How to write Assigment

in #esteem6 years ago

စာတမ်းရေးနည်း၊ Assigment ရေးနည်း။
စာတမ်းရေးနည်း၊ Assigment ရေးနည်း။
=======================

ဒီစာကိုရေးရခြင်းဧ။်ရည်ရွယ်ချက်။ ။ စာတမ်းရေးနည်းမသိလို့ ၊စာတမ်းဆိုတဲ့ စကားလုံးကြားလိုက်တိုင်း၊ ကြောက်နေတတ်တဲ့ ကျွှန်တော့်လို အဖြစ်မျိုး ထပ်မဖြစ်စေရန် ၊ Reference စာအုပ်ဖတ်ရန် ကြောက်နေတတ်တဲ့ ကျွှန်တော့်လို အဖြစ်မျိုး ထပ်မဖြစ်စေရန် နှင့် စာအုပ်အထူကြီးတွေလိုက်တာနဲ့စာဖတ်ရန် ကြောက်နေတတ်တဲ့ ကျွှန်တော့်လို အဖြစ်မျိုး ထပ်မဖြစ်စေရန် ရည်ရွယ်ပါသည်။

တက္ကသိုလ်တက်ရောက်သူတိုင်း မဖြစ်မနေ လုပ်ရမည့်အလုပ်ကတော့ စာတမ်းရေးသားပြုစုခြင်းဖြစ်ပါတယ်။ အဲဒီစာတမ်းဟာ ကိုယ့်ရဲ့ စပါယ်၇ှယ်လတီ တစ်ခုဖြစ်တယ်။ စာတမ်း တစ်စောင်ဖြစ်လာအောင်ဘယ်လိုရေးမလဲ။ ဘာတွေပါသင့်သလဲ။ ဘီအီး ၊ မာစတာ စာတမ်းတစ်စောင်မှာ အနည်းဆုံးစာမျက်နှာ ၈၀ ပါသင့်တယ်။ ပီအိပ်ခ်ျဒီ စာတမ်းတစ်စောင်ဟာ အနည်းဆုံးစာမျက်နှာ ၁၅၀ ပါသင့်တယ်။ စာတမ်းရေးသားသူရဲ့ Field ပေါ်မှုတည်ပြီး စာမျက်နှာ အရေအတွက်ကွာခြားနိုင်ပါတယ်။ ကျောင်းသားရဲ့ လုပ်နိုင်တဲ့ အရည်အချင်းအပေါ်မှုတည်ပြီး ကွဲပြားနိုင်သလို ၊ ကျောင်းတွေရဲ့ သတ်မှတ်ချက် ၊အဆင့်အတန်းအပေါ်မှုတည်ပြီးကွဲပြားနိုင်တယ်။ အဓိက ကတော့ ကိုယ်ပြုစုလိုက်တဲ့ စာတမ်း တစ်စောင်မှာ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု အနည်းဆုံး ၂၅ ရာခိုင်နှုန်းပါကိုပါရမယ်။ ဒါဟာ စာတမ်းရဲ့ အနှစ်ပဲ့။ ကျန်တာတွေကတော့ စာတမ်းနဲ့သက်ဆိုင်ရာ သက်ဆိုင်ရာ သီအိုရီ တွေကို ကိုးကားရေးသားခြင်းပဲ့ဖြစ်တယ်။ စာတမ်းရဲ့ အခက်အခဲဆုံး အပိုင်းဟာ အဲဒီ ၂၅ ရာခိုင်နှုန်းအပိုင်းပါပဲ့။ ၂၅ ရာခိုင်နှုန်းလုပ်နိုင်ဖို့အတွက် ဘီအီး ဆိုရင် (၄နှစ် သို့မဟုတ် ၅ နှစ်)၊ မာစတာဆိုရင် ၂ နှစ် သို့မဟုတ် ၃ နှစ် ၊ ပီအိပ်ခ်ျဒီဆိုရင် ၃နှစ်မှ ၅ နှစ် အထိ အသီးသီး တက်ရောက်သင်ကြား ကြရပါမည်။ စာတမ်းနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ သင်ရိုးညွန်းတမ်း "Syllabus " တွေ အတိုင်း သင်ကြားကြပြီး နောက်ဆုံးနှစ် အကုန်မှာ ကိုယ်ရေးထားတဲ့ စာတမ်းအတွက် Presentation နှင့် တကွ defence လုပ်ရပါတယ်။ အဲဒီတော့ စာတမ်း ဘယ်လိုရေးမလဲ ။ ရုရှားနိုင်ငံ၊ စိန့်ပီတာစပတ်မြို ၊ရေကြောင်းနည်းပညာတက္ကသိုလ် SMTU ကျောင်းရဲ့ စာတမ်းရေးသားနည်း စာအုပ်မှ ကိုးကား၍ စာတမ်းရေးသားပြုစုနည်းအကြမ်းဖျင်းပုံစံကို့ မျှဝေပါမည်။
အချက် (၁၀)ချက်နဲ့ ပြည့်စုံရပါမည်။

