" ချစ်တာ အပြစ်လား ကိုကို " အပိုင်း ( ၇ )
" ချစ်တာ အပြစ်လား ကိုကို " အပိုင်း ( ၇ )
မနေ့က ကိုကို့ကို ချစ်တဲ့အကြောင်း ပွင့်အန်ထွက်သွားတော့ ရင်ထဲ ပေါ့ပါးပြီး နေလို့ကောင်းသွားလေသည်။ မဖြစ်ချေဘူး ရှေ့ရှောက်လည်း သူမရင်ထဲက ခံစားချက်တွေကို ဖွင်ထုတ်ပြောပြမှ ဖြစ်မယ် နို့မဟုတ် ကြာရင် သူမ နှလုံးရောဂါတောင် စွဲကပ်လာမှာတောင် ကြောက်ရသေးတယ်။
ဒါပေမယ့်လည်း မနေ့က ကိုကိုရှေ့ ပြောချင်တာတွေ ပြောခဲ့ငိုခဲ့ပြီး ခုကြတော့ သူ့ရှေ့လူလုံးထွက်ပြဖို့ကျတော့လည်း ရှက်နေရပြန်ပါသည်။
ကိုကိုရယ် တကယ်ပါ ကျမမျက်ရည်တွေကျပြီး ငိုကြွေးခဲ့ရပေမယ့် တနေ့မှာ ကိုကို မီးကို ပြစ်သွားပြီး အစ်မဖြူကို လက်တွဲသွားမှာပါလားဆိုတဲ့ စိတ်ကို ခုကတည်းက ခံစားနိုင်အောင် ကြိုပြီး အားမွေးပြီးသားပါ။
တခါတခါ စိတ်ကို မထိန်နိုင်လို့ မျက်ရည်ကျခဲ့ရင်တော့ နာလည်မှုပေးပါ ကိုကို ။
မဖြစ်သေးပါဘူး သူမထတော့မှ ဖြစ်မှာ အချိန်က ရှစ်နာရီပင် ခွဲတော့မှာ မဟုတ်လား ။
သူမ အိပ်ယာမှ ထပြီး အိမ့်အောက်ဆင်းလာတော့ ကိုကို့ကို မတွေ့ရတော့ သူ တကယ်အလုပ်သွားပြီပဲ။
မီးဖိုဆောင်ထဲ ဝင်လာပြန်တော့လည်း ထမင်းစား စားပွဲမှာ ထမင်းကြော်နဲ့ ကြက်ဥ ဟက်ဖရိုက်ကြော်တစ်ရှပ် အုပ်ဆောင်းအောက်မှာ ထားထားပြန်လေသည်။
သြော် ကိုကို သူမစားဖို့အတွက် ကြော်ထားခဲ့ဇတာပါလား ကျေးဇူးပဲ ကိုကိုရယ် ကိုကို ကျွေးတဲ့ အစားစာ မီး ခုစားရပြီပေါ့နော် ။
မီးမီး မျက်နှာကို ခပ်မြန်မြန်သွားသစ်လိုက်ပြီး ထမင်းကြော်ကို မိန်ရေယှက်ရေ စားပြစ်လိုက်လေသည်။ တကယ်ပဲ စားကောင်းတာပဲ ကိုကို့ထမင်းကြော်က ။
" တီ တီ တီ -------"
သူမ ထမင်းကြော် စားပြီးကာစရှိသေး သူငယ်ချင်းဖြစ်သူ ခတ္တာ တစ်ယောက် နံနက်စောစော သူမထံ ပေါက်ချလာလေသည်။
" စောလှချည်လား ခတ္တာရယ် နံနက်စာတောင် စားခဲ့ရသေးရယ်လား "
" ဟင့် အင် ဘယ်စားခဲ့ရဦးမှာလဲ့ နင့်ဆီ ရောက်မှ ချက်ပြုတ်ပြီး အတူစားကြမယ်ဆိုပြီး ထွက်လာတာ ပြောစရာ စကားလည်း ရှိနေလို့ ဆိုပါတော့ "
" ဘာတွေများ ပြောချင်တာလဲဟာ ငါ ရင်တေဖွတောင် ထိတ်လာပြီ "
သူမနဲ့ ခတ္တာ ဧည့်ခန်းဆိုဖာထိုင်ခုံပေါ် ယှဉ်တွဲ ထိုင်လိုက်ကြလေသည်။
" ဒီမယ်လေ နင်စုံစမ်းခိုင်းထားတဲ့ မဖြူဖြူစိုး ဖုန်းနံပါတ်လေ ငါ ရအောင်တော့ ရှာလာခဲ့ပြီ ဒါပေမယ့် နင် အဲ့လောက်ထိတော့ အောက်ကျနောကျ ခံပြီး နင့်ကိုကိုကို ထိုးထိုးငင်ငင် ထိုးပေးမနေပါနဲ့လား ဒါ နင့်တွက်လည်း မကောင်ဘူး ဟို မဖြူဆိုတဲ့ မိန်းမအတွက်လည်း မကောင်းဘူး ငါကြားရသလောက်က အဲ့ မဖြူက ရုပ်လည်း အရမ်းချောတယ် မာနလည်း အရမ်းကြီးတယ် နောက်ပြီး ကုမ္ပဏီ လုပ်ငန်းတွေကိုလည်း သူဘာသာပဲ ဦးဆောင် လုပ်ကိုင်နေတာတဲ့နော် ပြောရမယ်ဆို နင်နဲ့ယှဉ်ရင် အပြတ်အသတ် ကွားသွားသလိုပဲ မီးမီး "
