How Search Engine works

in #esteem6 years ago

FB_IMG_1521818031415.jpg

Search engine လို.ဆိုလိုက်ရင် ဘာသွားပြေးမြင်မလဲဆိုတော့ Google ကိုသွားပြေးမြင်ကြမှာပါ။ Google အလုပ်လုပ်ပုံကို အသေးစိတ်ရှင်းပြနိုင်ဖို.လဲမဖြစ်နိုင်လို. အကြမ်းဖျင်းလောက်ကိုပဲ ရေးပြနိုင်မှာပါ။ Search Engine တွေကိုနားလည်ဖို. ဘာတွေနားလည်ဖို.လိုလဲဆိုရင် Computer science က Information retrieval ဆိုတဲ့ field ရယ် နောက် AI, Machine Learning, Distributed Computing အစရှိတာတွေကို နားလည်ထားဖို.လိုပါတယ်။ Information retrieval ဆိုတာ ဘာကိုဆိုလိုတာလဲလို.မေးလို.ရှိရင်တော့ text file တွေ flat file တွေ structure မကျတဲ့ file တွေထဲကနေ content တွေကို ဆွဲထုတ်တာ လိုအပ်တဲ့ information တွေကို keyword တွေ pharase တွေသုံးပြီး ရှာတာလို.ပြောရမှာပါပဲ။ Google တခုလုံးသည် IR (web information retrieval) ကိုလုပ်နေတယ်လို.ဆိုရမှာပါ။ Large scale serch engine ဖြစ်တဲ့ Google ကျတော့ ဘာပြဿ နာတွေရှိလဲဆိုတော့ index လုပ်ရတဲ့ document တွေ web page တွေ trillion ရာနဲ.ချီရှိနေတာပါ။ အဲ့ကောင်တွေကို process လုပ်ရတဲ့ ပြဿနာ ပိုလာပါတယ်။ ဒါတွေကိုကျတော့ Distributed computing algorithm တွေကိုသုံးပြီး ဖြေရှင်းပါတယ်။
Search engine လို.ဆိုလိုက်ရင် အဓိက ကျတဲ့အပိုင်း ၃ပိုင်း ပါပါတယ်။ အဲ့ဒါတွေက

Crawling
Indexing
Searching or Ranking

ဆိုတဲ့ သုံးခုပါ။ အောက်က ပုံက Sergey Brin နဲ. Lawrence Page ရဲမူလ paper ဖြစ်တဲ့ The Anatomy of a Large-Scale Hypertextual Web Search Engine မှာပြထားတဲ့ပုံပါ။

Crawling
ပထမဆုံး search engine တွေဟာ user တွေ query တွေရိုက်မရှာခင် သူတို.က internet မှာရှိတဲ့ web page တွေ အရင်ဆုံး သူတို. index server တွေမှာ သိမ်းထားဖို.လိုပါတယ်။ အဲ့လို internet ပေါ်မှာရှိတဲ့ web page တွေကို တရွက်ချင်း လိုက် save မနေပါဘူး။ Crawler ကိုသုံးပြီးတော့ internet ကိုလျောက်သွားပါတယ်။ ထူးတော့ ထူးဆန်းနေပါလိမ့်မယ်။ Crawler သည် internet ကိုလျောက်သွားတယ်။ နောက် တွေ.တဲ့ page တွေကို download လုပ်တယ်။ နောက် index server ကိုပို.တယ်။
Crawler ကဒီလိုတဆင့်ချင်းလုပ်တယ်။

URL Queue ဆိုတာ သူ.ဆီမှာ ပထမဆုံး စ Crawl ရမဲ့ web site list တွေကိုထဲ့ထားတယ်။
URL Queue ထဲကနေ link တခုကို ယူလိုက်တယ်။ အဲ့ဒီလင့်ရှိနေတဲ့ web page ကို download လုပ်တယ်။
နောက် ခုနက download လုပ်ထားတဲ့ web page ထဲမှာပါတဲ့ တခြား နဲ.ညွှန်ထားတဲ့ page တွေကို regular expression တွေသုံးပြီး ဆွဲထုတ်တယ်။ အဲ့ဒီတော့ page တခုသည် တခြား link တွေကို ညွှန်ထားရင် Crawler သည် အဲ့လင့်တွေကို ဆက်သွားလို.ရသွားတယ်။
အဲ့လိုနဲ. crawler သည် မရပ်မချင်း internet ပေါ်က page တွေကို download လုပ်သွားတယ်။
Googleလို large scale search engine တွေကျတော့ Crawler တခုတည်းမသုံးဘူး။ Distributed Crawler တွေသုံးတယ်။ Distribute Crawler ဆိုတာ crawler တွေအများကြီးကို geographically အရ ခွဲထားတာမျိုး။ သူတို.အချင်းချင်း download လုပ်တဲ့ link တွေ မထပ်အောင် crawl လုပ်ကြတယ်။ နောက် index server ထဲကိုပြန်သိမ်းကြတယ်။

