လ​​ရောင်​နမ်းမှ ပွင့်​သည့်​ကြာ

in #esteem6 years ago

လ​​ရောင်​နမ်းမှ ပွင့်​သည့်​ကြာ
image

``တီ..တီ...တီ..တီ..တီ...´´

ညဉ့်​နက်​ကြီး ဖုန်းထမြည်​တာ​ကြောင့်​ ကြာ ဘယ်​သူဘယ်​ဝါမကြည့်​ပဲ ​ကောက်​ကိုင်​လိုက်​သည်​။

ဟဲလို....​ပြောပါ..´´သမီး ​မေ​မေ​လေးပါ..´´

ဒီချိန်​ကြီး ဖုန်းဆက်​တာ​ကြောင့်​ ကြာ စိုးရိမ်​စိတ်​​တော့ဖြစ်​မိသည်​။ထို့​ကြောင့် အိပ်​​နေရာမှ ထပြီး ထိုင်​လိုက်​သည်​။

ဒီချိန်​ကြိး ဘကိစ္စလဲ..´´ခုချိန်​ထိ သမီးညီမ​လေး ပြန်​မ​ရောက်​​သေးဘူး ​မေ​မေ လဲစိတ်​​တွေပူလှပြီ..မိုး​တွေလဲ တအားကြီး​နေတာ.ရှာဖို့လဲမလွယ်​ဘူးဖြစ်​​နေတယ်​..´´

စိုးရိမ်​တကြီးနဲ့ ​မေ​မေ​လေး အသံက သိသာ​နေသည်​။ ကြာ ရင်​ထဲလဲ အသက်​ရွယ်​အရ ခုချိန်​ထိ အိမ်ပြန်​မလာတာ အန္တရာယ်​များတာ​ကြောင့်​ စိုးရိမ်​မိသည်​။

´အာ့​တော့ ကြာ ကဘာတက်​နိုင်​မှာလဲ..´´အဲဒါ သမီး ပတ်​ဝန်းကျင်​မှာ တ​ယောက်​​ယောက်​များ သိမလား မသိလို့ ဆက်​ကြည့်​လိုက်​တာ..​မေ​မေ​လေးလဲ စိတ်​​တွေ ပူလှပြီ..´´
အင်း စုံစမ်းကြည့်​လိုက်​မယ်​...တ​နေရာရာ မှာမိုးမိနေလို့ ပြန်​မလာ​သေးတာ​နေမှာပါ..စိတ်​မပူပါနဲ့...´´​အေးကွယ်​..​အေး​အေး..´´

ကြာ ​မေ​မေ​လေးနဲ့ စကား​ပြောပြီး ​နှောင်းအ​ကြောင်းသိတဲ့ မိတ်​​ဆွေ​တွေ ဆီဆက်​ကြည့်​​ပေမယ့်​ မရှိ။ ကြာ ပတ်​ဝန်းကျင်​မှာလဲ ​နှောင်းတို့သားအမိကို သိသူရှားသည်​။
တညလုံး စိုးရိမ်​စိတ်​နဲ့ အိပ်​မ​ပျော်​ခဲ့။

``ဟင်းဟင်း....ဟင်းဟင်း...´´

ဆရာဝန်​က ​အဖျားကျ​ဆေး ထိုးထား​ပေမယ့်​ အဖျားကမကျ။ မဝင်​တဲ့​ဆေးကိုလဲရ​အောင်​တိုက်​ထားသည်​။ ဒါ​တောင်​အဖျားမကျပဲ ရှိ​သေးတာ​ကြောင့်​ စိုင်း​နောင်​ ​ရေစိုပတ်​ တိုက်​​ပေး​နေရသည်​။ တခါတခါ ​နှောင်းက ညည်းသံနဲ့အတူ...