" အဲ့ဒါကြောင့် ကိုကို အဲ့ဒီ အစ်မကို စွဲလမနေတာ နေမှာပေါ့ ခတ္တာရယ်"
" အေးလေ နင် တကယ်ပဲ နင့်ယောက်ျားကို ကြည်ကြည်ဖြူဖြူ စွန့်လွှတ်မယ် ဆိုရင်တော့ နင် နင့်ကိုကိုနဲ့ လူချင်းတော့ ကင်းအောင်နေထားပါ နောက်ကျမှ ကလေးတစ်ယောက်ပါ အဖတ်တင်လာရင် ထားခဲ့ရ ခက် ယူရခက် ဖြစ်လိမ့်မယ် ဒါနဲ့ နင်တကယ်ပဲ ကိုဗညားအောင် နဲ့ အတူမနေကြတာလား မီးမီး "
" မနေပါဘူးဆို ခတ္တာကလည်း "
သငယ်ချင်း ဖြစ်သူ စကားက သူမမျက်နှာလေးက ရှက်သွေးဖြန်သွားစေပါသည်။
" နင် ကသာ အတူမနေဘူး ပြောနေတယ် နင့် ပုံစံကြည့်ရတာ မရိုးသားဘူးနော် မိန်းမ ငါလည်း အိမ်ထောင်သည်ပဲ ဒါလောက်တော့ အကဲခတ်တတ်တာပေါ့ မီးမီးရဲ့ "
" ဟာ တော်ပြီဟာ အဲ့ဒီအကြောင်းတွေ မပြောပါနဲ့တော့ ငါတို့ စားချင်တာ ချက်ပြုတ်စားကြရအောင်နော် ခတ္တာ "
စကညးလမ်းကြောင်း လွှဲလိုက်သော သူမကို ခတ္တာက မျက်စောင်း လှမ်းထိုးလိုက်လေသည်။ သြော် မီမီး ဆိုတဲ့ သူမ သူငယ်ချင်း အရမ်းချစ်စရာ ကောင်းနေတာတောင် ကိုဗညားအောင် ဆိုတဲ့လူ ဘာလို့ အသည်းမာနေရတာပါလိမ့်နော် ဒါ အတော်အ့သြစရာ ကောင်းတဲ့ ကိစ္စတစ်ခုပဲ မဟုတ်လား ။********
ညနေစောင်း ကာနီးလောက်မှ ခတ္တာက အိမ်မှလလပြန်သွားလေသည်။
သူမ ပြန်ပြီ ဆိုတော့မှ သူမလည်း ဖြူဆိုသော အစ်မဆီ ဖုန်းလှမ်းဆက်မိလေသည်။
" ဟလို အစ်မဖြူဖြူစိုး ပါလားရှင့် ကျမ အစ်မနဲ့ စကားပြောချင်လို့ပ်ရှင့် "
" ဟုတ်ကဲ့ ကျမ ဖြူဖြူစိုးပါ ဒါနဲ့ ရှင် ဘယ်သူပါလိမ့် ဘာကိစ္စရှိလို့ ဖုန်းဆက်ရတာပါလိမ့်ရှင့် "
" ဟျု ကျမ ကျမ ကိုဗညားအောင်ရဲ့ မိန်မးပါရှင် "
" သြော် မင်းလား ပြောလေ ဘာကိစ္စလဲ "
အသံက ကြည်လင်ပြတ်သားပြီး ထက်မြတ်လွန်းတဲ့ လှတသြဇာ ညောင်းလှတဲ့ အသံပါပေ ။
" ဟို ဒီလိုပါ အစ်မ ကျမနဲ့ ကိုကိုက ယူထားကြပေမယ့် တကယ်တော့ အတူတူ မနေကြပါဘူး "
" နေပါဦး မိန်ကလေး မင်းတို့ဘာသာ အတူတူ မနေကြတာ ငါနဲ့ ဘာဆိုင်လို့တုန်း "
" အစ်မ ကျမစကားမဆုံးသေးပါဘူး စိတ်မဆိုးပါနဲ့ ကိုကိုက ကျမနဲ့ အတူတူ မနေတာ အစ်မကို ချစ်နေသေးလို့ပါ ဒါ့ကြောင့် ဖြစ်နိုင်ရင် ကိုကို့ကို မထားခဲ့ပါနဲ့လား အစ်မရယ် ကျမတောင်းပန်ပါတယ်နော် အစ်မ "
