စိတ်လေးတော့ထိန်းရပါတယ်

in #esteem6 years ago

image

မကျေနပ်ဆာတွေများလာတဲ့အခါ စိတ်တွေက ထွက်ပေါက်ပေးချင်လာတယ် ငါ့ကိုအပြစ်ဒဏ်ပေးလိုက်ကြတာကိုပျော်နေကြသလား ငါကတော့ ဒီလိုပြစ်ဒဏ်ကို မကြောက်ပါဘူး မင်းတို့ကသာ ငါ့အပြစ်ဒဏ် အပြစ်ဒဏ်ခံရသူ ငါ့ထက်ပင် ပို၍ကြောက်ရွံနေကြသလား ဒီလိုပါဘဲ မဟုတ်တာလုပ်တော့ နောက်ကျောမလုံဘူးပေါ့ တရားသောစစ်အတွက်ငါသည်တိုက်ပွဲဝင်ခဲ့ပြီလေ ထို့ကြောင့် ငါ့အဖို့ သေပျော်ပြီ ဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်ပြီးတာဖြစ်လို့သေမယ်ဆို သေလို့ရပြီ ငါသည် လွတ်မြောက်ခြင်းကိုရှိခဲ့ပြီလေစိတ်ရဲ့လွတ်မြောက်ခြင်းပေါ့ အနိုင် အရှုံးကား ကံတရား၏ လက်ထဲတွင်တည်နေမှာလား ငါ့အတွက်တော့ငါ့ကိုယ်ငါမှာသာ တည်နေမှာပါ ဟုတ်ပါတယ်ငါမည်သို့ပင် မခံနိုင်အောင်ခံရစေဦးတော့လေ မည်သူကပင် အနိုင်ယူစေဦးအနာဂတ်ကာလ ကိုပြောင်းပြန်လှန်ပြစ်ခဲ့ပြီလေ ငါ့အားအသိအမှတ်မပြုဘဲနေမည်လားဘယ်လိုဖြစ်နေကါစေလေဒီအတိုင်းဘဲ် သေရမည်ကိုမကြောက်သောသူ အမှန်တရားကိုစောင့်ထိန်းသူအဖြစ်ရပ်တည်ပါမယ် မည်သူ့သြဇာအာဏာအောက်မျှမကျို့သောသူ အဖြစ်ရပ်တည်ပါမယ်သတ္တိကင်းမဲ့စွာ အသက်ရှုရခြင်းကိုတော့ရွံမုန်းနေမိတယ်လေ သတ္တိပြောင်ပြောင်ဖြင့် ရဲဝံ့စွာဖြင့်သေရခြင်းကို ဂုဏ်ယူတက်သုအဖြစ်အနာဂတ်ကာလမှာလူတွေက် ငါ့အားအသိအမှတ်ပြုစေရမယ်လေ အဲ့ဒီလိုရဲစိတ်တွေမွေးပြီး လောကအလယ်မှာကို့်ကိုကိုအားပေးရင်း ရှေ့ဆက်လာခဲ့ရတာပါဘဲလေ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62934.09
ETH 3118.65
USDT 1.00
SBD 3.85