ရိုးသားမှုကို အသုံးချခံလိုက်​ရတဲ့အခါ......

in #esteem6 years ago

ဘယ်​လူသားမဆို ကိုယ်​မလုပ်​မိတဲ့

လုပ်​ရပ်​တစ်​ခုကို လုပ်​တယ်​လို့ စွပ်​စွဲခံခဲ့ရရင်

ပြဿ နာအတိမ်​အနက်​အ​ပေါ်မူတည်​ပြီး

စိတ်​ထိခိုက်​မှု အနည်းနဲ့အများ​တော့ ရှိလာမှာပဲ



လူတစ်​ချို့်​က ရိုးသားမှုဆိုတဲ့အရာကို

ကစားစရာအရုပ်​တစ်​ခုလို လုပ်​ချင်​တိုင်းလုပ်​​နေတတ်

ကြတယ်

မစားရတဲ့ အမဲ သဲနဲ့ပက်​သလို

မယှဉ်​နိုင်​ပြန်​ရင်​လည်း အပုပ်​ချတတ်​ကြပြန်​တယ်



ကိုယ့်​ဘက်​က အ​ကောင်းဆုံး ​နေထိုင်​​ပေးဆပ်​​နေပါလျက်​နဲ့ တစ်​ဖက်​က ကိုယ့်​ရိုးသားမှုကို

ရက်​ရက်​စက်​စက်​ ချနင်း​နေပြီဆိုရင်​....



၁)သူ့အမှားကို ကိုယ့်​အမှားမဖြစ်​​စေပါနဲ့



၂)ကိုယ်​ထားခဲ့တဲ့ ​စေတနာ​တွေ စစ်​မှန်​​ကြောင်း

လက်​​တွေ့ပြသပါ



၃)မတတ်​သာလို့ သူနဲ့မကင်းနိုင်​​သေးဘူးဆိုရင်

ဒေါသနဲ့ တုန့်​ပြန်​မယ့်​အစား ပညာသားပါပါ

သူ့အမှား​တွေကို တစ်​ခုစီ ​ဖော်​ထုတ်​ပြသပါ



၎)အပြီးတိုင်​ ထိုသူနဲ့ လမ်းခွဲမယ်​ဆိုရင်

ကိုယ့်​တန်​ဖိုး ၊ ကိုယ့်​ဂုဏ်​သိက္ခာကို

အချိန်​ကာလတစ်​ခုရင်းပြီး ပြသပါ



၅)ဖြစ်​နိုင်​မယ်​ဆိုရင်​ အမုန်းဖြင့််​ ​ကျောခိုင်းတာထက်

အပြုံးဖြင့်​ လက်​ပြနုတ်​ဆက်​​ပေးပါ



ရိုးသားမှု ဆိုတဲ့အရာက အရမ်းတန်​ဖိုးကြီးတဲ့

ဆုလာဘ်​ပါ

အဲ့ဒီဆုလာဘ်​ကြီးကို လူတိုင်းလိုလိုစီက

ပြန်​ရလိမ့်​မယ်​လို့ မ​မျှော်​လင့်​ပါနဲ့

ဘာလို့လဲဆို​တော့ ရိုးသားမှု ကို လူတိုင်းကြိုက်​​ပေမယ့်

ပြန်​​ပေးဖို့​တော့ တွန့်​တို​နေတတ်​ကြလို့ပါ



သူငယ်​ချင်း.....

မင်းရဲ့ ရိုးသားမှုဂုဏ်​ကို ကာကွယ်​​စောင့်​​ရှောက်

ပေးနိုင်​တာက မင်းကိုယ်​တိုင်​ နဲ့

လောကပါလတရားစီရင်​ခန်းပဲရှိ​တယ်



ဒါ့​ကြောင့်​ "ရိုးသားပါ မ အ​စေနဲ့

ယုံကြည်​ပါ မကန်း​စေနဲ့

စေတနာထားပါ အ​စော်​ကားခံရ​လောက်​​အောင်

ကိုယ့်​တန်​ဖိုးကို ​ဈေးမ​ပေါ​စေနဲ့​နော်​”

Sort:  

@steemstome, enjoy the vote!

Have you claimed your FREE Byteballs yet? Check out this post on how you can get $10-80 just for having a Steem account: https://steemit.com/steem/@berniesanders/get-free-byteballs-today-just-for-having-a-steem-account-usd10-80-in-free-coins

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66540.93
ETH 3186.50
USDT 1.00
SBD 4.11