  1. Cover page;
  2. Abstract or annotation in native language and foreign language;
  3. Table of Content
  4. Remark;
  5. Designation and symbols;
  6. Introduction;
  7. Main Part of Paper;
  8. Conclusion;
  9. References and The Internet;
  10. Appendix.

နံပါတ်(၁) - စာတမ်းရဲ့ ပထမ စာမျက်နှာ ။ ဘာတွေပါဝင်ရမလဲ။ ပညာရေးဝန်ကြီးဌါနအမည်၊ ကျောင်းအမည်၊ ကျောင်းရဲ့ဌါနကြီး၊ ဌါန အသေး၊ စာတမ်းခေါင်းစဉ်၊ စာရေးဆရာအမည် (မိမိကိုယ်တိုင်)၊ ကိုယ့်ရဲ့ဆရာအမည် နှင့် လက်မှတ်ထိုးဖို့နေရာ၊ စာတမ်းရေးတဲ့ ခုနှစ်။

နံပါတ်(၂) - စာတမ်းမှာပါဝင်တဲ့ စာမျက်နှာအရေအတွက်၊ ပုံအရေအတွက်၊ ဇယား အရေအတွက်၊ ပြီးတော့ စာတမ်းရဲ့ အနှစ်ချူပ်၊ စာတမ်းရဲ့ ရည်ရွယ်ချက်၊ အသုံးပြုထားတဲ့ နည်းလမ်း(ဥပမာ - Analysis လုပ်တဲ့အခါမှာ Autocad , Solidwork , Ansys ,Comsol, C++ , Visual C, Programming တစ်ခုခုကို အသုံးပြုထားပါတယ်၊ လက်တွေစမ်းသပ်မှုတွေကို အခြေခံပြီးတော့ ပြုစုထားပါတယ် စသဖြင့် ၊စာတမ်းရဲ့ရလဒ်၊ ဥပမာ ။ ။ ရေးသားပြုစုထားတဲ့စာတမ်းဟာ ရေယာဉ်တည်ဆောက်မှုအတွက် အသုံးဝင်ပါတယ်၊ စီးပွါးရေးတွက်ချေကိုက်ညီမှုရှိမ၇ှိ၊ နောက်ဆုံး စာတမ်းရဲ့ အရေးကြီးတဲ့ အပိုင်းကို ထုတ်နှုတ်ပြတဲ့ အပိုင်းဖြစ်ပါတယ်။ မာစတာ စာတမ်းဆိုရင် ၁မျက်နှာ၊ ၂ မျက်နှာလောက်ဆို လုံလောက်ပါတယ်။ ဒါပေမဲ့ ပီအိပ်ခ်ျဒီစာတမ်းဆိုရင်တော့ စာမျက်နှာ ၂၅-၃၀ ထိရေးရပါတယ်။ဒီအပို်င်းဟာ စာတမ်းတစ်ခုလုံးရဲ့ အနှစ်ချူပ်ဖြစ်ပါတယ်။ ဒါကို Abstract or annotation လိုခေါ်ပါမယ်။ အင်္ဂလိပ်၊ မြန်မာ နှစ်မျိုးစလိုပါဖို့လိုပါမယ်။နိုင်ငံခြားဘာသာစကားတစ်ခုခုပေါ့။

