GREAT KALI

in #esteem7 years ago (edited)

ကာလီမယ်တော်ကြီး
image
ကာလီမယ်တော်အကြောင်းကို ကျမ်းဂန်မှာ ပါရှိသည့်အတိုင်းကို ဖွင့်ဆိုပြပါရစေ။ မယ်တော်ကြီးအကြောင်းကို ပြောရတာ အရမ်းကို ခက်ခဲလှပါသည်။ ဗြဟ္မာ ဝိရှ်ဏု ရှိဝ သခင်တွေနဲ့ နတ်ဒေဝတာကြီးတွေတောင် မယ်တော်ကြီးအသွင်တော်၏ သဘောကို ပြည့်စုံအောင်မသိနိုင်ဘူးလို့ ကျမ်းစာတွေမှာ အတိအလင်းရေးသားထားပါသည်။ မယ်တော်ကြီးဆီသို့ ဟိန္ဒူဘာသာဝင်များသာမက ဘာသာခြားတွေလည်း အများအပြားလာရောက်ဆုတောင်းကြပါသည်။ ဘာလို့လဲ့ဆိုတော့ ဟိန္ဒူနတ်ဘုရားကျောင်းများထဲတွင် အစည်ကားဆုံးကျောင်းကို ပြောပါဆိုရင် မယ်တော်ကျောင်းလို့သာ ပြောရပေလိမ့်မည် ဖြစ်ပေသည်။ သိသာထင်ရှားစွာ စောင်မတော်မူတဲ့အတွက်ကြောင့် မယ်တော်ကြီးကို အားကိုးကြတဲ့အပြင် ရုပ်သွင်တော်ကြောင့်လည်း ကြောက်ရွံ့ကြပါသည်။
image
ကာလ၏ စွမ်းအင်(ရှက္တီ)ဖြစ်သဖြင့် ကာလီဟုခေါ်ပါသည်။
ကာလဟူသည်မှာ အချိန်ဟု ယေဘူယျအားဖြင့် အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် ကာလီဟူသောနာမတော်မှာ အချိန်စွမ်းအင်ဟု ယေဘူယျအားဖြင့် အဓိပ္ပာယ်ပြန်ဆိုနိုင်ပါသည်။
အချိန်သည် အသက်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ အသက်ဘယ်လောက်ရှိပြီလဲဟု မေးသောအခါ အသက်(---) နှစ်ရှိပါပြီဟုဖြေကြရာ နှစ်တည်းဟူသောအချိန်အားဖြင့် အသက်ကိုဖော်ပြရလေ့ရှိသည်။ အချိန်ကာလပေါ်တွင် မှီတည်၍ သက်ရှိသက်မဲ့တို့သည် ပြောင်းလဲနေကြသည်
အချိန်ကာလအားလျော်စွာ ပေါ်ပေါက်ဖြစ်ထွန်းလာခြင်း ၊ တိုးတက်ပွားများခြင်း ၊ ဆုတ်ယုတ်ယိုယွင်းခြင်း၊ ပျက်စီးခြင်းတို့သည် လောကတွင် လည်ပတ်နေကြပေသည်။
image
ထို့ကြောင့် ကာလီဟူသော နာမတော်သည် အသက်စွမ်းအင် ဖြစ်တည်ပျက်ခြင်းတို့စွမ်းအင်ဟုလည်း ပြောနိုင်ပေသည်။
စကြာဝဠာအနန္တကိုလည်း အချိန်ကာလက လွှမ်းမိုးထားပြန်သည်။ လောကအားလုံးကိုလည်း အချိန်ကာလက ထိန်းချုပ်ထားပြန်သည်။ ထို့ကြောင့် ကာလီဟူသော နာမတော်သည် စကြာဝဠာအနန္တစွမ်းအင် လောကအားလုံးကို လွှမ်းမိုးချုပ်ကိုင်ပိုင်စိုးသော စွမ်းအင်ဟုလည်း ပြောနိုင်ပေသည်။
အချိန်ကာလဖြင့်သာ ကံကြမ္မာတို့သည် အမျိုးမျိုးပြောင်းလဲ၍ ကြသဖြင့် ကံကြမ္မာသခင်မဟုလည်း ခေါ်နိုင်ပေသေးသည်။
