းနိုင်​ပါဘူး
မင်း ငါ့ အ​ပေါ် ဘယ်​လိုအမှား​တွေကျူးလွန်​ခဲ့ ကျူးလွန်​ခဲ့ အမှတ်​မရှိတဲ့ ငါ့နှလုံးသားက
ပန်းနဲ့​ပေါက်​​နေသလို မနာတတ်​​တော့ဘူး
FB_IMG_1528220042276.jpg
ငါ မ​မေ့နိုင်​ခဲ့ပါဘူး
မင်းနဲ့ ပတ်​သက်​တဲ့ အမှတ်​ရ​ပေါင်းများစွာကို
မေ့ထားခဲ့​ပေမယ့်​ ခလုတ်​တိုက်​မိတိုင်း
ရင်​ခုန်​​နေမိတုန်းပဲ

ငါ ဝန်​ခံပါတယ်
ငါ့ရင်​ထဲမှာ မင်း တစ်​​ယောက်​ပဲရှိသလို
မင်းတစ်​​ယောက်​တည်းကပဲ
ငါ့ဘဝကို လှပ​အောင်​ ပုံ​ဖော်​​ပေးနိုင်​တယ်​ဆိုတာ
ငါ့ အ​တွေး နဲ့ ငါ့ရင်​ဘတ်​ထဲက
ယုံကြည်​​နေမိတယ်​ ချစ်​သူ......

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.031
BTC 69067.71
ETH 3754.33
USDT 1.00
SBD 3.72