အချစ်​မမည်​ခဲ့​သောအချစ်

in #esteem6 years ago

image
ဒီ​နေ့....ကိုကိုကြီးက...​ကြွေ့ကိုအ​ဝေးသင်​​ပြောင်းတဲ့ကိစ္စနဲ့ပတ်
သက်​ပြီးကူညီ​ပေးခဲ့သည်​.....​ကြွေ.....ဒီအိမ်​မှာ​နေရတာ...
လို​လေ​သေးမရှိခဲ့​ပေမဲ့....​မေ​မေ့ကို​တော့သတိရမိသည်​....
ကြွေက​ကောင်း​ကောင်း​နေ...​ကောင်း​ကောင်းစားပြီး​မေ​မေက...
ရောအဆင်​​ပြေရဲ့လား....ထမင်းကို​ရောပုံမှန်​စားဖြစ်​ရဲ့လား...
အဲ့ဒီလူကြီးက​ရော...​မေ​မေ့ကိုဘာ​တွေများအကြပ်​ကိုင်​​နေတာလဲ...
ကြွေ...စဉ်းစားရင်း​မေ​မေ့ကိုစိတ်​ပူမိသည်​။ဘာလိုလိုနှင့်​​ကြွေ.÷ရန်​ကုန်​ကို
ရောက်​​နေသည်​မှာ၁လပင်​ပြည့်​​လေပြီ......ဒီအချိန်​​လောက်​ဆို...
အိမ်​မှာ​အေးချမ်း​လောက်​ပြီ.....​ကြွေကထင်​​နေမိသည်​။
ကိုကိုကြီးက.....​ကြွေသုံးရန်​ဖုန်းတစ်​လုံးကို....၀ယ်​​ပေးခဲ့သည်​။
ဖုန်းကအ​ကောင်းစားပင်​.....​ကြွေ့ဘ၀ကအိပ်​မက်​မက်​​နေသလိုပင်​...
နေ့ခြင်းညခြင်း​ပြောင်းလဲသွားခဲ့သည်​။
ဒီ​နေ့.....​ကြွေ....မယ်​မယ့်​ကိုသ​ရေစာတစ်​ခုခုလုပ်​​ကျွေးရန်​....
နောက်​ပြီး....​ရေခဲ​သေတ္တာတွင်​စားစရာတချို့လည်းကုန်​​နေပီ
ုဖြစ်​​သော​ကြောင့်​...​ကြွေ.....ကုန်​တိုက်​သို့ထွက်​လာခဲ့သည်​။
ကုန်​တိုက်​သို့​ရောက်​​သောအခါ.....၀ယ်​စရာရှိသည်​များကို
ဝယ်​ခြမ်းပြီး......အ​အေးဆိုင်​တစ်​ဆိုင်​တွင်​ထိုင်​​နေလိုက်​သည်​။
ထိုင်​​နေစဉ်​မှာပင်​...​ကြွေတစ်​ခုသတိရသွားသည်​.....​မေ​မေ့ကြိ
ဖုန်းဆက်​ရမည်​.....​ကြွေ....လက်​ကဖုန်းနံပါတိတစ်​ခုကိုအလျင်​အမြန်
နှိပ်​လိုက်​ပြီး.....ဖုန်း​ခေါ်လိုက်​သည်​။
"တူ....တူ.....တူ..."
ဖုန်းဝင်​သွား​ပြေီ...​ကြွေလည်းဝမ်းသာအားရနှင့်​...​မေ​မေဖုန်းကိုင်
သည်​အထသ်​နှင့်​....စကား​တွေကိုတရစပ်​​ပြော​နေမိသည်​။
"ဟယ်​လို....​မေ​မေ...သမီး​ကြွေပါ÷÷÷​မေ​မေ​နေ​ကောင်းလားဟင်​..
သမီးကိုစိတ်​မပူပါနဲ့​နော်​....သမီး​နေရာ​ကောင်းတ​နေရာမှာရှိ​နေ
တယ်​သိလား.....​မေ​မေအဆင်​​ပြေရဲ့လားဟင်​...."
ကြွေ....ဖုန်း​ပြော​နေရင်း​မေ​မေ့ကိုသတိရစိတ်​နှင့်​မျက်ရည်​ပါဝဲလာမိ
သည်​....​ကြွေ့ဘက်​ကသာစကား​ပြော​နေတာ​မေ​မေ့ဆီကဘာအသံ
မှထွက်​မလာ​သေး....