ဦး​နောင်​....မသွားပါနဲ့..ဦး​နောင်​..´´ကြည့်​ အိမ်​မက်​ထဲငါ့ကို ​ခေါ်​နေတာ..ငါကျ ခုထိမအိပ်​ရ​သေးဘူး..´´

မျက်​ခွံ​တွေ​လေးလံ​နေ​ပေမယ့်​ အားယူပြီး ဖွင့်​ကြည့်​လိုက်​သည်​။ အလင်း​ရောင်​စူးရှ​နေတာမို့ မျက်​လုံးကိုဖွင့်​လိုက်​ပိတ်​လိုက်​လုပ်​လိုက်​သည်​။ ပြီး​တော့ ခန္ဓာကိုယ်​ က ​ညောင်းညာသလိုဖြစ်​​​နေတာ​ကြောင့်​ အားယူလှုပ်​ကြည့်​​တော့ တခုခုက ဆွဲထားသလိုဖြစ်​​နေတာ​ကြောင့်​ ​ဘေးကိုလှည့်​ကြည်​​တော့ဦး​နောင်​က ​နှောင်း လက်​​မောင်​ကိုဆခါင်းအုန်းကာ.နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​​နေသည်​။ ​ဘေကိုကြည့်​လိုက်​​တော့ ​ရေဇလုံနဲ့ အဝတ်​စိုပတ်​​တွေ့တာ​ကြောင့်​ ညက ​နှောင်းအ​​ခြေ​နေကို​နှောင်း သိလိုက်​သည်​။ လက်​က​ညောင်း​နေ​ပေမယ့်​ ဦး​​နောင်​ အိပ်​ပျက်​မှာစိုး၍ ငြိမ်​​နေလိုက်​သည်​။ သို့​သော်​ ​ညောင်း​နေသည့်​ဒဏ်​က ကြိတ်​ခံ၍ မရတာ​တောင့်​မငြိမ်​မသက်​ဖြစ်​​နေသည်​။

``​သြော်​ ​ဆောရီး ကိုယ်​အိပ်​​ပျော်​သွားတယ်​ ဘယ်​လို​နေ​သေးလဲ သက်​သာလာ အင်း အဖျား​တော့ကျသွားပြီစိတ်​ပူစရာ​တော့မလို​တော့ဘူး ​ဆေး​သောက်​ရင်​ ရပြီ´´

သူ့ဘာသာသူ​မေး သူ့ဘာသာသူ စမ်းသပ်​ သူ့ဘာသာသူ​ဖြေ လုပ်​​နေသည့်​ ဦး​နောင်​ကို​နှောင်းကြည့်​ပြီး ပြုံးမိသည်​။

ဘာရီတာလဲ ကိုယ်​ကရီစရာ​ကောင်း​နေတာလား..´´မဟုတ်​ပါဘူး...​ဦး​နောင်​ရဲ့ ​နှောင်းသ​ဘောကျလို့ပါ..´´
ဟင့်​ သ​ဘောကျတာထက်​ လူကိုစိတ်​ပူ​အောင်​ လုပ်​တယ်​..´´ဟီးဟီိး လန့်​သွားတာလား..´´
စပ်​ဖြဲဖြဲ ​နှောင်းမျက်​နှာ​ကြောင့်​ စိုင်း​နောင်​က​နှောင်းနဖူးကိုလက်​သီးနဲ့ထုလိုက်​သည်​။ မနာတာသိ​ပေမယ့်​...

အား....နာလိုက်​တာ ​နေမ​ကောင်းတဲ့သူကိုအနိုင်​ကျင့်​ရလား မ​ကောင်းတဲ့လူကြီးရ...´´​ဟေ့​ဟေ့ အာ့​လောက်​​အော်​မ​နေနဲ့ မနာဘူးဆိုတာသိတယ်​...လူမမာကလူမမာလို​နေ​လေ..ဘာလို့ အာဖြဲ​အော်​​နေတာလဲ..´´
ဟွန့်​ သူကျ​တော့ လူမမာလို့ဆက်​ဆံတာကျ​ရော..´´ဘာ​ပြောတယ်​ သတ္တရှိရင်​ငါကြား​အောင်​​ပြော​လေ ဆီမန်း မန်း​နေသလိုဘပွစိပွစိလုပ်​မ​နေနဲ့..´´
ဘာဖြစ်​လဲ လုပ်​မှာပဲ..´´ဘာဖြစ်​လဲ လုပ်​မ​နေနဲ့ ထ ​ဆေး​သောက်​ရ​အောင်​.ပြီးအိမ်​ပြန်​​တော့..´´
ဟင်းအင်​ ​သောက်​ချင်​ဘူး ​နှောင်းက​ဆေး​သောက်​ရတာ​ကြောက်​တယ်​ ပြီး အိမ်​မပြန်​ချင်​ဘူး တစိမ်း​ယောက်ျား​လေးအိမ်​မှာ ညအိပ်​တဲ့ မိန်းခ​လေးကိုဘယ်​သူကယုံ​တော့မှာလဲ...´´ဘာကွ ..မင်းကိုငါ လက်​ဖျားနဲ့​တောင်​ထိခဲ့တာမှမဟုတ်​တာ..´´
``အဲဒါကို ဦး​နောင်​ တ​ယောက်​ချင်းလိုက်​ရှင်းပြပြီး အားလုံး ပါးစပ်​ပိတ်​နိုင်​လား​ပြော...´´