အကြံပြုချက်။ ။တကယ်လို့ သူများလုပ်ပြီးသာ စာတမ်းတစ်ခုခုကို ကိုးကားချင်တယ်ဆိုပါစို့။ စာတမ်းတစ်ခုလုံးကို မဖတ်ခင် Abstract or annotation ကို အရင်ဖတ်ပါ။ Abstract or annotation ဖတ်ခြင်းအားဖြင့် ကိုယ်ရေးသားပြုစုမယ့် စာတမ်း နှင့် ကိုက်ညီမှုရှိမ၇ှိ သိနိုင်တယ်။ မကိုက်ညီဘူးဆိုရင် ဆက်မဖတ်ပါနဲ့တော့ အချိန်ကုန်တယ်။ စာအုပ်ဖတ်တာလည်း ထိုနည်း၎င်းပဲ့ စာအုပ်တစ်အုပ်မဖတ်ခင် Abstract or annotation ကို အရင်ဆုံးဖတ်ဖြစ်အောင်ဖတ်ပါလို့ အကြံပြုချင်ပါတယ်။ ပြီးတော့ Table of Content ကို ကြည့်ပါ။ စာအုပ်ကလည်းအထူကြီးပဲ့ ဆိုပြီးတော့ လန့်မသွားပါနဲ့။ ကိုယ်နဲ့သက်ဆိုင်တဲ့အခန်းကိုပဲ့ ရွေးဖတ်ပါ။ ဤနည်းအားဖြင့် စာရေးသူ အတွက် References များများရှာဖတ်နိုင်တဲ့အခွင့်အရေးရပါလိမ့်မယ်။

နံပါတ်(၃) - စာတမ်းရဲ့ခေါင်းစဉ်တွေကို စုစည်းထားတဲ့စာမျက်နှာ ။ မာတိကာပေါ့ဗျာ။ စာတမ်းအတွင်းပါဝင်သော ခေါင်းစဉ်နှင့်စာမျက်နှာကို တွဲပြီးဖော်ပြခြင်းဖြစ်တယ်။ စာဖတ်သူများ လွယ်ကူစွာ ရှာဖွေဖတ်ရှု့နိုင်ရန်အတွက်ရည်ရွယ်တာဖြစ်ပါတယ်။ ဒါကို Table of Content လိုခေါ်ပါတယ်။ သတိထား၇မည့်အချက်။ ။ Table of Content မှာ Abstract or annotation ကို ထည့်သွင်းဖော်ပြရန်မလို။ တချို့စာအုပ်များတွင် Table of Content ကို စာအုပ်နောက်ကျောဘက်တွင် တွေ့နိုင်ပါသည်။

နံပါတ်(၄) - စာတမ်းရေးမယ့် Format ၊ ရေးသားပြုမည့် Standard Form သည် ကျောင်းတွေအပေါ်မှုတည်ပြီကွဲပြားနိုင်ပါတယ်။ ဥပမာ ။ ။ အတိုကောက်စာလုံးသုံးမယ်ဆိုရင်အင်တာနေရှင်နယ်အဖွဲ့အစည်းတွေရဲ့ စည်းကမ်းချက်နဲ့အညီအသုးံ ပြုရပါမယ်။ ဒါမှ မဟုတ် ကျောင်းတွေရဲ့သတ်မှတ်ချက်များကို လိုက်နာရမည် အများသုံးအတိုကောက်ဖြစ်ရပါမယ်။

နံပါတ်(၅) - အတိုကောက်စာလုံးတွေ နဲ့ ရှင်းပြချက် များကို တနေရာတည်း စုစည်းပေးထားတဲ့ စာမျက်နှာ။ စုစည်းတဲ့ နေရာမှာ အက္ခရာစဉ်လိုက်သော်လည်းကောင်း ၊ စာတမ်းခေါင်းစဉ်အလိုက်ပါဝင်တဲ့အပေါ်မူတည်၍သော်လည်းကောင်း ဖော်ပြနိုင်ပါတယ်။ ဥပမာ ISO – International Organization for Standardization ။ ဒါကို Designation and symbol ခေါ်ပါတယ်။

