Reading

in #esteem6 years ago (edited)

ကိုယ်​ဘယ်​တုန်းက စပြီး စာဖတ်​သလဲဆိုတာ ဆန်းစစ်​ကြည့်​မိတယ်



၂ တန်း ၃ တန်း​လောက်​က ထင်​တယ်​ ​​မြောက်​ပိုင်းက ကိုဇာနည်​တို့အိမ်​က ​ရွှေ​သွေး က စပြီး ဖတ်​ဖြစ်​တာပဲ

ရွှေ​သွေးက စပြီး အ​ဖေ အ​မေက ​ကျောင်းဆရာ ဆရာမ ဆို​တော့ ပညာတန်​​ဆောင်​( စာ​စောင်​လို့​ခေါ်မယ်​ထင်​တယ်​ ) ​တွေ လစဉ်​ ရ​တော့



အဲ့က ကာတွန်း​လေး​တွေဖတ်​တယ်​ ပုံပြင်​​လေး​တွေဖတ်​တယ်​ ဝတ္ထုအတို​လေး​တွေဖတ်​တယ်

နောက်​... နတ္ခတ္တ​ရောင်​ခြည်​ မဂ္ဂဇင်းမှာပါတာ​လေး​တွေ ဖတ်​ဖြစ်​တယ်​ မှတ်​မိသ​လောက်​ဆိုရင်​ အခန်းဆက်​လာတဲ့ သက်​လုံရဲ့ အ​နောက်​သို့ခရီးသွားမှတ်​တမ်း



တ​စ္ဆေ သရဲ​အ​ကြောင်း​တွေ စိုးမြင့်​လား မြင့်​စိုးလား​တော့မသိ သူ​ရေးတဲ့ ​ဗန်​တို ​ဗန်​ရှည်​​တွေ xD :-P (ပုံ​လေး​တွေပါ ပါတယ်​ နည်းနည်းပါးပါးလိုက်​ကျင့်​ကြည့်​​သေးတယ်​)

အ​ဖေက​တော့ အဲ့အထဲက ​ဆေးမြီးတို​တွေကို ​ဗလာစာအုပ်​​လေးနဲ့ ​သေချာကူး​လေ့ရှိတယ်
image
ဒီလိုနဲ့ပဲ အသက်​​လေးရလာခဲ့​တော့ စာဖတ်​​လေးလည်း မြန်​လာခဲ့တယ်​​ပေါ့ ၄ တန်း ၅ တန်း​လောက်​​ရောက်​​တော့ အစ်​ကိုဝမ်းကွဲ​တွေ ဦး​လေး​တွေ ငှါး ငှါး လာတဲ့ သိုင်းစာအုပ်​​တွေ ဖတ်​ဖြစ်​တယ်​ မ​ကောင်းသူပယ်​ ​ကောင်းသူကယ်​ အဖြူ​ရောင်​ သိုင်းသမား​ပေါ့ xD ငိငိ



အံမယ်​ မဆိုးဘူးဟ​ပေါ့ အချို့သိုင်းကွက်​​တွေဆို စာအုပ်​က​လေး​ဘေးချပြီး ကျင့်​ကြည့်​​သေးတာ ( ဟီးဟီး :-P စိတ်​ကူးယဉ်​ပြီး ပုံ​ဖော်​ကြည့်​တာလည်းပါတယ်​ )

အ​ဖေ့ရဲ့ ကျွန်း​သေတ္တာထဲမှာ ခြကိုက်​​နေတဲ့ ပုံပြင်​စာအုပ်​​တွေ ​ဗုဒ္ဓဝင်​​တွေလည်း ​လျှောက်​ဖတ်​တာပဲ

ယူနီဆက်​က ​ပေးတဲ့ သုတရတနာသိုက်​​တွေဆို ကိုယ်​​တွေအကြိုက်​​ပေါ့



အ​ကောင်​ပ​လောင်​​တွေ ကုန်း​နေ ​ရေ​နေ သတ္တဝါ​တွေ ပျံတဲ့အ​ကောင်​​တွေ မျိုးတုန်းသွားတဲ့ ဒိုင်​နို​ဆော​တွေအ​ကြောင်းလည်း ပါတာကိုး

အာကာသအ​ကြောင်း​တွေလည်းပါတယ်​ သ​ချာင်္နဲ့ပတ်​သတ်​တာထဲမယ်​ဆို ဘုရင်​က ဆုချချင်​လို့ ကြိုက်​တာ​တောင်းဆို​တော့



ဒီ​နေ့ကို ဆန်​​စေ့ တစ်​​စေ့ ​နောက်​ရက်​ကို ၂ ​စေ့ ​အဲ့​နောက်​ကို ၄ ​စေ့ ဆိုပြီး

တောင်းတဲ့ဘဲဆို သိပ်​သ​ဘောကျတာလား...

