Can you earn btc(bitcoin)btc from mining

in #esteem6 years ago

လူတစ်​ချို့က

သင်​အထီးကျန်​အားငယ်​​နေတဲ့အချိန်

သူတို့ ဂရုစိုက်​ချင်​မှ စိုက်​လိမ့်​မယ်

ဒါ​ပေမယ့်​ သူတို့ အထီးကျန်​ဝမ်းနည်း​နေရင်​​တော့

သင်​ ​ထွေး​ပွေ့​ပေးမှ သူတို့​ကျေနပ်​ကြလိမ့်​မယ်​။



လူတစ်​ချို့က

သင်​ အကူအညီလိုတဲ့အချိန်​မှာ

သူတို့ ကူညီချင်​မှ ကူညီလိမ့်​မယ်

ဒါ​ပေမယ့်​ သူတို့လိုအပ်​လာပြီဆိုရင်​​တော့

သင်​ အိပ်​​ပျော်​​နေရင်​​တောင်​ လာနိုးပြီး အကူအညီ​တောင်းကြလိမ့်​မယ်​။
image
လူတစ်​ချို့်​က

သင်​ ငတ်​ပြတ်​​နေတဲ့အချိန်​မှာ ​ရေတစ်​ခွက်​​တောင်

ကြည်​ဖြူ ချင်​မှ ကြည်​ဖြူ လိမ့်​မယ်

ဒါ​ပေမယ့်​ သူတို့ ငတ်​သလိုလိုဖြစ်​လာရင်​​တော့

သင်​ အလိုက်​တသိ ကူညီ​ပေးမှ ​သူတို့​ကျေနပ်​ကြပါလိမ့်​မယ်​။



လူတစ်​ချို့က

သင်​ အသားကုန်​​ကောင်းမှ သူတို့ သင့်​အ​ပေါ်

မဆိုးကြလိမ့်​မယ်

ဒါ​ပေမယ့်​ သင်​ သာ အဆိုးတစ်​ကြိမ်

ကျူးလွန်​ခဲ့မိရင်​​တော့ သင့်​ကို ​သေဒဏ်​ချမှတ်​ဖို့​တောင်

သူတို့စိတ်​ကူး​နေတတ်​ကြတယ်​။



လူတစ်​ချို့်​က

သင့်​ ဘဝ အဝီစိ​ရောက်​​အောင်​ ဆင်းရဲ​နေမှ

သူတို့ ​ပျော်​​နေကြလိမ့်​မယ်

ဒါ​ပေမယ့်​ သင်​က ​လောကဓံနွံထဲမှ ​ခေါင်းပြူ ထွက်​လာ

နိုင်​ပြီဆိုရင်​​တော့ သင့်​ကို နွံထဲကိုဘယ်​လို ပြန်​နစ်​ရမလဲ

ဆိုတာကို သူတို့ ကြံစည်​လာတတ်​တယ်​။

image
ဘာပဲဖြစ်​ဖြစ်​ပါ

လူရယ်​လို့ ဖြစ်​လာရင်​ ​ကောင်းသူ ၊ မ​ကောင်းသူ​တွေနဲ့

ကြုံ​တွေ့ရမှာ အမှန်​တရားပါ

ကောင်းသူနဲ့ကြုံကြုံ ၊ ယုတ်​မာသူ​တွေနဲ့ပဲကြုံကြုံ

ကိုယ့်​စိတ်​အာရုံထဲ အမှိုက်​မသွန်​တာ အ​ကောင်းဆုံးပါ



အတုယူသင့်​တာကိုယူ ၊ သင်​ခန်းစာယူသင့်​တာကို

ယူပြီး ​မေတ္တာအပြည့်​ဖြင့်​ ဘဝကိုဖြတ်​သန်းခဲ့ရင်

အဆိုး​တွေ ကြုံလည်း ခဏတာပါ

ကံ​ကောင်းခြင်း​တွေ သယ်​​ဆောင်​လာတဲ့

နေ့ရက်​တိုင်းကို ပိုင်​ဆိုင်​ရမှာပါ

Sort:  

Comment removed

Excellent post!

Congratulations! This post has been upvoted from the communal account, @minnowsupport, by steemstome from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.031
BTC 68745.77
ETH 3744.06
USDT 1.00
SBD 3.76