နံပါတ်(၆) - စာတမ်းရဲ့ အစ၊ နိဒါန်းပျိုးမယ်။ ဘယ်လိုရေးမလဲ။ စာရေးသူအပေါ်မှာပဲ့မှုတည်ပါတယ်။
ဥပမာ။ အခု ပြုလုပ်မယ့်စာတမ်းဟာ ဆီတင်သဘောင်္မှာ အသုံးပြုမယ့် MAN Engine Company က ထုပ်လုပ်ထားတဲ့ အင်ဂျင်အမျိုးအစား 6S60MC-C နဲ့ Wartsilla Company ကထုတ်လုပ်ထားတှဲ့Sulzer RTA 60 C တို့ရဲ့ Engine Performance Comparison ကို လေ့လာမှာဖြစ်တယ်။ လိုအပ်တဲ့ ဒေတာတွေကို Official Sites များဖြစ်တဲ့ http://www.mandieselturbo.com/0000002/Home.html နဲ့http://www.wartsila.com/en/Home မှရယူထားတာဖြစ်တယ်။ လက်ရှိ အသုံးပြုထားတဲ့ ဆီတင်သဘောင်္မှာ Sulzer RTA 60 C ကို အသုံးပြုထားပြီး ၊အဲဒီအင်ဂျင်အစား 6S60MC-C ကို အသုံးပြုမှာဖြစ်တယ်။လက်၇ှိအခြေအနေမှာ MAN COMPANY က ထုတ်လုပ်တဲ့ အင်ဂျင်တွေဟာ ဈေးသက်သာပြီး၊ အသုံးပြုရတာလွယ်ကူတယ်။ Performance Comparison ကို SMTU တက္ကသိုလ်က Design of Ship Power Plant ဆိုတဲ့ Software ကို အသုံးပြု၍ တွက်ချက်သွားမှာဖြစ်တယ် ..စသဖြင့် ကိုယ်ရေးသားပြုစုမယ့် စာတမ်းအကြောင်းအရာကို အကြမ်းဖျင်း ပြောပြရမယ့်အပိုင်းဖြစ်တယ်။ ဒါကို Introduction လို့ခေါ်တယ်။ စာမျက်နှာ အနည်းဆုံး လေး၊ငါး၊ခြောက် မျက်နှာလောက်ရေးပြရပါမည်။

နံပါတ်(၇) - စာတမ်းရဲ့ အဓိက အစိတ်အပိုင်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ စာတမ်းအပေါ်မှုတည်ပြီး ခေါင်းစဉ်ခွဲမယ်။ ဥပမာ။ ။ ပုံမှန်အားဖြင့် ခေါင်းစဉ်ကြီး (၅)ခု သို့မဟုတ် အခန်း (၅)ခန်းခွဲ ၍ ရေးသားပြုစုလေ့၇ှိတယ်။
အခန်း(၁) ရေးသားပြုစုမယ့် စာတမ်းရဲ့ Review အပိုင်း။
အခန်း(၂) အသုံးပြုမယ့် Methods တွေအကြောင်း။
အခန်း(၃) Analysis အပိုင်း။
အခန်း(၄) Construction အပိုင်း။
အခန်း(၅) Special အပိုင်း။ ဥပမာ Performance comparison။

နံပါတ် (၈) - နိဂုံးချူပ်။ အခန်း (၅) က နှိုင်းယှဉ်လို့ရလာတဲ့ Results အပေါ်မူတည်ပြီး၊ သုံးသပ်ချက်ရေးမယ်။ အားသာချက်၊ အားနည်းချက် တွေကိုဖော်ပြမယ်။ ဒါဟာ နိဂုံးချူပ် Conclusion လို့ ခေါ်တယ်။ ကိုယ်တိုင်ရေးသားပြုစုထားတဲ့ စာတမ်းဖြစ်တဲ့အတွက် နိဂုံးချူပ်အပိုင်းကို အ၇ှိတိုင်း မှန်ကန်စွာ သုံးသပ်တတ်ဖို့ လိုပါလိမ့်မည်။ ကိုယ်ပေးချင်တဲ့ Message က ဘာလဲ။ ဘာတွေထူးခြားလဲ။ ရေးသားပြုစုထားတဲ့ နယ်ပါယ်အပေါ်မူတည်ပြီး ဘယ်လို အကျိုးကျေးဇူးတွေရနိုင်မလဲ စသဖြင့် တိတိကျကျ၊ရှင်းရှင်းလင်းလင်း၊ရေးသားရပေလိမ့်မည်။