Indexing

Indexing ဆိုတာက ခုနက Crawler က download လုပ်လို.ရလာတဲ့ web page တွေသည် html page တွေပဲဖြစ်တယ်။ ဒီကောင်တွေကို ရှာဖို.မလွယ်ဘူး။အဲ့တော့ ရှာဖို.လွယ်အောင် webpage တွေကို token လေးတွေ word လေးတွေတခုချင်းဖြစ်အောင် ဖွဲ.တယ်။နောက် a,and,the တို.လို မလိုအပ်တဲ့ stopword တွေဖယ်ပြစ်တယ်။ နောက် programming, programmer ဆိုရင် root form ဖြစ်တဲ့ program ဖြစ်အောင် stemming algorithm တွေသုံးပြီး index structure နဲ.သိမ်းတယ်။ များသောအားဖြင့်တော့ information retrieval field ထဲက inverted index structure နဲ.သိမ်းကြတယ်။ မျက်စိထဲမြင်အောင်ပြရရင် နိုင်ငံခြားကထုတ်ထဲ့ စာအုပ်တွေ နောက်ဆုံးမှာ index ဆိုတာပါတယ်။ သူက ဘယ် word သည် ဘယ်စာမျက်နှာမှာ ပါတယ်ဆိုတာကို မှတ်ထားတာ။ Index တွေရဲ.သဘောကလဲ အဲ့လိုပဲ ဘယ် word သည် ဘယ် web page URL မှာပါတယ်ဆိုတာမျိုးကိုမှတ်ထားတာ။ ဒီနေရာမှာလဲ data storage သည် တအားကြီးတဲ့အတွက် single individual MySQL server တွေကို clustering လုပ်ပြီးတော့ သိမ်းတယ်။

Ranking

ဒီအပိုင်းကတော့ အရှုပ်ဆုံးလို.ပြောရမယ်။ Google က ဘာကိုသုံးလဲဆိုတော့ PageRank ဆိုတဲ့ Algorithm ကိုသုံးတယ်။ PageRank က ကျောရိုးသဘောပဲရှိတာ။ Ranking algorithm သည် အမြဲပြောင်းလဲနေတယ်။ အခြေခံအားဖြင့်တော့ PageRank ကဘယ်လိုလုပ်သလဲဆိုရင် web page တွေမှာရှိတဲ့ link တွေကို incoming link (တခြား page တခုခုကနေ သူ.ကိုညွှန်းထားတဲ့ link) နောက် outgoing link (သူကနေ တခြား page ကိုညွှန်းထားတဲ့ link ) အစရှိတာတွေကို တွက်တယ်။ Incoming link (သူများတွေက ညွှန်တာများရင် သူက rank တက်တယ်) လူတွေလိုပေါ့ ကျော်ဟိန်းဆို လူတိုင်းသိတယ်။ Ranking အရဆိုရင် ကျော်ဟိန်းဆီ ၀င်လာတဲ့ link တွေများတယ်။ ဒါကြောင့် ကျော်ဟိန်းသည် rank ပိုရမယ်။ ကျော်ဟိန်းက ကျတော့ လူတွေ အများကြီး သိချင်မှသိမယ်။ ဥပမာ Java ဆိုပြီးရှာလိုက်ရင် Oracle ဆိုက်ကို ၀ိုင်း ညွှန်တာ များတဲ့အတွက် Oracle ရဲ. rank သည် ပိုတက်လာမယ်။ ဒါက အခြေခံ တခြားထဲ့တွက်ရတဲ့ AI, Machine learning အစရှိတာတွေသည် Google နောက်ကွယ်မှာရှိဦးမှာ။ Ranking ကိုဘာလို.လုပ်ရသလဲဆိုတော့ Search result တွေသည် များနေတော့ဘယ်ကောင်သည် relevant အဖြစ်ဆုံးလဲဆိုတာ တွက်ဖို.လိုတယ်။ အဲ့တော့ user ကိုထုတ်ပြရင် rank အများဆုံးကောင်ကို ထိပ်ဆုံးကနေပြလိုက်တယ်။

Larry page တို. paper သွားဖတ်ချင်ရင်တော့ အပေါ်ကပေးထားတဲ့ paper title နဲ.သာ google သွားရှာကြည့်။

တော်သေးဘီ။

Sort:  

Congratulations @scamtapper! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

ရေးထားတာကောင်းပါတယ်ဖတ်ရတာလည်းမူးသွားတယ်ဆက်ကြိုးစားပါ ညေး . မူးဝါးအောင်😂😂😂😂

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63186.04
ETH 3392.68
USDT 1.00
SBD 2.50