သူငယ်​ချင်း

in #esteem6 years ago

silhouette-du-couple,-coucher-de-soleil-sur-les-montagnes,-baiser-217316.jpg

ကောင်းကင်မှာ တိမ်တိုက်တွေမရှိပါပဲ
ငါ့ဖုန်းဟာ အညိုရောင်အသံမြည်တယ်။
အဖြူရောင်နဲ့သွန်းလောင်းရင်
သူငယ်ချင်းကောင်းဖြစ်တယ်ဆိုတာ…
နင်… ယုံတယ်မလား။

အိမ်ဝေးသူဘာသာစကားကို
ငါတို့အတော်ကျွမ်းကျင်စွာ ပြောဆိုနိုင်တာဘဲ။
စားနေကျမဟုတ်တဲ့အဟာရကို
ကြိတ်မှိတ်မျိုချရတာခြင်းအတူတူ
နင် က ပိုပြီးချုချာတယ်ဟာ။
ဂရုစိုက်ပါ …
ဂရုစိုက်ပါ…။

အပြန်အလှန်ဂရုတစိုက်ပြောရုံကလွဲလို့
ငါတို့ ဘာများအပိုတတ်နိုင်လို့လဲ။
ကဲ… ထားပါတော့လေ……
အနာဂတ်ကို
ငါတို့တစ်ရက်ခြင်းပျိုးထောင်သူခြင်းအတူတူ
ငါ့ကိုလည်းအားပေးပါ။
နင့်ကိုလည်းအားပေးနေမယ်။

အဖြူရောင်နဲ့သွန်းလောင်းရင်…
သူငယ်ချင်းကောင်းဖြစ်တယ်။
photo-crd

#MSU-025

Sort:  

You receive vote 100 % Vote From @sattpaing. Because You Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

ကဗျာ​တွေဟာ လှတယ်​..

က​ဗျာ​ကောင်း​လေးတစ်​ခုပါ

Eng လိုရော မြန်မာလိုရော ရေးနိုင်ရင် ပိုအဆင်ပြေမယ်bro...ပြီးတော့ Tagမှာကဗျာဖြစ်တဲ့အတွက် Poemလိုရေးပေးရင် ပိုကောင်းပါတယ်

ဟုတ်​ ..​ကျေးဇူး
tag က ​မေ့သွားတာဗျ ကမန်းကတန်းတင်​လိုက်​တာဆို​တော့
eng နဲ့တင်​နိုင်​​အောင်​ ကြိုးစားပါ့မယ်​..​လွယ်​​တော့မလွယ်​ဘူးဗျ

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 58754.61
ETH 2507.93
USDT 1.00
SBD 2.47