ဂယ်​လီလီယိုအ​ကြောင်းလည်း ပါတယ်​​ဗျာ

ပန်းသီး​ကြွေကျတဲ့ နယူတန်​အ​ကြောင်းလည်းပါတာပဲ



ပိရမစ်​​တွေရဲ့ အမြင့်​ကို အရိပ်​ကျတာက​နေတိုင်းတဲ့သူအ​ကြောင်းလဲ အဲ့ထဲမယ်​ပါ​သေးသကိုး

သုတရတနာသိုက်​ဆိုတဲ့အတိုင်းပဲ အေ​တာ်​​ကောင်းတာကိုး​ဗျ စာရွက်​သား​တွေကလည်း ​ကောင်းမှ​ကောင်းပဲ ကာလာ​တွေစုံတယ်​ ထားပါ​တော့.....
image
အဲ့​နောက်​မယ်​​တော့ ​ရွှေဥ​ဒေါင်း နဲ့ ​ငွေဥ​ဒေါင်းရဲ ( ဘယ်​သူက ဘာ​ရေးတာလည်း​တော့မမှတ်​မိ​တော့ဘူး )

ဦးစံရှား ဦးထင်​​ကျော်​ ကို သွား​တွေ့ပါ​လေ​ရော... ( ဦးထင်​​ကျော်​က ​ပေါက်​​ခေါင်းက ကိုကြီးအိမ်​မှာ​တွေ့တာထင်​တယ်​ )

နွေရာသီ ​ကျောင်းပိတ်​ရက်​​တွေမယ်​ဆို ကိုယ်​က အပြင်​ထွက်​မ​ဆော့ဖြစ်​တာများတယ်​ စာပဲဖတ်​​နေတာ



နောက်​... ဓနမဂ္ဂဇင်းထဲက ကမ္ဘာ​ကျော်​ ကိုဟီးနိုးစိန်​ အ​ကြောင်း ဆွန်​ဇူးရဲ စစ်​ကြမ်းနဲ့ယှဉ်​ပြီး ​ရေးပြထားတဲ့ စီးပွား​ရေးအ​ကြောင်းလည်း ဖတ်​လိုက်​​သေးတာ ( စီးပွား​ရေးကို စိတ်​ဝင်​စားလို့မဟုတ်​ ဆွန်​ဇူးအ​ကြောင်း​ရေးတဲ့အချိန်​မယ်​ စစ်​ပွဲ​တွေအ​ကြောင်းပါ ပါတယ်​ အဲ့ဒါကို ကြိုက်​တာ )



မှန်​နန်းရာဇဝင်​လည်း ဖတ်တယ်​ အ​ဖေ့ရဲ့ ခြစား​နေတဲ့ စာအုပ်​​တွေထဲက​ပေါ့ ကို​လေး​ကျော်​မှူးရဲ့ ဘာသာကြီး​လေးရပ်​ အနှစ်​ချူပ်​လည်းဖတ်​လိုက်​​သေးတာ

အဲ့ထဲမယ်​ ရာမ လက္ခာ ဘာညာပါတယ်​လို့ ထင်​တာပဲ



အချစ်​ဝတ္ထုက​တော့ ဘဝတစ်​​လျောက်​မယ်​ လက်​ချိုး​ရေလို့ရ​လောက်​​အောင်​ နည်းတယ်

ချစ်​ဦးညိုရဲ့ လင်္ကာဒီပ ချစ်​သူကို တစ်​ဝက်​ထိပဲ ဖတ်​နိုင်​ခဲ့တယ်​ ကိုယ်​ဖတ်​ဖူးတဲ့ ရာဇဝင်​နဲ့ ​ပြောင်းပြန်​နီးပါးဖစ်​​နေလို့ ( ဇာတ်​လမ်းကဖြစ်​တာမဟုတ်​ ဒဿ     ကို မင်းသားအထှာနဲ့ ​ရေးတာကို သ​ဘောမကျတာ )



သိုင်းစာအုပ်​​တွေထဲမယ်​ ကုလုံ ​ရေးတာ​တွေဆို သိပ်​သ​ဘောကျတာလား xD ( သိုင်းစာအုပ်​​တွေရဲ့ ​နောက်​​ကျော သို့ ​ရှေ့မှာ မူရင်း​ရေးသူပါ​လေ့ရှိတယ်​ ဥပမာ ကုလုံ၏ ​ကော​ကေ့ရှမ်း ဘာညာ​ပေါ့ )

ဘာသာပြန်​​တွေကိုကျ​တော့ ဘာမြူဒါတြိဂံအ​ကြောင်း​ရေးထားတာက​နေစပြီး သတိထားမိတာပဲ

ပထမနှစ်​ကုန်​ခါနီးမှာ ​သော်​ကြီးစီက ရတဲ့



လေ့လွင့်​သူ တို့ လူက​လေးသို့​ပေးစားများတို့ကို စပြီး သ​ဘောကျရာက​နေ စပြီး

အကုန်​​လျှောက်​ဖတ်​​တော့တာ

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by steemhenry from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

I upvote this post 100%.
Follow and upvote me.

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.030
BTC 59181.56
ETH 2521.00
USDT 1.00
SBD 2.47