သာယာတဲ့ ယုံကြည်​မှု

in #esteem6 years ago

မပိုင်ဆိုင်လိုသော သာယာမှုလေး ကိုယ့်မှာ ရှိတယ်

တကယ်တော့ အလိုမရှိတာ မဟုတ်ခဲ့

လောဘ လို့ သူ့ အပေါ် နာမည်ဆိုး မတင်ရက်

ဘဝများစွာ မှာ စုန်ဆန် ကူးဖူးကြ သူတွေ မို့

သံသရာ တဆက်ဆက် မှာ အသေအချာ ဆုံဆည်း ခဲ့ ပြီ လို့

မှတ်သားထားလိုက်တယ် …



ခုဆို …

သူ မျှော်ငေးရာ အရပ်က သစ်ပင်လေး ပဲ ဖြစ်ပါစေ …

သစ်ရွက်လေး ပဲ ဖြစ်ပါစေ …

ဘောက်ဖတ် လေး ပဲ ဖြစ်ပါစေ

ကျေနပ် ရ တော့တာ ပဲ …

တကယ့်တော့ သဝန်မတိုတတ်တာ မဟုတ်

သူ့ ကိုယ် ပေါ်မှာ ကျနေတဲ့ နေရောင်ခြည် က အစ …

ကိုယ့်က ခွင့်လွှတ်တတ်အောင် ကြိုးစားရတယ်

ဝေးးမှ မဝေးချင် ပဲ ကွယ် …
image
မင်း ကို ပြုံးပျော်စေတဲ့ အရာဝတ္ထု သက်ရှိသက်မဲ့ မှန်သမျှ ( ရေခဲမုန့် သည်က အစ )

ကိုယ့် က ကျေးဇူးတင်ရတယ်

ဘယ် အတွက် ဖြစ်ဖြစ် …

ဘယ် သူ့ ကြောင့် ဖြစ်ဖြစ် ပျော်နေဖို့ပါပဲ ကွယ်



သစ်တော အလယ်မှာ နေတဲ့ သူက

သစ်ပင် အားလုံး မမြင်နိုင် သလို

ပင်လယ် အနီး နေတဲ့ သူက လှိုင်းရဲ့စကား

မကြားချင်တော့ သလို …

လူ တွေ ကြား ထဲ မှာ မင်းတစ်ယောက် ထဲ

အထီးကျန်နေမှာ စိုးတယ်

ကိုယ်အတွက် ကတော့

မင်း ရဲ့ အနီးဆုံး မှာ နေပြီး

မင်း နဲ့ ဝေးနေမှာ ကြောက်တယ် …

image
အနီးအနား မလှမ်းမကမ်း မှာ စိမ်းလန်းပေးချင်တယ်

တိမ်ဖြူဖြူ ဖြစ်ဖြစ်

တိမ် ညိုညို ဖြစ်ဖြစ်

မင်း အလို ရှိ တယ် ဆို အုံ့ မိုး လိုက်မယ်

ကိုယ့် ကမ္ဘာမြေ က မဟာလူသားလေး က

အမြဲ လုံခြုံ နွေးထွေး စေရမယ်



မင်းမျှော်ငေးရာ အရပ်မှာ

(.ကိုယ့် ) အသက်ရှု သံက အစ

ရပ်တန့် နေတာ မို့

ယုံယုံကြည်ကြည်  ခရီးဆက် လို့ ရပါတယ်

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by steemhenry from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

I upvote this post 100%.
Follow and upvote me.

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.030
BTC 58889.18
ETH 2514.47
USDT 1.00
SBD 2.47