ကာလီမယ်တော်သည် နာမတော် ရုပ်သွင်တော် များစွာရှိပါသည်။ ထင်ရှားလူသိများသော နာမနှင့်ရုပ်သွင်တော်အချို့ကို ဖော်ပြရမည်ဆိုလျှင် - မဟာကာလီ (Mahakali) ၊ ဘဒြကာလီ (Bhadrakali) ၊ ဒက္ခိဏာကာလီ (Dakshinakali) ၊ ရခဏ္ဏကာလီ (Rakshakali) ၊ ဂုဟျကာလီ (Guhyakali) ၊ စာမုဏ္ဍာကာလီ (Camundakali) ၊ ပတျင်္ဂီရာကာလီ (Pratyangirakali) ၊ သ္မသာနကာလီ (Shmashanakali) တို့ပဲ ဖြစ်ကြပါသည်။ ဒီရုပ်သွင်တော်များထဲတွင် အိန္ဒိယ တန္တြကာဆရာသခင်များ ၊ တန္တြ ယန္တြပညာရှင်များ အလွန်ဆည်းကပ်ကိုးကွယ်ကြသော တန္တြကျမ်းစာများထဲတွင် များစွာဖော်ပြခြင်းခံရသော ဒက္ခိဏာကာလီ မယ်တော်ကြီး၏နာမတော်နှင့် ရူပတော်ကို ဖော်ပြသွားပါမည်။ ဒက္ခိဏာဟူသောအနက်မှာ အလွန်မြင့်မြတ်သော အကျိုးပေးတတ်သောဟု ယေဘူယျအားဖြင့် အဓိပ္ပာယ်ရပေသည်။ ဒက္ခိဏာ ကာလီမယ်တော်သည် ဒသမဟာဝိဒြာခေါ်သော အလွန်ကြီးမားသော ပညာမယ်တော်ဆယ်ပါးတွင် ပထမဆုံးအဦးဆုံး မယ်တော်ဖြစ်ပေသည်။
image
ဒက္ခိဏာကာလီမယ်တော်ကြီး၏အသွင်တော်မှာ အနက်ရောင်ဖြစ်သည်။ အရောင်ပေါင်းစုံတွင် မည်သည့်အရောင်မဆို အနက်ရောင်နှင့်ရောသောအခါ အနက်ရောင်သာထင်ရှားပေါ်လွင်၍ အခြားအရောင်များသည် အနက်ရောင်တွင် ပေါင်းစည်းဝင်ရောက် ပျောက်ကွယ်သွားရသည်။ ထို့အတူ မည်သည့်စွမ်းအင်မဆို မယ်တော့်ထံ၌ ပေါင်းစည်းဝင်ရောက်သွားရသဖြင့် စွမ်းအင်အားလုံးတို့ကို လွှမ်းမိုးနိုင်သောအထိမ်းအမှတ်အဖြစ် အနက်ရောင်ဖြစ်ပေသည်။မယ်တော်သည် ရှိဝသခင်၏ရင်ပတ်တော်ပေါ်တွင် ခြေတော်တစ်ဖက်နင်းကာ ခြေတ်ာကိုကားလျက် ရပ်တော်မူဟန်ရှိသည်။ ရှိဝသခင်သည် တန်ခိုးသိဒ္ဓိအားလုံးတို့၏ပိုင်ရှင်ဖြစ်ပေသည်။ ရှိဝသခင်သည် ထိုသို့တန်ခိုးသိဒ္ဓိများပြည့်ဝနေခြင်းမှာ ကိုယ်တော်၏ရင်တွင်း၌ ကာလီမယ်တော်၏စွမ်းအင်များ ကိန်းအောင်းနေ၍ဖြစ်သည်။ ကျမ်းစာများတွင် ရှိဝဟူသော နာမတော်၌ "ဣ"အက္ခရာသည် စွမ်းအင်၏ အထိမ်းအမှတ်ဖြစ်သည်။ ရှိဝတွင် ဣ အက္ခရာကို ဖြုတ်လိုက်ပါက ရှဝ ဟုဖြစ်သွားသည်။ ရှဝ ဟူသောအဓိပ္ပာယ်မှာ အသေ အလောင်း ဟု အဓိပ္ပာယ်ရသည်။ စွမ်းအင်ရှက္တီ မရှိတော့လျှင် ရှိဝသခင်သည်လည်း အလောင်းတစ်လောင်းကဲ့သို့ ဖြစ်သွားမည်ဟု ကျမ်းစာတွင်အတည်အလင်းဖော်ပြထားသည်။

