သည်းခံခြင်း

in #esteem6 years ago (edited)

handshake-clipart-KijxjEyiq-575x380.jpeg
တစ်စုံတစ်ယောက်က မိမိကို ထိခိုက်နာကျင်စေသော ဒေါသ စကားမျိုး၊ မကောင်းမှု အပြု အမူမျိုး ပြုလုပ်ခံ
ရတဲ့အခါ မိမိအလွယ်တကူ ခွင့်လွှတ်သည်းခံနိုင်ဖို့ ဆိုတာ အမှန်စဉ်စစ် မလွယ်ကူချေ။တခါ​လေ မိမိ၏ အားနာတက်​သည့်​ စိတ်​ကို အခွင့်​အ​ရေးယူကာ မိမိအ​ပေါ်လွမ်းမိုးရန်​ ကြိုးစားသူများလည်းရှိသည်​..ထိုအခါ ​ပြောရခက်​ မ​ပြောခက်​နှင့်​ တဖက်​လူ မုန်းသွားမှာ စိုး၍ မြိုသိပ်​ထား ရသည်​များရှိပါသည်​..သို့​ပေမယ်​ မိမိစိတ်​ထဲတွင်​​တော့ သိပ်​မ​ကျေနပ်​ပါ..ဒါ​ပေမယ့်
အတတ်နိုင်ဆုံး ခွင့်လွှတ်သည်းခံ၍ ဆက်​ဆံရသည်​က များပါသည်​။ ခွင့်လွှတ်သည်းခံမှုဆိုတာ မိမိကို ထိခိုက်နာကျင်စေတဲ့ စကားလုံးများနဲ့ အပြုအမူတွေကို မေတ္တာ ဖြင့် မေ့ပျောက်သည်းခံကျေအေးလိုက်​ခြင်း ဆိုပင်​မည့်​ တကယ်​တမ်း ခံရသူအဖို့ မသက်​သာလှ​ချေ။

လူတိုင်းအမှားနှင့် မကင်းပါ။ မမှားသောသူ မရှိသလို အလုံးစုံ
မှန်သောလူ ဟူ၍လည်းမရှိပါ။ထို​​ကြောင့်​ မိမိလုပ်​ငန်းခွင်​တွင်
အငြင်းပွားဖွယ်​ ကိစ္စတခု ကြုံလာသည့်​အခါတိုင်း မှားသည်​ဖြစ်​​စေ မှန်​သည်​ဖြစ်​​ မိမိဘက်​မှ အတက်​နိုင်​ဆုံး အာဃာတ၊ အမုန်းတရားများ မများ​မိ​အောင် ​​သတိထားခဲ့ပါသည်​။
အကယ်၍ ဒေါသဖြစ်စရာ၊ နာကြည်း
စရာများ ရင်ဆိုင်ရသည့် အခါတွင်လည်း အတက်​ဆုံး သည်းခံပြီး ဆက်​ဆံခဲ့ပါသည်​။

လူ့ ဘဝသက်တမ်းသည် တိုလွန်း၍ လူ့ဘဝရခိုက် ခွင့်လွှတ်ခြင်း သည်းခံခြင်းကို အတတ်နိုင်ဆုံး အတိုင်းအတာတစ်ခုထိတော့ထားရှိနိုင်​ရန်ဲကြိုးစား​နေပါသည်​။
တစ်ဦးနဲ့ တစ်ဦး နားလည်မှုလွဲခြင်းဖြစ်​လာပါက လည်း မိမိဘက်​မှ ခွင့်​လွှတ်​နိုင်​ရန်ဲကြိုးစား​နေပါသည်​။

သို့ရာတွင် မည်သည့်နေရာအခြေအနေတွင် ဖြစ်စေ နူးညံ့ခြင်းသည် ကောင်းသော်လည်းပဲ ပျော့ညံ့ခြင်း
သည် မကောင်းပါ။ ထက်မြက်ခြင်းသည် ကောင်းသော်လည်း ရိုင်းစိုင်းခြင်းသည် မကောင်းပါ။ သည်းခံခြင်း
သည် ကောင်းသော်လည်း ထပ်တလဲလဲ အနိုင်ကျင့် စော်ကားခြင်းများကို ခေါင်းငုပ်ခံ ဒူးထောက်အရှုံးပေး
နေခြင်းသည် မကောင်းပါ.တချို့​သော သူများ သည်​ မိမိ အားနည်းချက်​ကို အခွင့်​​ကောင်းယူကာ ထိုးနှက်​တက်​သည်​..အားနာ၍ မ​ပြောသည်​ကို ​ရောင့်​တက်​ တက်​သည်
ထို့ကြောင့် သည်းခံခြင်း၊ သဘောကောင်းခြင်းကို အခွင့်ကောင်းယူကာ ထပ်ကာထပ်ကာ စော်ကားခြင်းကို မပြုလုပ်​သင့်​ပဲ
ရှောင်ကြဉ်သင့်ပါသည်။ အခွင့်ရေးတစ်ရပ်အနေနဲ့ ထပ်တလဲလဲ မစော်ကားသင့်ပါ။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းသည် နေရာတိုင်း ရာခိုင်နှုန်းပြည့် အောင်နိုင်သည်ဟု မဆိုနိုင်သော်လည်း ရာခိုင်နှုန်းပြည့်နီးပါး အောင်နိုင်မည်ဖြစ်ကြောင်း ယုံကြည်မိပါသည်။
(မိမိခံစားချက်​အား blog တခု မှ ​ဆောင်းပါး အ​ပေါ်
အ​​ခြေခံပြန်​လည် ​ရေးသားထားပါသည်​)
images.jpeg

Sort:  

Hi, I'm an Upvote bot. I will upvote your post if you reply to this comment with "Upvote". 👍 a-0-0

good post bro

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.029
BTC 65070.55
ETH 3147.10
USDT 1.00
SBD 2.55