တင်​စရာမရှိတာတင်

in #esteem7 years ago

ICO ဆိုတာ ဘာလဲ

ICO ဆိုတာ Initial Coin Offering ကို ပြောတာဖြစ်ပြီး အဖွဲ့အစည်းတစ်ခု မှ စီးပွားရေးလုပ်ငန်းစဉ်များ၊ စီးပွားရေးလုပ်ငန်းတိုးတက်မှု၊ အသင်းအဖွဲ့ ဆိုင်ရာ စီမံအုပ်ချုပ်မှု၊ ဆော့ဖ်ဝဲဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် အခြားသော ပဏာမခြေလှမ်းအစပျိုးမှုများအတွက် လူအများထံမှ ငွေအရင်းအနှီးများရရှိ ရန် ရည်ရွယ်၍ ဒစ်ဂျစ်တယ်တိုကင်ရောင်းချမှု၊ ဒစ်ဂျစ်တယ်တိုကင်ထုတ် လုပ်မှုများကို ဆိုလိုပါတယ်။ ၄င်း တိုကင်ဟာ Crypto နည်းပညာအရလုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ်နည်းပညာကိုယ်စားပြု ရပိုင်ခွင့်ပဲဖြစ်တယ်။ တိုကင်အပေါ်မူတည်ပြီး software application များအား ၀င်ရောက်ဖြတ်သန်းပြီး အသုံးပြုပိုင်ခွင့်၊ ကုန်ပစ္စည်း(သို့) ငွေကြေး တစ်မျိုးမျိုးအတွက် တိုကင်ပြန်လည်ရပိုင်ခွင့်၊ အနာဂတ်ဝင်ငွေအကျိုးအမြတ် များ၏ ရှယ်ယာရပိုင်ခွင့်၊ အဖွဲ့အစည်းမှချမှတ်သည့် ဆုံးဖြတ်ချက်များအပေါ် ၀င်ရောက်ပါဝင်မဲပေးပိုင်ခွင့်နှင့် အခြားသောရပိုင်ခွင့်များ ရရှိတယ်။

တိုကင်တွေမှတဆင့် ၀င်ငွေအကျိုးအမြတ်ရှယ်ယာများနှင့် အဖွဲ့အစည်း ပိုင်ဆိုင်မှု၏ ရှယ်ယာရာခိုင်နှုန်းများရရှိခြင်းက စတော့ရှယ်ယာများရရှိခြင်း နဲ့တူတယ်။ စတော့သဘောတရားနဲ့တူတဲ့ တိုကင်များကို ကမ်းလှမ်း၍ ICO ဘဏ္ဍာငွေရှာဖွေခြင်းက Equity Crowdfunding၊ Private Placement Offerings၊ IPO(Initial Public Offering) တို့လိုမျိုးဖြစ်တယ်။

ယခုလတ်တလောမှာတော့ ICO တိုကင်အများစုဟာ မဲပေးပိုင်ခွင့်၊ အဖွဲ့အစည်းပိုင်ဆိုင်မှု၏ ရှယ်ယာရာခိုင်နှုန်းများရရှိပိုင်ခွင့်နှင့် အနာဂတ် ၀င်ငွေအကျိုးအမြတ်များရပိုင်ခွင့်တို့ပေးမထားသော်လည်း ၄င်းအဖွဲ့စည်း၏ ၀န်ဆောင်မှု(သို့)ထုတ်ကုန်များကို ၀င်ရောက်ဖြတ်သန်းသုံးစွဲပိုင်ခွင့်ပေးထား တယ်။
image

ICO ကို အဖွဲ့အစည်းများက ဆောင်ရွက်နေခြင်းက ရရှိထားသောဘဏ္ဍာငွေ များကိုသုံးစွဲခြင်းဖြင့် သိသိသာသာဖွံ့ဖြိုးကြီးထွားလာရန် မျှော်လင့်နေတဲ့ အစပျိုးလည်ပတ်လျက်ရှိသော လုပ်ငန်းများကို အခြေခံတဲ့ Blockchain အသေးစားများဖြစ်လာစေတယ်။ ကျိုးကြောင်းခိုင်လုံပြီး အခြေအမြစ်ရှိတဲ့ နည်းပညာတွေ၊ စီးပွားရေးတွေပိုင်ဆိုင်ထားတဲ့ အဖွဲ့အစည်းတွေဟာ အဓိကအားဖြင့် Online ကွန်ရက်၏ ငွေကြေးအဖြစ်တရားဝင်အသိမှတ်ပြု ပေးရေးနှင့် သုံးစွဲမှုနှုန်းတွေကို ပိုမိုမက်လုံးပေးဆွဲဆောင်နိုင်ရန် တိုကင်တွေ ကို ဖြန့်ချိပါတယ်။
image

တကယ့်အစစ်အမှန်တိုကင်တွေမရောင်းချခင် အဖွဲ့အစည်းတွေဟာ ၄င်းတို့ ရဲ့ စီမံကိန်းတွေ၊ ဦးတည်ဆောင်ရွက်ချက်တွေအပြင် တိုကင်တွေ၏ နည်းပညာဆိုင်ရာဝိသေသလက္ခဏာတွေကိုဖော်ပြထားတဲ့ White Paper တွေကို ထုတ်တယ်။ ထို့အပြင် White Paper မှာ အသင်းအဖွဲ့ဆိုင်ရာ သတင်းအချက်အလက်များ၊ အခြေခံကျသောနည်းပညာ၊ အဆိုပြုကမ်း လှမ်းထားသော တိုကင်များ၏ စီးပွားရေးအရအခြေအနေများနှင့် အရောင်း ပိုင်းဆိုင်ရာ ရှေ့ဆက်မည့်အရာများလည်း ပါဝင်တယ်။ အဖွဲ့အစည်းတွေ တော်တော်များများအနေဖြင့် Github(Internet Hosting Service Website) မှာ ပြန်လည်ဆန်းစစ်လေ့လာနိုင်ရန် Open Source Code Base များ ရှိနိုင်ပါတယ်။
image

ICO လုပ်ငန်းစဉ်တွင် တိုကင်ဝယ်ယူသူတွေက Paper Money ဖြစ်တဲ့ ဒေါ်လာတွေ(ဒါမှ မဟုတ်) ခရစ်ပ်တိုငွေကြေးဖြစ်တဲ့ Bitcoin၊ Ethereum တို့ကို ထည့်ဝင်တယ်။ ၄င်းအတွက် ၀ယ်ယူသူတွေအနေနဲ့ အဖွဲ့အစည်းက တိုကင်တွေ ပြန်ရတယ်။ ခရစ်ပ်တိုငွေကြေးများအား ၀ယ်ယူရန်၊ လွှဲပြောင်း ရန်နှင့် သိမ်းဆည်းစုဆောင်းရန် တတ်နိုင်တဲ့ပမာဏရှိသူတိုင်း တိုကင်ဝယ်ယူသူဖြစ်နိုင်ပါတယ်။ ၀ယ်ယူသူတွေအနေဖြင့် တချို့က ၄င်းတိုကင်များကို သုံးစွဲရန်နှင့် တချို့ကတော့ ကုန်သွယ်မှုမှတဆင့် အမြတ်အစွန်းများရရှိရန် ဈေးကစားလိုသူတွေဖြစ်နိုင်တ
ယ်။

Crd by @soeaung

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63820.95
ETH 2497.43
USDT 1.00
SBD 2.69