မယ်တော်၏ခြေတော်နင်းထားသောရှိဝသခင်၏အသွင်တော်ကို ရှဝရှီဝ ဟု ခေါ်သည်။ ရှိဝသခင်သည် အလောင်းအသွင်ဖြင့် မယ်တော်ခြေတော်နင်းရာ၌ လှဲလျောင်းနေခြင်းမှာ ကာလီ၏စွမ်းအင်သည် ငါ၏ရင်တွင်း၌တည်ရှိသည်
ကာလီ၏စွမ်းအင်မရှိပါက ငါသည်ပင်လျှင် အလောင်းတစ်လောင်းကဲ့သို့ ဘာမျှမစွမ်းနိုင် ဟု ကိုယ်တော်မှ ဖော်ပြထားခြင်းဖြစ်သည်။
image
မယ်တော်သည်ရှိဝသခင်၏ရင်ပတ်တော်ပေါ်တွင် ဘယ်ဘက်ခြေတော်ကိုချထားကာ မြေပြင်ပေါ် သို့မဟုတ် ရှိဝသခင်၏ခြေတော်ပေါ်တွင် ယာဘက်ခြေတော်ချထားသည်။
မြေပြင် သို့မဟုတ် ရှိဝသခင်၏ခြေတော်မှာ လောကကို ဖော်ဆောင်ထားခြင်းဖြစ်သည်။ ငါသည် ရှိဝသခင်၏ ရင်၌ရှိသကဲ့သို့ တစ်လောကလုံး၌လည်း တည်ရှိသည်ဟု အဓိပ္ပာယ်ရသည်။ လက်တို့ကိုဖြတ်၍ ခါးတော်၌ ဆင်မြန်းထားခြင်းမှာ လောကီအလုပ်တို့မှ ရပ်၍ ငါ့ထံတော်သို့ချဉ်းကပ်ခဲ့ကြလော့ ဟု တပည့်သားသမီးများကို အသိပေးထားခြင်းဖြစ်သည်။ သင်တို့၏လက်များသည် လောကီကိစ္စများတွင် မအားမလပ်အောင် လုပ်ကိုင်နေခြင်းမှရပ်တန့်၍ သင်တို့လက်များအား ငါ့ထံတော်တွင် ဝန်းရံစေလော့ဟု မယ်တော်မှ ဆုံးမအသိပေးထားခြင်းဖြစ်သည်။ ခေါင်းပြတ်များကို သီကုံး၍ လည်တော်တွင် ဆင်မြန်းထားခြင်းမှာလည်း သင်တို့သည် ဒွါရဣနြေ္ဒတို့ကို ထိန်းချုပ်၍ ငြိမ်သက်စေလျက် ငါ့ရင်ခွင်သို့ လာကြလော့ဟု မယ်တော်မှ ဖိတ်ခေါ်တော် မူထားခြင်းဖြစ်သည်။ အကြောင်းမှာ မျက်စိ နား နှာခေါင်း လျှာ အရေပြား စိတ် တည်းဟူသော အာရုံခံစားမှုကိုလက်ခံရာ ဒွါရခြောက်ပါး တံခါးခြောက်ပေါက်တို့သည် ဦးခေါင်းတွင် အားလုံးတွေ့နိုင်ပေရာ ဦးခေါင်းများကိုဖြတ်ထား၍ လည်တော်တွင်ဆင်မြန်းထားခြင်းမှာ သင်တို့သည် ဒွါရခြောက်ပါးကို နိုင်အောင်ထိန်းချုပ်၍ အာရုံများကို ပယ်သတ်ကာ ငါ့ထံတွင် ခိုလှုံလော့ ဟု မယ်တော်မှ ဖော်ပြထားခြင်းဖြစ်သည်။ လခြမ်းကွေးသဏ္ဍာန် ဓားကောက်မှာ ဉာဏ်ပညာကို ဖော်ဆောင်ထားခြင်းဖြစ်သည်။
image
ဉာဏ်ပညာတည်းဟူသောဓားဖြင့် အာရုံများကို ထိန်းချုပ်ပယ်သတ်လော့ဟူသောအဓိပ္ပာယ်ဖြင့် ဘယ်ဘက်အထက်လက်တော်တွင် ဓားကောက်ကိုကိုင်ကာ ဘယ်ဘက်အောက်လက်တော်တွင် လတ်လတ်ဆတ်ဆတ်ဖြတ်ထားသောခေါင်းပြတ်ကို ကိုင်ဆွဲထားခြင်းဖြစ်သည်။ ယာဘက်အထက်လက်တော်သည် ဘေးရန်ကင်းစေဟု အဘယမုဒြာ ပြထားပြီး ယာအောက်လက်တော်မှာ အလိုရှိတိုင်းပြည့်စေ အကျိုးပေးစေဟု