``လက်သန်းဖြတ်ချင်သူတွေဖြေပါ´´

in #esteem6 years ago

image
ဗိုလ်အောင်ဆန်း၊ မခင်ကြည်၊ အောင်ဆန်းဦး၊
အောင်ဆန်းလင်း၊
အောင်ဆန်းစုကြည် ဆိုတဲ့နာမည်တွေကို
မင်းငယ်ငယ်ကကြားဖူးခဲ့သလား ???
image
သိမ်ဖြူ ဟော်ကီကွင်း၊
အဲဒီနောက်ရွှေတိဂုံအနောက်မုခ်ပြောင်း၊
တတ်သိပညာရှင်တွေဝန်းရံပြီး
လူငါးသိန်းကျော်တက်ခဲ့တဲ့ လူထုအစည်းအဝေး
အကြောင်း..
မင်းတစ်စွန်းတစ်စသိခဲ့သလား ???

"တရားမျှတသောရွေးကောက်ပွဲအမြန်ဆုံးကျင်းပပေး" ဆိုတဲ့
ထိရောက်ပြတ်သားသောကြွေးကြော်သံဟာ
သူ့တစ်ယောက်ထဲဆီကစထွက်ခဲ့တယ်ဆိုတာ
မင်းသတိထားမိခဲ့သလား ???

နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးသူလိုသူများ၏
ဘေးအန္တရာယ်မှကာကွယ်သည့် ဥပဒေ ဆိုတာကြီးကို
သုံးပြီး လူထုလွတ်မြောက်ရေးကိုသာဦးစားပေးခဲ့တဲ့သူ့ကို တစ်ဖက်သတ် နေအိမ်အချုပ်ချလိုက်တဲ့
အကြောင်း..
မင်းလေ့လာဖူးသလား ???

*ငုနဲ့ပိတောက်နွေမှာလှိုင်ခဲ့ပြီ။
စုနဲ့ခမောက်မေမှာနိုင်ခဲ့ပြီ။ လို့ပြောစမှတ်ပြုရတဲ့
စုနိုင်မှချမ်းသာတဲ့ပွဲ ၁၉၉၀ မှာတကယ်ဖြစ်ခဲ့တာ
မင်းတစ်ယောက်မှတ်သားခဲ့ဖူးသလား ???

ကပ္ပိယ၊ ဖေကံကောင်း၊ ဦးဖြိုး၊ ခြင်ကျား(မအူပင်)၊
ကေတုနီလာ၊ ဖိုးရှုပ် အစရှိတဲ့နာမည်ပုန်း
ကလောင်ဝှက်အမျိုးမျိုးသုံးပြီး..
မိန်းမသားတစ်ယောက်ကို ချေပခွင့်မပေးဘဲ-
တစ်ဖက်သတ် ပြစ်တင်ရှုတ်ချခဲ့တဲ့..
အောက်တန်းအကျဆုံး၊ အစုတ်ပဲ့ဆုံးခေတ်တစ်ခု
ဗမာပြည်မှာထွန်းကားခဲ့ကြောင်း ရာဇဝင်ကို
မင်းစေ့ငုကြည့်ဖူးသလား ???

ပါဠိဘာသာကိုထမင်းစားရေသောက်ပြောနိုင်ပြီး..
ထေရဝါဒဗုဒ္ဓဘာသာစစ်စစ် ပရော့စတိတ်ကင်ဆာ
ဖြစ်ရှာတဲ့ သူ့ခင်ပွန်းရဲ့နောက်ဆုံးနေ့တွေမှာ-
တာဝန်မကျေနိုင်ခဲ့တဲ့မုဆိုးမကြီးဟာ..
သားနှစ်ယောက်ကိုလည်းစွန့်ခဲ့ရတယ်ဆိုတာကို
မင်းကိုတစ်ယောက်ယောက်ကပြောဖူးသလား ???