"ဟယ်​လို....​မေ​မေ....​မေ​မေ​ကြွေ​ပြော​တာကိုနား​ထောင်​​နေလားဟင်​."
"............."
တဖက်​မှ"အင်း"ဆိုသည့်​အသံတစ်​ခုပဲကြားသည်​.......
နောက်​ထပ်​​ကြွေ့ကို​မေးလာသည့်​စကားများက...​မေ​မေ့အသံနှင့်​မတူ
နား​ထောင်​ရတာတမျိုးဖြစ်​​နေသည်​။မေ​မေက​ကြွေ​ရောက်​သည့်​မြို့ကို
မေး​နေခြင်းပင်​.....
"​ကြွေအခုရန်​ကုန်​မြို့မှာ​ရောက်​​နေတာပါ....​မေ​မေ....​ကြွေအခု​ဈေး
လာဝယ်​ရင်းနဲ့​မေ​မေ့ကိုသတိရလို့ဖုန်းဆက်​​လိုက်​တာပါ..."
မေ​မေကလည်းဇွတ်​တရွတ်​ပင်​...​ကြွေ​နေသည့်​လိပ်​စာကို​တောင်း
နေ​လေသည်​....​ကြွေ့စိတ်​ထဲမသင်္ကာချင်​​တော့...
"​မေ​မေ့ရဲ့အသံတမျိုးဖြစ်​​နေသလိုပဲ​မေ​မေ​နေမ​ကောင်းဘူးလားဟင်​"
တဖက်​မှ​ချောင်းဆိုးသံ​လေးထွက်​လာ​တေ့....​ကြွေလည်း​မေ​မေ​နေမ​ကောင်းမှန်းယုံကြည်​လိုက်​မိသည်​....
"​ကြွေ....​နေတာက......​ရွှေ​တောင်​ကြား........လမ်းမှာပါ....​မေ​မေ
ဒါပဲ​နော်​​မေ​မေ......​ကြွေအိမ်​​ရောက်​ရင်​​မေေ​မေ့ကိုဖုန်းထပ်​​ခေါ်လိုက်
မယ်​​နော်​....​ကြွေပြန်​​တော့မယ်​​နော်​..."
"..........."
တဖက်​က​မေ​မေ့ဆီကခွင့်​ပြုချက်​ရ၍......​ကြွေလည်းဖုန်းချလိုက်​​လေသည်​။
"​မေ​မေ....​နေမ​ကောင်းဘူးဆိုပါလား÷÷÷ငါ​မေ​မေ့ဆီလည်းသွား
ချင်​တယ်​....ဒါမဲ့....မဖြစ်​နိုင်​ပါဘူး​လေ...."
ကြွေ...အိမ်​ပြန်​​ရောက်​​တော့.....မယ်​မယ့်​အတွက်​ရှမ်း​ခေါက်​ဆွဲ
လုပ်​​ပေးလိုက်​သည်​။မယ်​မယ်​က​ကြွေရှိ​နေလျှင်​​ပျော်​ရွှင်​မဆုံး....
ကျန်းမာ​ရေးကလည်းအရင်​ကနဲ့မတူသိသိသာသာတိုးတက်​လာခဲ့သည်​။
မယ်​မယ်​ကအရင်​ကတည်းကအခန်းတွင်း​အောင်းခဲ့​ပေမဲ့......
ယခု​နောက်​ပိုင်းမယ်​မယ်​ကအပြင်​သို့​တောင်းလည်​တတ်​သည်​။
ကြွေကိုယ်​တိုင်​ပဲမယ်​မယ့်​ကို.....အနားမှာတစ်​ဖ၀ါးမှမခွာပဲ....
ကြည့်​ရျူ​စောင့်​​ရှေက်​​ပေးခဲ့သည်​။ကိုကိုကြီးရဲ့​ကျေးဇူးများက
ကြွေ့အ​ပေါ်မှာ....များလွန်းလှသည်​...​ကြွေ...ရဲ့ပညာ​ရေးကိစ္စများ
ကိုလည်းကိုကိုကြီးကပဲ....တာဝန်​ယူ​ဆောင်​ရွက်​​ပေးခဲ့သည်​။

"ရှင်​....ရှင်​.....သမီး​လေးကိဘြာမှမလုပ်​နဲ့​နော်​......ကျွန်​မ​တောင်းပန်​ပါတယ်​.. ...သမီး​လေးကိုလွှတ်​​ပေးလို​၊က်​ပါ..."
