ခရစ်ယာန်

in #esteem6 years ago

ချစ်​လှစွာ​သော ယုံကြည်​သူဓမ္မမိတ်​​ဆွေများ
(Mar 15) အတွက်​ ​ထောက်​ရှုဆင်​ခြင်​ရမည်​ နှုတ်​ကပါတ်​​တော်​မှာ သားတော်ကိုသက်သေခံခြင်းအ​ကြောင်းဖြစ်​ပါသည်
ရှင်ယောဟန်။ 5: 31-47
image
ငါသည် ငါ့အကြောင်းကိုသက်သေခံလျှင် ငါ၏
သက်သေခံချက်သည် မမှန်။ ငါ၏အကြောင်း
ကို သက်သေခံသောသူ အခြားတစ်ပါးရှိ၍ ငါ့ အပေါ်သက်သေခံသောသူ၏သက်သေခံချက်
သည် မှန်ကန်ကြောင်းငါသိ၏။ သင်တို့သည် ယောဟန်ထံသို့တမန်များကိုစေလွှတ်ခဲ့ကြ၏။
သူသည်လည်း သမ္မာတရားဘက်မှသက်သေ
ခံခဲ့လေပြီ။ ငါခံယူသောသက်သေခံချက်သည်
လူတို့ထံမှမဟုတ်။ သို့သော် သင်တို့သည်
ကယ်တင်ခြင်းခံရမည့်အကြောင်း ဤအရာကို
ငါပြော၏။ သူသည် ထွန်းလင်းတောက်လောင်
နေသောဆီမီးဖြစ်၏။ သင်တို့မူကား သူ၏အ
လင်း၌ခေတ္တခဏမျှမွေ့လျော်ခြင်းငှာအလိုရှိကြ
၏။ သို့သော် ငါ၌ရှိသောသက်သေခံချက်သည်
ယောဟန်၏ သက်သေခံချက်ထက်သာ၍ကြီး
မြတ်၏။ အကြောင်းမူကား ပြီးမြောက်အောင်
ဆောင်ရွက်စေခြင်းငှာ ခမည်းတော်က ငါ့အား
ပေးအပ်တော်မူသောအမှုတော်များကို ငါသည်
ပြုလုပ်ဆောင်ရွက်လျက်ရှိ၍ ၎င်းတို့သည်ငါ့
အား ခမည်းတော်စေလွှတ်တော်မူကြောင်း
သက်သေခံကြလေ၏။ ငါ့ကိုစေလွှတ်တော်မူ
သောခမည်းတော်သည်လည်း ကိုယ်တော်
တိုင် ငါ့ကိုသက်သေခံတော်မူ၏။ သင်တို့သည်
ကိုယ်တော်၏အသံကို တစ်ခါမျှမကြားဖူးကြ။ ကိုယ်တော်၏ပုံသဏ္ဍာန်တော်ကိုလည်း သင်
တို့မမြင်ဖူးကြပေ။ ကိုယ်တော်၏ နှုတ်တော်
ထွက်စကားသည်လည်း သင်တို့၌မတည်ပေ။
အကြောင်းမူကား သင်တို့သည် ကိုယ်တော်
စေလွှတ်တော်မူသောသူကို မယုံကြည်ကြ
သောကြောင့်တည်း။ ကျမ်းစာတော်မြတ်အား
ဖြင့် ထာဝရအသက်ကိုရရှိမည်ဟု သင်တို့ခံ
ယူကြလျက် ၎င်းကို သင်တို့လေ့လာကြ၏။ ထိုကျမ်းစာတော်မြတ်သည်ပင်လျှင် ငါ့ကို
သက်သေခံ၏။ သို့သော် သင်တို့သည် အ
သက်ကိုပိုင်ဆိုင်ခြင်းငှာ ငါ့ထံသို့လာရန်အလို
မရှိကြ။ ငါသည် လူတို့၏ချီးမွမ်းဂုဏ်ပြုခြင်းကို
မခံယူ။ သို့သော် သင်တို့၌ ဘုရားသ္ခင်ကို ချစ်
မြတ်နိုးစိတ်မရှိကြောင်း ငါသိ၏။ ငါသည် ငါ့ ခမည်းတော်၏နာမတော်၌လာသော်လည်း
သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသူ
တစ်ဦးသည် မိမိ၏နာမ၌လာလျှင် သင်တို့
သည် ထိုသူ့ကို လက်ခံကြလိမ့်မည်။ သင်
တို့သည် လူသားအချင်းချင်းထံမှ ချီးမွမ်းသြ
ဘာပေးခြင်းကို လက်ခံ၍ ဘုရားသ္ခင်ကသာ
ပေးတော်မူသော ဘုန်းဂုဏ်တော်ကိုအလို
မရှိကြလျှင် မည်ကဲ့သို့ယုံကြည်နိုင်ကြမည်
နည်း။ ငါသည် ခမည်းတော်ဘုရား၏ရှေ့
တော်၌ သင်တို့ကိုအပြစ်တင်စွပ်စွဲမည်ဟု
မထင်မှတ်ကြနှင့်။ သင်တို့မျှော်လင့်အားကိုး
သော မိုးဇက်သည် သင်တို့ကို အပြစ်တင်
စွပ်စွဲလိမ့်မည်။ သင်တို့သည် မိုးဇက်ကိုယုံ
ကြည်လျှင် ငါ့ကိုလည်းယုံကြည်ပေလိမ့်မည်။
အကြောင်းမူကား သူသည် ငါ၏အကြောင်း
ကိုရေးထားခဲ့၏။ သို့သော် သင်တို့သည် သူ၏
ကျမ်းတို့ကိုမယုံကြည်လျှင် ငါ့စကားကို မည်သို့
ယုံကြည်ကြမည်နည်းဟု သူတို့အားမိန့်တော်
မူ၏။
@steemitlovess

Sort:  

အရမ်းကောင်းပါတယ်အားမင့်အားမင့်သိဘူးရမ်းပြောတာ

The best post thank you

ကောင်းလာကိုကောင်းတယ်ကောင်းရင်ကောင်းတယ်မှတ်

အောင်မြင်ပါစေ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 57659.68
ETH 2443.81
USDT 1.00
SBD 2.36