ကမ္ဘာကျော် ဒီပဲယင်းနိုင်ငံတော်လူသတ်မှုမှာ..
သူထွက်မပြေးဘဲ
အသေခံဖို့လုပ်လို့ ငယ်သားတွေအတင်းကယ်ထုတ်ခဲ့
တာကြောင့်
အသက်နဲ့ခန္ဓာအိုးစားမကွဲဘဲ..
ကနေ့အထိအသက်ရှင်ခွင့်ရနေတာကို
မင်းဆိုသူ့လိုသွေးငြိမ်ငြိမ်နဲ့ဖြတ်သန်းနိုင်မယ်တွေးသလား ???

အိမ်ကိုပြင်ခွင့်မပေး၊
အိမ်ပေါက်ဟောင်းလောင်းထဲကနေ အဖြူတစ်ကောင် ရူးကြောင်ကြောင်ကိုထည့်သွင်း အပြစ်ရယ်လို့
အတင်းသတ်မှတ်။
တစ်ဖက်သတ်စွဲချက်နဲ့ချုက်ရက်ကိုတိုး။
အဲသလိုအဖြစ်ဆိုးကို
မင်းသာဆို..ခံနိုင်ရည်ရှိနေမယ်ထင်သလား ???

အသက်က (၇၀) တန်း၊ ခရီးကမိုင်ထောင်ချီ၊
နေ့နဲ့ညဆက် ညနဲ့နေ့ဆက်
စစ်ဖိနပ်အောက်ကတိုင်းပြည်လွတ်မြောက်
ရောင်နီနဲ့မိုးသောက်ဖို့အတွက်..
သူ့ဘဝနဲ့သူ့ခွန်အားအစွမ်းကုန်ထုတ်သုံးခဲ့တဲ့
လုပ်ရပ်ကို..
မင်းယှဉ်နိုင်မယ်လို့စိတ်ကြီးဝင်နေသလား ???

ဒီမှာအပေါင်းအသင်းရေ..
တစ်ရက်တစ်လေ မနက်လေးနာရီလောက်ထ၊
ရပ်ကွက်ရုံးကိုသွား၊
နာရီနည်းနည်းလောက်မတ်တပ်ရပ်၊
ပြည်သူ့ကိုယ်စားလှယ်မဲပြားတွေပေါ်တံဆိပ်ခတ်လို့၊
မှင်စွန်းသွားတဲ့မင်းလက်သန်း..
မှန်ပါတယ်ဂုဏ်ယူဖွယ်အတိဆိုတာ ...

ဒါပေမယ့်
အဲဒီမှင်စွန်းတဲ့လက်သန်းဟာ

  • ဒီအဖွားအိုလေးကိုစော်ကားဖို့ ပါမစ်မဟုတ်။
  • ဒီအမျိုးသမီးကြီးကိုပုတ်ခတ်ဖို့ ခွင့်ပြုမိန့်မဟုတ်။
  • ဒီမုဆိုးမကြီးကိုဆဲဆိုဖို့ အခွင့်အရေးမဟုတ်။
  • ဒီခေါင်းဆောင်ကိုခြေရာတိုင်းဖို့-
    . ဘဝင်လက်မှတ်မဟုတ် ဆိုတာလောက်တော့..
    မင်းသိစေချင်တယ်။

ဘာလဲ၊
မင်းလက်သန်းကိုဖြတ်ချင်လို့လား ???
လုပ်လိုက်လေ၊
မင်းတစ်ယောက် လက်သန်းပြတ်တဲ့ဒုက္ခိတတော့
ဖြစ်မယ်၊ အဲဒါအပြင် ဘာကောင်မှတော့..
ဖြစ်လာဖို့အကြောင်းမမြင်။

မင်းသိထားဖို့က
မင်းရောငါပါ ဘာကောင်မှမဟုတ်ကြဘူးလေ။
ကိုယ့်အဆင့်ကိုယ်သိပါကွာ။
အနိမ့်ဆုံးတော့ ဘဝင်ရူးမဖြစ်ဘူးပေါ့ ... ။

Sort:  

ဖြတ်ချင်ရင်ပြောပါ အိမှ်ည ဓားပေးပါမယ်

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.032
BTC 63966.12
ETH 2753.08
USDT 1.00
SBD 2.66