အလှဆုံးဆိုတဲ့ ဆံနွယ်လေးတွေပိုင်ရဖို့

in #esteem6 years ago

ပျိုမေတို့ရဲ့ ဆံကေသာအလှ ပြီးပြည့်စုံစေဖို့ ဆံသားပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဓာတုကင်းတဲ့ သဘာဝနည်းလမ်းကောင်းလေး ပြောပြပေးလိုက်ပါတယ်။
image
(၁) ဆံပင်ကျန်းမာသန်စွမ်းစေဖို့ သင့်တော်တဲ့အစားအစာ စားသုံးပေးသင့်ပါတယ်။ ပုံမှန်ဆံသားအတွက်ဆိုရင် ငါး၊ ကြက်သား၊ ကုလားပဲအမျိုးမျိုးကို စားသုံးပါ။ ခြောက်သွေ့တဲ့ဆံသားအတွက် ဆိုရင်တော့ အသီးအရွက်မျိုး စုံနဲ့ ငှက်ပျောသီး၊ အခွံမာသီးတွေနဲ့ ဗစ်တာမင်အီးကို စားသုံးပါ။ အဆီပြန်တဲ့ ဆံသားအတွက်ဆို အစိမ်းရောင်ပါ တဲ့ အသီးအရွက်မျိုးစုံ၊ ဆလပ်၊ လတ်ဆတ်တဲ့သီးနှံတွေနဲ့ ဒိန်ချဉ်တွေကို စားသုံးပေးပါ။(၂) ကြက်ဥကို သုံးပြီးဆံပင် ပျော့ဆေးအဖြစ်သုံးလို့ ရပါတယ်။ ကြက်ဥ အနှစ်အရည်ဆိုရင် ဆံသား ခြောက်သွေ့တဲ့သူတွေသုံးနိုင်ပြီး ကြက်ဥအကာအရည်ဆိုရင်တော့ အဆီပြန်တဲ့ဆံသားတွေအတွက် အသုံးပြု နိုင်ပါတယ်။
(၃) ဦးရေဖျားယားယံတာတွေ သက်သာစေဖို့ သံပုရည် (၂)ဇွန်း၊ သံလွင်ဆီနဲ့ ရေအနည်းငယ်ရောပြီး မိနစ် ၂၀ခန့် ဦးရေမှာလိမ်းပြီး နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ခေါင်းလျှော်လိုက်လို့ရပါပြီ။
ဒီမှာဖော်ပြထားတဲ့ နည်းလမ်းတွေအသုံးပြုမယ်ဆိုရင် ပြီးပြည့်စုံတဲ့ ဆံသားအလှကို ပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်။
(၄) နေရောင်ခြည်နဲ့ထိတွေ့တာ၊ ဆံပင်ပုံစံ ပြုပြင်မှုအမျိုးမျိုးကို ခဏခဏလုပ်တာတွေက ဆံသားတွေကို ပျက်စီး စေနိုင်ပါတယ်။ ပျားရည်ဇွန်းတဝက်၊ သံလွင်ဆီ ၂ဇွန်းကို ရောပြီးလိမ်းပေးပါ။ မိနစ် ၂၀ခန့်ထားပြီး ခေါင်းလျှော်လို့ ရနိုင်ပါပြီ။

Sort:  

အခုလို နည်းလမ်း​လေး​တွေမျှ​ဝေ​ပေးတာ​ကျေးဇူးတင်​ပါတယ်​ မိန်းခ​လေး​တွေအတွက်​ ဆံပင်​ကလည်း​ကောင်းလြင်းတပါးပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by seinsein from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 60268.51
ETH 3201.96
USDT 1.00
SBD 2.43