ဦးမင်းဒင်​က...​ဒေါ်ပန်းမြတ်​ကို....အငြိုးမျက်​လုံးများနှင့်​ကြည့်
လိုက်​ပီး....​ကျေနပ်​​သောအပြုံးနှင့်​ထရယ်​လိုက်​​လေသည်​။
"ဟား...ဟား...လွှတ်​​ပေးရမယ်​ဟုတ်​လား....အစကတည်းက
လွှတ်​​ပေးဖုံ
စိတ်​ကူးရှိ​နေရင်​ဒီလိုမျဒုလိုက်​ပြီးရှာ​နေမှာမဟုတ်​ဘူး...ခင်​ဗျား
သိလား......ခင်​​ဗျားကအရမ်းအသုံးဝင်​သားပဲ....ဟားဟား...
မကြာခင်​​ကြွေ​လေးကိုကျုပ်​သိမ်းပိုက်​ရ​တော့မှာပါ....အဲ့ဒီအချိန်
ထိခင်​ဗျားကိုအရှင်​ထားထားမယ်​...​ကြွေ​လေးကိုရှာ​တွေ့တာနဲ့
ခင်​ဗျားကိုသတ်​ပစ်​မယ်​...."
ဦးမင်းဒင်​က ​အောင်​နိုင်​သူအပြုံးနှင့်​​ပြေပြီးထွက်​သွား​လေသည်​။
ဒေါ်ပန်းမြတ်​ရင်​​မောသွားသည်​.....သမီး​လေးနဲ့ဖုန်း​ပြော​နေတာ
သူမမဟုတ်​...ဒါကိုသမီး​လေးကသူမအမှတ်​နှင့်​...​နေရပ်​လိပ်​စာ
အပြည့်​အစုံကိုပါ​ပြောပြလိုက်​သည်​။ဦးမ်င်းဒင်​က
သူမဆီကသမီး​လေးသတင်းသဲလွန်​စရရန်​...​နေ့တိုင်းပင်
လာ​စောင့်​ကြပ်​​နေသည်​။ဒေါ်ပန်းမြတ်​ခ၊ျမှာလည်း​လှောင်​အိမ်​ထဲက
ငှက်​ပမာဖြစ်​​နေခဲ့သည်​။မဖြစ်​ဘူး....သမီး​လေးနဲ့ဘယ်​လိုဆက်​သွယ်
ရမလဲ....ဖုန်းကငါ့ဆီမှာမဟုတ်​ဘူး.....သမီး​လေးကိုတ​နေရာ
ေ၊ပြာင်းခိုင်းရမယ်​....ငါဘယ်​လိုလုပ်​ရမလဲ.. .....

"သာလွန်း....ငါတို့နဲ့လိုက်​ခဲ့ပါလား....ငါ့သူငယ်​​တွေနဲ့ငါတုံ
အ​အေးဆိုင်​သွားမလို့​လေ..."
တိမ်​လွှာဖြူ ရဲ့အ​ပြော​ကြောင့်​ သာလွန်း​ခေါင်းခါပြလိုက်​သည်​။
"မသွားဘူးငါမအား​ဒသဘူး....စာကျက်​စရာ​တွေရှိ​သေးတယ်​...
နောက်​ပြီးနင်​တုံမိန်းက​လေးတစ်​စုကြားထဲမှာငါကဘာလိုက်
လုပ်​ရမလဲ......"
သာလွန်းရဲ့အ​ဖြေကိုတိမ်​လွှာဖြူကသ​ဘောမကျ....
"ဟာ...နင်​ကလည်းနင့်​သူငယ်​ချင်း​ကျော်​ကြီးတို့....သက်​​ဇော်​တုံ
ကို​ခေါ်​လေ....​နောက်​ပြီးအ​အေး​သောက်​ပြီးတာနဲ့
ရုပ်​ရှင်​ရုံသွားရ​အောင်​ ဇာတ်​ကား​ကောင်းတယ်​...အနမ်းဝိုင်​​လေ
အဲ့ကား..."
"နင်​တို့ပဲသွားငါမလိုက်​ဘူး.....​နောက်​ပြီးအတန်းလစ်​ပြီးမသွား
ချင်​ဘူး..."
