စကားsteemCreated with Sketch.

in #esteem8 years ago

စကားဆိုတာ တိုးတိုးပြောလည်း ဒီစကား

အော်ပြီးပြောလည်း ဒီစကား

ဘယ်လိုပြောပြော ဒီစကားပါပဲ

တစ်ဖက်သားကို နားဝင်အောင် ချိုချိုသာသာ

ပြောတတ်ခြင်းက ပိုပြီး အရာရောက်သလို

မိမိထားတဲ့ စေတနာကိုလည်း ပေါ်လွှင်စေပါတယ်။



စကားဆိုတာ ပါးစပ်က ပြောတာချင်းအတူတူ

တစ်ဖက်သားအပေါ် နစ်နာစေမယ့်စကားမဖြစ်စေဖို့နဲ့

ကိုယ့်စကားကို ကိုယ်တာဝန်ယူတတ်ဖို့ပါပဲ။



စကားကြောင့် "ဓါး "မဖြစ်စေဘဲ

စကားကြောင့် "အား" ဖြစ်စေခဲ့ရင်

လျှာဖျားလေးက ပြောလိုက်ပေမယ့်

လူတစ်ယောက်ရဲ့ ဘဝကို တိုးတက်ပြောင်းလဲစေပြီး

စကားကြောင့် ကုသိုလ်ရစေပါတယ်။



တစ်ခါတစ်လေမှာ

ကိုယ်ပြောလိုက်တဲ့ စကား တစ်ခွန်းကြောင့်

ကိုယ့်အဆင့်အတန်းကို ဖော်ပြနေတတ်သလိုဖြစ်ပြီး

ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ကိုယ်တိုင် ချလိုက်သလို

ဖြစ်နေတတ်ပါတယ်။ ထို့ကြောင့်.....

မိတ်ဆွေ!!!စကားကို သတိထားပြောဆိုပါ ။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 66256.77
ETH 1918.76
USDT 1.00
SBD 0.38