ဘာလားညာလား

in #esteem8 years ago

image
တချိန်တုန်းက ရုပ်ရှင်မင်းသားဒွေးနဲ့ ကြော်ငြာတဲ့ ဘဏ်ကြော်ငြာတစ်ခုကို သတိရမိတယ်။ ပိုက်ဆံမရှိလို့ အိုက်ဒီယာတွေ ဘေးမှာ ပုံထားရတယ်ဆိုတာလေးပေါ့။ ဘဏ်ကချေးလိုက်တော့ ဒွေးတစ်ယောက် အဆင်ပြေချမ်းသာသွားတယ်။

ဆင်းရဲမွဲတေမှုလျှော့ချဖို့အတွက် အသေးစားငွေရေးကြေးရေးဥပဒေကို အချိန်တိုအတွင်း ပြဌာန်းခိုင်းခဲ့တဲ့ နိုင်ငံတော်သမ္မတတစ်ဦးရဲ့ ညွှန်ကြားချက်ကိုလည်း အများနဲ့အတူ တောင်မှန်းမြောက်မှန်းမသိဘဲ ပါဝင်ဆောင်ရွက်ခဲ့ရဖူးတယ်။

စီမံခန့်ခွဲမှုကို သင်ပေးတယ်ဆိုတဲ့ ကမ္ဘာကျော် အမ်ဘီအေကျောင်းတွေက လုပ်ငန်းတွေကို ဘယ်လိုစီမံရမယ်။ ဝန်ထမ်းတွေကို ဘယ်လိုအုပ်ချုပ်ရမယ်။ ဆုံးဖြတ်ချက်တွေကို ဘယ်လို ချမှတ်ရမယ်။ အခက်အခဲတွေကို ဘယ်လို ကျော်လွှားရမယ်ဆိုတာတွေကို သင်ပေးကြတယ်။ ချေးငွေဆိုတာ ဘာလဲဆိုတာကိုတော့ သေသေချာချာ ရှင်းမပြခဲ့ကြပါဘူး။

ဘဏ်မှာတာဝန်ထမ်းဆောင်တုန်းက သူများကို ပိုက်ဆံချေးနည်းကို လေ့လာရတယ်။ အလွယ်ဆုံးနည်းတစ်နည်းကို သိခဲ့ရတယ်။ အဲဒါက ချေးလိုက်တဲ့ ပိုက်ဆံ ဆုံးလိမ့်မယ်လို့ တွေးတဲ့နည်းပါပဲ။ ကိုယ့်ပိုက်ဆံ ဆုံးတော့မယ်ဆိုတော့ မဆုံးအောင် လုပ်သင့်တာတွေ အကုန်လုပ်တော့တာပေါ့။ အရံတွေ အတားတွေ အခုတွေ အခံတွေ အကုန်လုံး စဉ်းစားတော့တာပါပဲ။

Sort:  

nice style

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.098
BTC 64086.65
ETH 1872.06
USDT 1.00
SBD 0.38