တိမ်​လွှာဖြူ မျက်​နှာဆူပုပ်​ပုပ်​ဖြစ်​သွားသည်​.......
"ရတယ်​​လေ....နင်​မလိုက်​တဲ့အ​ကြောင်းကို​မေ​မေ့ကိုတိုင်​လိုက်​မယ်​...
နင်​ကငါနဲ့ဆိုတခါမှအပြင်​မသွားချင်​ဘူး.....ဘာလဲငါကနမိတ်​​သွေး
မဟုတ်​လို့လား...."
နမိတ်​​သွေးဆိုသည့်​နာမည်​ကြား​တော့...သာလွန်း​ဒေါသများ
ထောင်းကနဲထွက်​သွားသည်​။
"သူနဲ့ငါနဲ့ဘာမှမဆိုင်​ဘူး.....နင်​ငါ့ကိုဘာမှပုတ်​ခပ်​ပြီး​ပြောစရာ
မလိုဘူး......နင့်​ကိစ္စသာနင်​အာရုံထား...ငါ့ရဲ့ကိုယ်​​ရေးက။ု​တာနဲ့
ပတ်​သက်​ပြီးနင်​ခြယ်​လှယ်​စရာမလိုဘူး......နင်​နဲ့ငါကမိဘချင်း
သ​​ဘောတူထား​ပေမဲ့...နင့်​ငါ့ဘ၀ကိုဘာမှစွက်ွကစရာမလိုဘူး..
သ​ဘော​ပေါက်​လား....."
သာလွန်းက....တိမ်​လွှာဖြူ ကို​ပြောချင်​ရာ​ပြောပြီးအခန်းအပြင်
ထွက်​လာခဲ့သည်​။
"ငါ....ငါ​ပြောတာအဲ့ဒီသ​ဘောမဟုတ်​....."
တိမ်​လွှာဖြူရဲ့စကားမဆုံးခင်​မှာပင်​......သာလွန်းကအခန်းငြ်​ပင်
သို့​ရောက်​သွား​လေပြီ.....
ဒေါသ​တွေတအားထွက်​ပြီးစိတ်​ကိုထွက်​​ပေါက်
ပေးရန်​အတွက်​....ဆိုင်​ကယ်​​မောင်းပြီးတ​နေရာထွက်​လာခဲ့သည်​။
တိမ်​လွှာဖြူက ​ဒေါသထွက်​မဆံုး.......
"နမိတ်​​သွေး.....နမိတ်​​သွေး နင်​​သေတာ​အေး​ဆေးမ​သေဘူး​​​နော်
သာလွန်းကိုပါအရုးဖြစ်​​အောင်​လုပ်​သွား​သေးတယ်​....လာ
ငါတို့ပဲသွားကြမယ်​....."
ပြောပြီးတိမ်​လွှာဖြူတို့အုပ်​စု​ကျောင်းလစ်​ပြီးထွက်​ခဲ့​လေသည်​။
အပြင်​​ရောက်​​တော့ အိမ်​ကအဆင်​သင့်​ယူလာ​သောဝတ်​စုံများကို
လဲလိုက်​​လေသည်​။
ကြွေ....ဒီ​နေ့အ​ဝေးသင်​ရံုးမှAssignmentစာအု​ပ်​နှင့်​ပုံနှိပ်
ထုတ်​ပြီးအပြန်​....အင်းယားကန်​​ဘောင်​ဘက်​ လမ်း​လျှောက်
ထွက်​ခဲ့​လေသည်​။အင်းယားကန်​​ဘောင်​နားရှိဘူးသီး​ကြော်​ဆိုင်
လေးတွင်​ဘူးသီး​ကြော်​​လေးဝင်​စားရင်​....ကန်​​ဘောင်​ရှိထိုင်​ခုံ
တွင်​သွားထိုင်​ပီးကန်​ရေအလှကြည့်​ရန်​ထွက်​လာခဲ့စဉ်​.......