" ဟေ့ ဒီမယ် မိန်းကလေး ကိုယ့်က မင်ူအမြင်မှာ အဲ့လောက်ထိ ယောက်ျားရှာနေတဲ့ပုံ ပေါက်နေတာလား ဒီမယ် မီးမီးငယ် ကိုယ်ကမ်းကုန်အောင် မင်းကို ပြောလိုက်မယ် ငါလို မိန်းမက ထွေးပြီးသား တံထွေး ပြန့်မြိုမချတတ်ဘူး နောက်ပြီး မင်းတို့ဘာသာ မင်းတို့ အတူနေကြ မနေကြ ငါ စိတ်မဝင်စားဘူး ဒါနဲ့နေပါဦး မင်းကရော ကိုယ့်ယောက်ျားတစ်ယောက်လုံးကို သူများလက်ထဲ ထိုးပေးနေရအောင် မငး ရူးများနေသလားဟင် မိန်ူကလေး "
တဘက်မှ ပြတ်သားတင်းမာလှတဲ့ စကားတွေက သူမကို ဆွံ့အသွားစေပြန်ပါသည်။
" မင်းဘက်က ပြောစရာ မရှိတေည့ရင် ငါ ဘဖုန်းချလိုက်ပြီး နောက်ကို လည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကိုယ့်ဆီ ဖုန်းမဆက်ပါနဲ့ ထားခံခဲ့ရလို့ အသည်းကွဲ ခံစားနေရတဲ့ ထဲ တို့မပါဘူ ဒါပဲ မီမီးငယ် "
တဖက်မှ ဖုန်းချသွားပေမယ့်လည်း သူမငေးကြောင်ပြီး ဖုန်းကို ကိုင်ထားလျက်တွေနေလေသည် သြော် ကိုကိုကသာ စွဲလမ်းနေတာ ဟို အစ်မကဖြင့် အရေးတောင် မလုပ်ပါလာနော်။
သူမ စိတ်ထဲ ပျော်ရမှာလား ဝမ်းနည်းရမှာလား မသိတဲ့ ခံစားချက်က ရောထွေးနေလေတော့သည်။****************
" နေပါဦး ဒီလာစမ်းပါဦး မီးမီးငယ် မင်း ဘာကိစ္စကြောင့် ဖြူ့ဆီ ဖုန်းဆက်ရတာလဲဟင် ဖြူ့ကို မင်း ဘယ်လို မိန်းကလေး မှတ်နေတာတုန်းဟင် "
ကိုကိုက အလုပ်မှ ပြန်ရောက်ရောက်ချင်း သူမအား ဆီးအော်လေတော့သည်။
" ဟို အစ်မဖြူက ကိုကို့ကို ပြောတာလားဟင်"
" အေး ဟုတ်တယ် သူ စိတ်ဆိုးပြီး ငါ့ဆီ ဖုန်းဆက်ပြောတာ မီးမီး ဒီမယ် မီးမီး ဖြူနဲ့ ငါ့ကြားကို မင်း ဝင် ဝင်ပြီ မစွက်ပါနဲ့လား ဖြူက မင်ူအသနား ခံရမယ့် မိန်းကလေး မဟုတ်ဘူး နောက်ပြီး ဖြူက ဘယ်တော့မှ ဘယ်တော့မှ ယောက်ျားလေး တသ်ယောက်ကို ချစ်ပါတယ်လို့ စပြောမယ့် မိန်ူကလေး တစ်ယောက်မဟုတ်ဘူး မီးမီး ဒါ့ကြောင့် မင်း နေရာတိုင်း ငါ့ကိုရော ဖြူ့ကိုပါ လိုက်ပြီး သနားချင်ယောင်ပါနဲ့ တကယ်တမ်းကျ မင်ူကမှ တကယ်သနားဖို့ ကောင်းတာပါ "
ကိုကို့ စကားတွေက သူမရင်ကို ဓါးပါးပါးနဲ့ လှီးနေသလို နာကျင်လွန်းလှပါသည်။
သြော် ကိုကို ရယ် ဟုတ်ပါတယ် ကိုကိုပြောသလို မီးကမှ တကယ်သနားဖို့ ကောင်းတာပါ နောက်ပြီး မီက အရှက်လည်း မရှိဘူး ကိုကို့ကို မိန်းကလေး တန်မယ့် ချစ်နေတယ် ဆိုတဲ့စကား မစောင့်စည်းပါပဲ ပြောထွက်ခဲ့တယ်နော် တောင်းပန်ပါတယ်ကိုကိုရယ် မီးကို စိတ်မဆိုးပါတော့နဲ့ နောက်ဆို ကိုကို့ကို ချသ်နေတဲ့ အကြောင်း မီး မပြောတော့ပါဘူး ကိုကိုရယ် အမြန်စိတ်ဆိုး ပြေပါတော့နော် ကိုကို အမြန်စိတ်ပြေပေးပါတော့ ကိုကိုရယ်။**********