" စက္ကူ ​လှေက​လေး"

in #esteem6 years ago

" စက္ကူ ​လှေက​လေး"

ရွက်​တိုင်​​တွေ မပါဘူး
ပဲ့ကိုင်​သူ မပါဘူး
လေအ​ဝေ့​တွေနဲ့ ​ရွေ့ခဲ့တယ်​။

တစ်​​နေ့ဆိုတာ သိတယ်
ရွေ့ခဲ့လမ်းတိုင်းမှာ
ငါ အ​ကောင်း ဆုံးခရီးနှင်​ခဲ့တယ်​။

ငါ​မေ့ခဲ့တယ်
ကြံ့ခိုင်​မူ​တွေ အားနည်း​နေတဲ့
ငါ့​လှေခွက်​ထဲ ​မျှော်​လင့်​ချက်​​တွေ
အပြည့်​တင်​​ဆောင်​မိခဲ့တယ်​...

ခု​​တော့
သစ္စာ မဲ့တဲ့ ​လေ​ပြေ​တွေက
ရေလည်​ကို တွန်းထုတ်
ငါနစ်​မြုတ်​သွားမှ
သူ ...​ပျော်​ရွှင်​မယ်​တဲ့လားကွယ်​...။

ချစ်တယ်လို့ပြောပီး
မချစ်နိုင်တော့ဘူးလို့
ပြောတဲ့နင့်ပါးစပ် ဝဲပေါက်ပါစေလို့
ငါဆုမတောင်းခဲ့ပါဘူး

နင့်သာငါ့ရဲ့အနာဂတ်လိုငါပြောဖူးတယ်နော်
နင်ပျော်ပါစေလို့ပဲငါတောင်းဆုခြွေတယ်
ပြန်လာဖို့မတောင်းဆိုဘူး
နင့်ကျန်းမာရေးဂရုစိုက်ဖို့ပဲ
ငါဆုတောင်းနေပါတယ် နင့်အတွက်ပေါ့

#queenlay

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61185.89
ETH 2933.50
USDT 1.00
SBD 3.68