အဆင်​မ​ပြေမှုများနဲ့ဘဝ

in #esteem6 years ago

image

မနက် ၉ နာရီ အမေ ရုတ်တရက်ဖုန်းထိုးလာတယ်
သား****ဟဲလို အမေ
အမေ*****အေ သားရေ အမေဒီနေ့ ဖုန်းအစောကြိးဆက်လာတာ အရေးတကြီးကိစ္စ ရှိလို့ပါ မင်းညီမလေး တက္ကသိုလ်တက်နေတာ အခု ကျောင်းဖွင့်ရက်နီးလာပြီ အဲ့တာ ပိုက်ဆံထည့်ပေးဖို့ပြောမလို့ပါ
သား****အရင်လကုန်တုန်းက ထည့်ပေးလိုက်တဲ့ ငွေ နှစ်သိန်းကော ကုန်ပြီလား အမေ
အမေ****သားရယ် ရွာမှာက ပြောင်းဈေးက သိပ်မကောင်းဘူးလေ ပြီးတော့ မြေသြဇာ အကြွေးတွေလဲရှိသေးတယ်သားရဲ့ ဘယ်လောက်ပါ့မလဲ
သား****ဟုတ်ပါပြီ အခုကကော ညီမလေးကျောင်းအတွက်နဲ့ အမေတို့သုံးဖို့ ဘယ်လောက်ထည့်ပေးရမှာလဲ
အမေ**** သားထည့်နိုင်သလောက်ထည့်ပေးလိုက်ပါ ဒါနဲ့သား အလုပ်အဆင်ပြေရဲ့လား
သား***** ဟုတ်ပြေပါတယ်အမေ အခုတလော အလုပ်များတယ် ပြီးတော့ ဝင်ငွေက အရင်အလုပ်ထက်သာတယ် အမေ တရက်ကို မြန်မာငွေ သုံးသောင်းလောက်ရတယ် ရွာမှာဆို မရဘူးလေ အမေ
အမေဝမ်းသားလိုက်တာ သားရယ် ဘာအလုပ်များလဲ သားရဲ့
သား****ထွေထွေထူးထူး မဟုတ်ပါဘူးအမေရယ် မှန်တွေ လိုက်ပြီး ဆေးကြောရတယ် သိပ်လဲမပင်ပန်းပါဘူးအမေ
အမေ
ဟုတ်ပါပြီ သားရယ် ဘာအလုပ်ပဲဖြစ်ဖြစ်ပါ ကြိုးစားပင်လုပ်နော်သား ရွာမှာလို ထန်းတက်၊လယ်စိုက်တာထက်တော့ သာမှာပါ
သား**** ဟုတ်ကဲ့အမေ အဲ့ဒါဆိုလဲ သားအလုပ်ဝင်ရတော့မယ်အမေ သားပိုက်ဆံလွဲပြီးတာနဲ့ ဖုန်ူပြန်ဆက်လာခဲ့နော်အမေ ညီမလေးကိုလဲ သတိရတယ်ပြောပေးပါဦး စာကိုလဲကြိုးစားပါလို့ အစ်ကို့လို သူများနိုင်ငံမှာ မရှာစားရအောင် ပညာတက်တစ်ယောက်ဖြစ်ယောက် လေ့လာပါလို့ မှာပေးပါဦးအမေ
အမေ****ဒါပဲနော်သားရေ အမေလဲ ဖုန်းပိုက်ဆံကုန်တော့မယ် နောက်မှဆက်ပြောရအောင်ကွယ်...
သား***** ဟုတ်ကဲ့အမေ..နေကောင်းအောင်နေနော်...... ( ၄၉ ထပ်ပေါ်ကနေ အောက်ခြေအထပ်ထိ ကြိုးတစ်ချောင်းတည်းနဲ့ ဆင်းပြီး မှန်သန့်ရှင်းရေလုပ်နေတဲ့ မြန်မာနိုင်ငံသားတို့ရဲ့ အန္တရာယ်ကြီးမားလှတဲ့ ဘဝကံ##ကြမ္မာကို ခံစားရေးသားဖော်ပြခြင်းပါ)
image
Credit#

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64029.44
ETH 3157.04
USDT 1.00
SBD 4.02