အဓိပ္ပာယ်ရသော ဝရဒမုဒြာကို ပြထားသည်။ ဉာဏ်ပညာဖြင့် အာရုံများကို ပယ်သတ်၍ ငါ့ဆီသို့ ချဉ်းကပ်လော့ ။ ထိုသို့ပြုလျှင် သင်တို့တွင် ဘေးဘယာမရှိတော့ဘဲ အလိုရှိသောဆုကိုရလိမ့်မည်ဟု အဓိပ္ပာယ် ဖော်ဆောင်နေသည်။ နားတော်နှစ်ဖက်တွင် အလောင်းတစ်စုံကို ဆွဲထားသည်။ ယာနားတော်ရှိအလောင်းမှာ နေမင်းဖြစ်ပြီး ဘယ်နားတော်ရှိအလောင်းမှာ လမင်းဖြစ်သည်။ နေလတို့သည် နေ့နှင့်ညကို ကိုယ်စားပြုသည်။ နေ့နှင့်ညတို့သည် အချိန်ကို ကိုယ်စားပြုသည်။ ငါသည်အချိန်ကာလ၏ အထိန်းချုပ်ခံမဟုတ် အချိန်ကာလကိုသာ ငါက ထိန်းချုပ်ထားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ လျှာတော်ကို ရှည်လျားစွာထုတ်၍ သွားတော်များဖြင့်ကိုက်ထားခြင်းမှာ ရမ္မက်တည်းဟူသော လျှာကို သတိတည်းဟူသော သွားဖြင့်ထိန်းချုပ်ကာ ငြိမ်ဝပ်စေလော့ဟု မယ်တော်မှ ဆုံးမတော်မူထားခြင်းဖြစ်သည်။ မျက်လုံးတော်မှာ သုံးလုံးဖြစ်သည်။ အရာရာကို ပကတိမျက်စိဖြင့်မျှသာမကြည့်ဘဲ ဉာဏ်မျက်စိဖြင့်ရှုမြင်ကကြလော့ဟု ဆိုလိုသည်။
image
တတိယမျက်လုံးတော်မှာ ဉာဏ်မျက်လုံးတော်ဖြစ်သည်။
ဦးခေါင်းတော်ဘယ်ဘက်တွင် လခြမ်းကွေးကို ဆင်မြန်းထားခြင်းမှာ မသေဆေးအမြိုက်ရည်သည် ဉာဏ်ပညာ၌ရှိသည်ဟု ဖော်ပြနေသည်။ လခြမ်းကွေးသည် အမြိုက်ဆေးရည်၏သင်္ကေတဖြစ်ပြီး ဦးခေါင်းသည် အသိဉာဏ်ပညာကို ကိုယ်စားပြုသည်။ဆံပင်ဖားလျား ချထားခြင်းမှာ အချုပ်အနှောင်ကင်း၍ လွတ်လပ်ခြင်း၏ သင်္ကေတဖြစ်သည်။ ဆံတော်များ အထက်သို့လွင့်ပျံနေဟန်မှာ ဉာဏ်ပညာဖြင့် အချုပ်အနှောင်များမှကင်းလွတ်ကာ အထက်သို့တက်လော့ဟု နိမိတ်ပြထားဟန်ဖြစ်သည်။ ကိုယ်တော်တွင် အဝတ်အထည် ဝတ်ဆင်မထားခြင်းမှာ အပေါ်ယံအကာများမှ ကင်းလွတ်စေကာ အနှစ်သာရရှာဖွေလော့ဟု လမ်းညွှန်တော်မူခြင်းဖြစ်သည်။ သုဿာန်တွင် တည်နေဟန်မှာ သတ္တဝါအားလုံးသည် သေခြင်းအဆုံးဖြစ်သည်ဟု သတိပေးခြင်းပင် ဖြစ်သည်။ ခွေးအများသည် ခေါင်းပြတ်မှ သွေးများသောက်နေဟန်မှာ ဉာဏ်နည်းသူတို့သည် ငါ့ထံသို့ချဉ်းကပ၍ အာရုံခံစားရန် လောကီစည်းစိမ်များကိုတောင်းကြသဖြင့် သူတို့သည် သူတို့လိုရာကိုရကြသော်လည်း ငါအမှန်ပေးသော စစ်မှန်သောချမ်းသာကို မယူနိုင်ကြပေဟု မယ်တော်မီ ပုံဆောင်ပြသထားခြင်းဖြစ်သည်။
image
ॐ क्रीं कालिकायै नमःOm Kring Kalikaye Namah
ॐ क्रीं काली : Om Krim Kali