နံပါတ်(၉) - စာအုပ်စာရင်း သို့မဟုတ် အကျမ်းကိုးစာရင်း။ ဒါဆို List of References လိုခေါ်မယ် ။ အနည်းဆုံး ကိုးကားစာအုပ် အရေအတွက် ဘီအီး ၊ မာစတာအတွက်ဆိုရင် ၂၀-၃၀ ။ ပီအိပ်ခ်ျဒီအတွက်ဆိုရင် ၈၀-၁၀၀ နီးပါးလောက်လိုပါလိမ့်မည်။ အကျမ်းကိုးစာရင်း များများရနိုင်လေ၊ကောင်းလေလေ။ တကယ်ဖတ်ထားတဲ့ တကယ်ရည်ညွန်းထားတဲ့ စာအုပ်ဖြစ်ဖို့တော့ လိုပေလိမ့်မည်။ ကျွှန်တ်ေတို့ခောတ်တွင် များလှစွာသော စာအုပ်စာတမ်းများကို Google Search အသုံးပြု၍ ရှာဖွေနိုင်နေပါပြီ။ တချို့သော စာအုပ်၊ စာတမ်းများတွင် References and The Internet ဟူ၍ ဖော်ပြလာကြပြီ။ သတိပေးချက်။ ။ အင်တာနက်မှ ရယူလိုက်သော အကြောင်းအရာ တစ်ခု ၊ ဒေါင်းလုပ် ရယူလိုက်သော စာအုပ်၊စာတမ်းများသည် အမြဲမှန်သည်ဟူ၍ မယူဆရန်နှင့် တခြားသောစာအုပ်၊စာတမ်းများနှင့် နှိုှုင်းယှဉ် လေ့လာဖတ်ရှု့ပြီးမှ အတည်ပြုကြရန် တိုက်တွန်းအပ်ပါသည်။ အင်တာနက် စာမျက်နှာအပေါ်ရှိစာပေများမှာ သန်းပေါင်းများစွာသော အင်တာနက် အသုံးပြုသူများဧ။်ရေးသားချက်များဖြစ်သောကြောင့် မှား၊မှန်သည်ကို ခွဲခြား သိနိုင်ရန် အရေးကြီးပေမည်။ မူရင်း ကုမ္ပဏီ၊စက်ရုံ၊လုပ်ရုံ၊ ကျောင်းများဧ။် စာအုပ်၊စာတမ်းမှ ကိုးကားဖော်ပြသင့်သည်။

နံပါတ်(၁၀) - နောက်ဆက်တွဲ။ ဒါကို Appendix လိုခေါ်တယ်။ ဘာတွေကို နောက်ဆက်တွဲမှာ ထည့်မှာလဲ။ ဥပမာ။ ရေးထားတဲ့ Program File ၊ စက်ရုံက ရလာတဲ့ ဒေတာတွေ စသဖြင့် နောက်ဆက်တွဲမှာထည့်ပါ။ ရှင်းပြချက်။ ။ စာတမ်းရေးသားပြုတဲ့အခါ အခန်း(၁) မှ အခန်း (၅) အထိ ရှေ့နောက် အကျိုးအကြောင်း ညီညွတ်ရပါမယ်။ အကြောင်းအရာ တစ်ခုကို တင်ပြသောအခါတွင် တို၊ရှင်း၊တိ၊ တင်ပြရန် အရေးကြီးပေမည်။
စာဖောင်းပွ မသွားစေရန် ၊ရည်ညွန်းကိုးကားချက်များကို သက်သေထူ နိုင်ရန် Appendix ဖြင့် သီးခြားဖော်ပြခြင်းဖြစ်သည်။ အရည်အသွေးပြည့်မီသော စာတမ်းကောင်းတစ်စောင် ဖြစ်ပေါ်လာစေရေးဆန္ဒပြုလျက်။

စေတနာဖြင့်မျှဝေခြင်းဖြစ်ပါတယ်။ ကွဲလွဲချက်များ၇ှိက ဝေဖန်နိုင်သည်။ အကြံအညဏ်ပေးနိုင်သည်။
ဆက်သွယ်ရန်လိပ်စာ။ ။
[email protected] , seaman, ရေကြောင်းအင်ဂျင်နီယာဌါန၊ တပ်မတော်နည်းပညာတက္ကသိုလ်။
seaman , http://www.myanmarengineer.org/
ht

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63476.83
ETH 3413.43
USDT 1.00
SBD 2.50