Dismal

in #esteem8 years ago

ခါးသက်ဖွယ် နေ့စွဲများ

နင်နဲ့ဆုံတွေခဲ့ကြတာ
တမင်နာကျင်စေချင်လို့ ရည်ရွယ်ချက်ရှိရှိ လိမ်ညာခဲ့တာမဟုတ်ပါဘူး

မချစ်သင့်တဲ့သူကို မှားယွင်းစွာချစ်ခဲ့မိခြင်းရဲ့နောက်မှာ
ရရှိလာတဲ့ နာကျင်ခြင်း အပိုင်းအစတွေက
့ဘဝရဲ့ရှင်သန်ခြင်းတွေကို အဆိပ်သင့်စေခဲ့တယ်...

အချစ်တဲ့ နူးညံ့သိမ်မွေ့မယ်လို့ထင်ခဲ့မိတာ မှားသွားမှန်သိချိန်မှာ တော်တော်လေးခရီးပေါက်နေခဲ့မှန်း သိခဲ့ရတယ်..

ရှေ့ဆက်ဖို့လည်း မလွယ်သလို မေ့ပစ်လို့ခက်ခဲနေတဲ့
ငါ့အဖြစ်က ဆုပ်လဲဆူး စားလဲရူးမဲ့ အဖြစ်ဆိုးမျိုးနဲ့ ဘဝရဲ့နေ့ရက်တွေကို ခါးသက်စေခဲ့တယ်...

ရည်းစားထားတယ် ..
သ ဘောထား မတိုက် ဆိုင် လို့ ..
လမ်းခွဲလိုက် တယ် ..
ကိုယ် မမှား သေးဘူး . .
သဘာဝကျပါတယ် . .
ဖြစ် တတ် တဲ့ အရာ တွေပါ . .

ကိုယ် တာဝန် မယူနိုင် တဲ့ ..
မိန်းမတစ် ယောက်ကို ..
ကျောရရုံကြံ ဖျက် ဆီးရင် တော့ ..
ကိုယ် ဟာ လူယုတ် မာ တစ် ယောက် ..
ဖြစ် သွားပြီ . .

သူတပါး သားလှ ရတနာ ..
ဘဝပျက် အောင် လှည့် စားမိရင် တော့..
ကိုယ် ဟာ မိန်းမယုတ် စာရင်းဝင်သွားရပြီ . .

သေချာတာက တော့ ..
ယောက်ျား ကောင်း ..
မိန်းမ ကောင်းမှန် ရင် ..
သူတပါး ဘဝကို မဖျက် ဆီးဘူး..
မလှည့် စားတတ် ပါဘူး . .

@sehunni

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.092
BTC 62610.99
ETH 1758.90
USDT 1.00
SBD 0.39