Small cases challenge

in #esteem8 years ago

သူများတွေ အားငယ်နေတဲ့အခါ

ငါ အမြဲတမ်း အားပေး နှစ်သိမ့်ပေးခဲ့ဖူးတယ်

ငါ ဝမ်းနည်းနေတဲ့ အချိန်ကျတော့

ငါ တစ်ယောက်တည်း အထီးကျန်နေရတယ်။



မွေးလာတော့လည်း တစ်ယောက်တည်းလာပြီး

အားငယ်တဲ့အချိန်မှာ အားပေးဖော်ကို

မျှော်လင့်နေမိတာက ငါ မရင့်ကျက်သေးတာပါ။
image

သူများတွေကို ငါ ပေးဆပ်ခဲ့သလို

ငါ ပြန်လိုချင်နေတာက အပေးအယူဆန်ရာရောက်တယ်

ငါ ပေးခဲ့တဲ့ မေတ္တာတရားကို ငါကိုယ်တိုင်

အရောင်ဆိုးနေမိသလို ဖြစ်နေတယ်။



ငါ ဘယ်လောက် အားငယ်ငယ်

အခြားသူ အကူအညီထက်

ုငါ့ ကိုယ်ငါ အားတင်းနိုင်အောင်ကြိုးစားမယ်

အားငယ်မှူဆိုတာ ငါ ကိုယ်တိုင်ဖန်တီးခဲ့တာဖြစ်သလို

ငါ ကိုယ်တိုင်ပဲ တွန်းလှန်မယ်။



ဘဝဆိုတာ အားငယ်နေရုံနဲ့

တိုးတက်လာမှာ မဟုတ်ဘူးလေ

အသက်ရှင်သန်နေသမျှ ကာလပတ်လုံး

မွေးကင်းစမှ လမ်းလျှောက်တတ်အောင် ငါကိုယ်တိုင်

ရုန်းကန်ခဲ့ရသလို ငါ့ ဘဝတစ်ခုလုံး

ကြံ့ခိုင်ဖို့ကိုလည်း ငါ ကိုယ်တိုင် ကြိုးစားရမယ်လေ။
image

အဖော် မပါလည်း ငါဆက်လျှောက်မယ်

ငါ့ ဘဝမှာ အဖော်ဆိုတာ ငါကိုယ်တိုင်ပါပဲ

ငါ လဲကျနေသမျှ ခြေတစ်လှမ်းက နောက်ကျနေမှာဖြစ်တယ်

ငါ အမြန်ပြန်ထပြီး အားငယ်မှူတွေ စိန်ခေါ်လိုက်မယ်

ငါ ဘယ်တော့မှ အားငယ်နေမှာ မဟုတ်သလို

အားငယ်မှုဆိုတာ ငါ့ ဘဝရဲ့ နတ်ဆိုးပါ။



နတ်ဆိုးကို တွန်းလှန်ရင်း

ငါ့ လမ်းကို ငါ ဆက်လျှောက်မယ်

အားငယ်မှူတွေကို ငါ မုန်းတယ်

အားငယ်မှူတွေကို ဒီနေ့ ဒီအချိန်ကစပြီး

ငါ စိန်ခေါ်လိုက်ပြီ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.098
BTC 64638.86
ETH 1868.02
USDT 1.00
SBD 0.38