“Om khargang chakra-gadeshu-chapa-parighan shulang bhushundIng shirahshankhang sanda-dhatIng karistri-nayanAng sarbanga-bhushabritam. nIlashma-dyutimasya pada-dashakang sebe maha kalikang yamastou-chhaite harou kamalajye hantung madhung kaitavam”

“Om karala-badanam ghoram mukta-keshim chatur-bhuryam. kalikam dakshinam dibyam munda-mala bibhushitam sadya-chinna shira kharga bama-dordha karambujam abhayam baradan-chaiba dakshina-dardha panikam”
image
#လင်းညို့တာရာ

Please Follow&Upvote@pockerlay

Sort:  

Nice picture!
You got an upvote, so it would be kind to follow this account for more upvotes in the future :)

Great picture! I like it :)
You got an upvote, so it would be a nice gesture to follow this account for more upvotes in the future :)

Nice photo

Good writing

Wow Colourful picture

Your Post Has Been Featured on @Resteemable!
Feature any Steemit post using resteemit.com!
How It Works:
1. Take Any Steemit URL
2. Erase https://
3. Type re
Get Featured Instantly & Featured Posts are voted every 2.4hrs
Join the Curation Team Here | Vote Resteemable for Witness

Congratulations! This post has been upvoted from the communal account, @minnowsupport, by pockerlay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 62067.61
ETH 2414.80
USDT 1.00
SBD 2.57