ဗေဒင်ဝါသနာအို့း

in #esteem6 years ago

တနင်္ဂနွေသားသမီးများ
ဒီရက်အတွင်း စီးပွားရေးလုပ်ငန်းတွေ ထွန်းပေါက်အောင်မြင်ပါလိမ့်မယ်။ အနုပညာလုပ်ငန်း လုပ်ကိုင်သူတွေ အထူးတိုးတက်ပါလိမ့်မယ်။ အိမ်တွင်းရေး၊ မိသားစုပြဿနာတွေ ဖြေရှင်းရပါလိမ့်မယ်။ အချစ်ရေးကံညံ့နေတဲ့ အချိန်ပါပဲ။ ကျန်းမာရေးအညံ့အဆိုးကြီးတော့ မဟုတ်ပေမယ့် ဂရုစိုက်ပါ။ အရိုးအကြောနဲ့ ပတ်သက်ပြီး ဖြစ်ရတတ်ပါတယ်။ ပညာရေးကံကောင်းပါတယ်။ အကျိုးပေးဂဏန်းကတော့ ၁၊ ၄ နဲ့ ၈ ဖြစ်ပါတယ်။

တနင်္လာသားသမီးများ
ဒီရက်တွေအတွင်း အများအားဖြင့် လူငယ်တွေဆို စိတ်လေနေတတ်ပါတယ်။ ဘာလုပ်လို့ ဘာကိုင်ရမလဲမသိဘူးဆိုတာမျိုးလည်း ကြုံနေရတတ်ပါတယ်။ လက်ထဲ ငွေများများထားရင် ငွေကုန်စရာတွေ တစ်ခုပြီးတစ်ခု ပေါ်လာရတတ်ပါတယ်။ ကျန်းမာရေးကတော့ အဆိုးကြီး မဟုတ်ပေမယ့် သွေးထွက်သံယိုကိစ္စတွေ၊ ထိခိုက်ရှနာဆိုတာတွေလည်း ဖြစ်ရတတ်ပါတယ်။ အချစ်ရေးကံကတော့ ချစ်သူနဲ့ အဆက်အသွယ်ပြတ်နေတာမျိုးလည်း ဖြစ်ရတတ်ပါတယ်။ ပညာရေးအပေါ် စိတ်ပျက်နေတတ်ပါတယ်။ အကျိုးပေးဂဏန်းကတော့ ၆၊ ၉ နဲ့ ၂ ဖြစ်ပါတယ်။

အင်္ဂါသားသမီးများ

ဒီရက်တွေအတွင်း စိတ်ပင်ပန်းကျဉ်းကြပ်မှုတွေ များရတတ်ပါတယ်။ အလုပ်တွေများပြီး အိပ်ရေးပျက်တာမျိုးတွေလည်း ကြုံရနိုင်ပါတယ်။ အလုပ်တာဝန်တွေ ပိနေတတ်ပါတယ်။ ကျန်းမာရေး ဂရုစိုက်ပါ။ အချစ်ရေး ကံအထူးကောင်းပါတယ်။ အချစ်သစ်တွေ့နိုင်မယ့်ကာလပါပဲ။ ပညာရေးကံကတော့ စိတ်ရှုပ်ထွေးနေတာတွေကို ရှင်းပစ်လိုက်ဖို့ လိုပါတယ်။ အကျိုးပေးဂဏန်းကတော့ ၃၊ ၆ နဲ့ ၁ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးသားသမီးများ

အခုရက်တွေက ကံကောင်းခြင်းတွေ ယူဆောင်လာမယ့် ကာလအပိုင်းအခြားပါပဲ။ လုပ်ငန်းခွင်အတွင်း လုပ်ဆောင်ကိုင်ဖက်တွေနဲ့ တက်ညီလက်ညီလုပ်ဆောင်နိုင်မှာပါ။ အလုပ်သစ်ရှာနေသူတွေ အလုပ်ရပါလိမ့်မယ်။ ချစ်သူနဲ့ နားလည်မှုတွေ တည်ဆောက်နိုင်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ အကောင်းဘက်မှာ ရှိနေပါတယ်။ ပညာရေးကံက မိမိဘက်မှာ ရှိနေပါတယ်။ အကျိုးပေးဂဏန်းကတော့ ၄၊ ၉ နဲ့ ၁ ဖြစ်ပါတယ်။
image
ကြာသပတေးသားသမီးများ
ဒီရက်အတွင်း ဇာတာရှင်အတွက် အကောင်းဘက်ကို အလေးသာတဲ့ကာလပါပဲ။ စိတ်ကူးထဲမှာရော လက်တွေ့မှာရော မျှော်လင့်ထားတာလေးတွေ ဖြစ်လာပါလိမ့်မယ်။ ကံကောင်းနေတာတစ်ခုက ချစ်သူက စိတ်ကောက်နေတာ၊ အထင်လွဲနေတာမျိုးရှိရင် ဖြေရှင်းနိုင်ပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အစားအသောက်ဆင်ခြင်ပါ။ ပညာထူး အသိထူးတွေ ရမယ့်အချိန်ပါပဲ။ အကျိုးပေးဂဏန်းကတော့ ၅၊ ၄ နဲ့ ၁ ဖြစ်ပါတယ်။

သောကြာသားသမီးများ
ဒီရက်တွေအတွင်း ကံအားနည်းနေတတ်တဲ့အချိန်ပါပဲ။ လုပ်သမျှ အထစ်အငေါ့လေးတွေ ဖြစ်ပြီးမှ အဆင်ပြေတတ်ပါတယ်။ ခရီးရှည်သွားဖို့ ရှိရင် ရက်ရွှေ့လိုက်ပါ။ အထူးသဖြင့်ရေလမ်းခရီးဆို မသွားတာအကောင်းဆုံးပါပဲ။ ကျန်းမာရေးအထူးကောင်းပေမယ့် မတော်တဆထိခိုက်မိခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်းမျိုး ကြုံရတတ်ပါတယ်။ ပညာရေးမှာတော့ ရှန်းပြီး အမှားများတတ်ပါတယ်။ အကျိုးပေးဂဏန်းကတော့ ၅၊ ဝ နဲ့ ၉ ဖြစ်ပါတယ်။

စနေသားသမီးများ
ဒီရက်တွေအတွင်း တွေဝေ ဒွိဟဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက်စရာတွေ ကြုံရတတ်ပါတယ်။ ခရီးတွေလည်း သွားရတတ်ပါတယ်။ ဝေးကွာနေတဲ့ မိတ်ဆွေတွေနဲ့ ပြန်လည်ဆုံးဆည်းရတတ်ပါတယ်။ အချစ်ရေးကံအထူးကောင်းမွန်နေမယ့်အချိန်ပါပဲ။ ကျန်းမာရေးကလည်း နှာစေးချောင်းဆိုးကလွဲပြီး ထူးထူးခြားခြားမဖြစ်ပါဘူး။ ပညာရေးကံကတော့ အကောင်းဆုံးအချိန်ပါပဲ။ အကျိုးပေးဂဏန်းကတော့ ၇၊ ဝ နဲ့ ၄ ဖြစ်ပါတယ်။
@shwemonhla

Sort:  

ဒီတော့ လည်းမိုးလင်းတည်းက manager အခန်းထဲကိုယ်တိုင်ရောက်သွားခဲ့ရတာပါပဲ။

Please follow me and up vote my posts, I will up vote yours, Have a wonderful and happy day! :-)

အရမ်းချစ်တယ်သဲ

Please follow me and up vote my posts, I will up vote yours, Have a wonderful and happy day! :-)

Please follow me and up vote my posts, I will up vote yours, Have a wonderful and happy day! :-)

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58269.26
ETH 3067.65
USDT 1.00
SBD 2.25