Blockchain base social media(Steemit)

in #esteem6 years ago

ပျော်​ရွှင်​မှု​တွေ အပိုင်​ဝယ်​နိုင်​​အောင်

ငွေရှာရင်းနဲ့ လွတ်​လပ်​ခြင်း​တွေ

စ​တေးလိုက်​ရတယ်​။



အ​ဖော်​ရမလားလို့ ချစ်​သူရှာရင်းနဲ့

အထီးကျန်​မှု​တွေ ​နေရာအပြည့်​ယူလာတတ်​တယ်​။



လူ့​အောက်​မကျ​အောင်

ချမ်းသာ​အောင်​ ကြိုးစားပါမှ

ပိုပြီး​အောင်​မြင်​လာ​လေ ပိုပြီး

သည်းခံရ​လေဖြစ်​​နေတတ်​တယ်​။
image

ပူ​လောင်​မှု​တွေ​ကြောက်​လို့

သံ​ယောဇဉ်​ဆိုတဲ့အရာကြီးကို ပတ်​​ပြေးမိပါတယ်

ပြေး​လေ ပိုပြီး ရစ်​ပတ်​ခံရ​လေလားမသိ။



လူပီသ​အောင်​ ကြိုးစားပြန်​​တော့လည်း

ရင်းနှီး​ပေးဆပ်​မှု​တွေက

ကိုယ့်​ဆီမှာ ဘာမှမကျန်​​တော့​လောက်​​အောင်​ပါဘဲ။
image

ကိုယ်​ကျရာ​နေရာမှာ တာဝန်​သိတတ်​ပြန်​​တော့လည်း

မှန်​မှန်​ကန်​ကန်​ လုပ်​​လေ

လူမုန်းများခံရ​လေလား မသိ။



ကိုယ့်​ဘက်​က သစ္စာတည်​​အောင်​ကြိုးစားပြန်​​တော့လည်း လူတစ်​ချို့​ကြောင့်​ ကိုယ့်​သစ္စာ​တွေက

သဲထဲ​ရေသွန်​သလို ဘာမှ အသုံးမဝင်​သလိုပါပဲလား။



ဒီလိုနဲ့ပဲ အသက်​တစ်​နှစ်​ပြီး တစ်​နှစ်​ကြီးလာကြပြီး

ဒီလိုနဲ့ပဲ........​နောက်​ဆုံး ​နေဝင်​ချိန်​အထိ

ခရီးဆက်​​နေရတာက လူသားတိုင်းရဲ့

ဘဝ​တွေပါပဲ။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.030
BTC 59218.43
ETH 2534.91
USDT 1.00
SBD 2.44