အန်ကောဝပ် ကျောင်းတော်နဲ့ ပတ်သက်တဲ့ အချက်အလက်တချို့

in #esteem6 years ago

အန်ကောဝပ်ဆိုတဲ့အမည်ကို တော်တော်များများကြားဖူးကြမှာပါ။အန်ကောဝပ်ကျောင်းတော်ဆိုတာ ကမ္ဘာမှာ ကျော်ကြားတဲ့ ကျောင်းတော်တစ်ခုဖြစ်ပြီး ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် အန်ကောဝပ်နဲ့ပတ်သက်တဲ့အချက်အလက်တချို့ကို ဖော်ပြပါမယ်။၁။ အန်ကောဝပ်ကျောင်းတော်ဟာ ခမာဗိသုကာပညာရဲ့ ရှေးဟောင်းစတိုင်ကို ကိုယ်စားပြုတဲ့ အကောင်းဆုံးအဆောက်အဦးဖြစ်ပါတယ်။
image
၂။ အန်ကောဝပ်ကျောင်းတော်ဟာ Meru တောင်ကို ကိုယ်စားပြုတဲ့အနေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး ဟိန္ဒူဘုရင် Brahma နဲ့ နတ်ဘုရား devtas ရဲ့ မူရင်းနေရာဖြစ်တယ်လို့လည်း သိရပါတယ်။၃။ ဘုရားကျောင်းအများစုက အရှေ့ဘက်နဲ့ တစ်တန်းတည်းရှိပေမယ့် အန်ကောဝပ်ဘုရားကျောင်းကတော့ အနောက်ဘက်နဲ့ တစ်တန်းတည်းရှိပါတယ်။
၄။ အန်ကောဝပ်ကျောင်းတော်ဟာ ဒီကနေ့ကာလမှာ ခေါ်ဆိုကြတဲ့ အမည်ဖြစ်ပြီး ရှေးကာလမှာတော့ Pisulok လို့ သိကြပါတယ်။ ခမာဘုရင် Suryavarman II က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

၅။ အန်ကောဝပ်ကျောင်းတော်ဟာ ဟိန္ဒူဘာသာနဲ့ ဗုဒ္ဓဘာသာတို့ကို ကြည့်ရှုလေ့လာနိုင်တဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 70130.51
ETH 3786.12
USDT 1.00
SBD 3.78