ညအချိန်​မ​တော်​ ကြီးမလို့ ကိုယ့်​အိမ်​ ​ခေါ် သိပ့်​မိတဲ့ ကိ့ကိုယ်​ကိုပဲ အပြစ်​တင်​ရ​တော့မည်​။ ​နှောင်းဘက်​ကကြည့်​ရင်​လဲ ဟုတ်​​နေသည်​။ ဒါမယ့်​ စိုင်း​နောင်​ရင်​ထဲ ကြာ ကရှိ​နေပြီးသား..။

ဒါက​တော့ မင်းနဲ့ငါ ရိုးရင်​ ရတာပဲ မဟုတ်​လား အန်​တီကို ကိုယ်​ကိုယ်​တိုင်​ရှင်းပြမယ်​..´´ဘာလဲ ဦး​နောင်​ က ​နှောင်းကိုတာဝန်​ယူဖို့ယုံကြည်​ချက်​မရှိဘူးလား..မိန်းခ​လေးတ​ယောက်​ နာမည်​ပျက်​​တော့မှာကို လျစ်​လျူရှူနိုင်​တာ ဦး​နောင်​ရင်​ထဲ မမကြာ ရှိ​နေလို့လား..´´
ဘာ​ပြောတယ်​...´´ဟုတ်​တယ်​...မမကြာနဲ့​နှောင်းနဲ့က အ​ဖေတူ အ​မေကွဲညီအမ​တွေ ​နှောင်းတို့ကို စိတ်​နာလို့ မမကြာက မိသားစု စာရင်းထဲမသွင်းတာ..ဦး​နောင်​ မသိ​သေးတာ​တွေအများကြီးရှိ​သေးတယ်​..ဦး​နောင်​ ရင်​ထဲ မမကြာ.ရှိသလိုမျိုး မမကြာရင်​ထဲမှာလဲ လ​ရောင်​ဆိုတဲ့ ကိုထူခန့်​ရှိ​နေယ်​..´´
ထူးခန့်​....ဟုတ်​လား..´´ဟုတ်​တယ်​...ကိုထူးခန့်​က ​ခေါင်းကိုအရိုက်ံရပြီး အတိတ်​​မေ့ ​ဝေဒနာရှင်​အ​နေနဲ့ မမကြာတို့အိမ်​​ရောက်​သွားတာ..ခု ကိုထူးခန့်​ကအတိတ်​ကိုပြန်​မမှတ်​မိ​သေး​ပေမယ့်​ ​ယောက်နဲ့တ​ယောက်​ နှလုံးသားချင်းလက္ခံကြတယ်​..ဒါကလဖဲ သူတို့အချစ်​စစ်​လို့ဖြစ်​မှာပါ..´´

``အဲဒါ​ကြောင့်​ လ​ရောင်​ကို ငါမြင်​ဖူးသလိုရှိ​နေတာ လက်​စသက်​​တော့ ဦးမြတ်​သားကိုး...´´

စိုင်း​နောင်​ ချက်​ချင်း ကြာ အိမ်​က ​ပေါ​တော​တော လ​ရောင်​ကို​ပြေးမြင်​လိုက်​မိသည်​။

``ထူးခန့်​ မင်းက ငါပိုင်​ဆိုင်​ချင်​သမျှ မင်းကပိုင်​ဆိုင်​ပြီးနှင့်​တာကိုး..အဟား...ဟား...ဟား....´´

Sort:  

This post has received a 0.12 % upvote from @drotto thanks to: @phyopyae.

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64550.89
ETH 3156.32
USDT 1.00
SBD 4.30