ကြွေ့ရဲ့မျက်​လံုးကမထင်​မှတ်​ပဲလူတစ်​စုကို​တွေ့သွား​လေသည်​။
ထိုလူများကလည်တစ်​စုံတစ်​​ယောက်​ကိုအသည်းအသန်​လိုက်​ရှာ
နေပုံရသည်​....​ကြွေကလြွီပီးဘယ်​သူမှမဖြစ်​နိုင်​.....ဒီလူ​တွေက
ဦးမင်းဒင်​ရဲ့လူ​တွေမှန်း​ကြွေသိလိုက်​သည်​။ကြွေ.....ဒီမှာရှိ​နေမှန်း
သူတို့ဘယ်​လိုလုပ်​သိတာလဲ....ဧကန​ကြွေ....ရှိတဲ့​နေရာကိုသိသွား
တာများလား.......ဒုက္ခပဲ ဘယ်​လိုလုပ်​ရမလဲ
"ခုနက​တွေ့လိုက်​ပါတယ်​....ဘယ်​​ရောက်​သွားတာလဲ ရှာကြစမ်း
ဒီတခါဆရာ့ကိုစိ​တ်​မပျက်​​စေနဲ့....."

ကြွေ....လည်းကြံရာမရ သည့်​အဆံုး......​ကန်​​ဘောင်​တ​နေရာရှိ
လူတစ်​​ယေကာ်​ ထိုင်​​နေသည့်​.....ခုံတန်းနားတွင်​၀င်​ထိုင်​လိုက်
လေသည်​။ကြွေ....ကထိုလူ၏ပခုံးကိုအကာအကွယ်​ယူပြီး
အောက်​မှာထိုင်​ချလိုက်​​လေသည်​။
"​ဟေ့....​ဟေ့....ဒါဘာလုပ်​တာလဲ ထစမ်းအဲ့​နေရာက​နေ...."
ထိုလူက....​ကြွေ့ကိုအတင်း​မောင်း​ထုတ်​​နေ​ပေမဲ့....​ကြွေက
ထွက်​မသွားသည့်​အပြင်​....လက်​အုပ်​​လေးချီပြီး...
"ဟို....ဟို​လေအဲ့လိုမလုပ်​ပါနဲ့...​နော်​​ကြွေ​တောင်းပန်​ပါတယ်​...."
သူ့ကိုလက်​အုပ်​​လေးချီပြီ​တောင်းပန်​စကားဆို​နေ​သောမိန်းက​လေး
ကိုသူကြည့်​လိုက်​​တော့သာလွန်း...အ​တော်​ပင်​အံ့အားသင့်​သွား
လေပြီ......."
"မင်း....မင်း...နမိတ်​​သွေး မဟုတ်​လား...."
ကြွေက......​ခေါင်းငြိမ့်​ပြလိုက်​​လေသည်​.......နမိတ်​​သွေး နင်​အရင်​က
အကျင့်​​တွေမ​ပျောက်​​သေးဘူး​နော်​.......ဒါ​ပေမဲ့နမိတ်​​သွေးက​သေသွား
့ပြီမဟုတ်​လား....သူက​ရောတကယ်​ပဲနမိတ်​​သွေးလား..ဒါမှမဟုတ်
နမိတ်​​သွေး ကတကယ်​မ​သေတာလား....သူငါ့ကို​တွေ့တာဘာ​ကြောင့်
မမှတ်​မိရတာလဲ...တစ်​ခုခု​တော့လွဲ​နေပီ

"ငါသွားစရာရှိလို့သွား​တော့မယ်​.....မင်း​နေခဲ့​တော့...."
သူထွက်​သွား​တော့မှာကို​ကြောက်​ရွံ​နေသည့်​အလား....​ကြွေက
သူ့လက်​​လေးကိုအတင်းဆွဲထားလိုက်​​လေသည်​။
"မ....မသွားပါနဲ့အံုး.....ခဏ​လေး​နေ​ပေး​နော်​...ဟိုမှာ
ဟိုလူ​တွေ​တွေ့လား......"
သာလွန်း....တစ်​​ယောက်​​ကြွေလက်​ညှိုးထိုးပြ​သော....လူတစ်​စု
ကိုကြည့်​လိုက်​​တော့....အဟုတ်​ပင်​...ထိုလူ​တွေက....တစ်​စုံ
တစ်​​ယောက်​ကိုအသဲအသန်​လိုက်​ရှာ​နေပုံရသည်​။ဒါနဲ့....သာလွန်း
လည်းဆက်​မသွား​တော့ပဲပြန်​ထိုင်​လိုက်​​လေသည်​။ကြွေ...ထိုင်
နေပုံက....သူနုဲ့သူမဘာလိုလိုညာလိုလိုသူများ​တွေကထင်​သွား
နိုင်​သည်​။
"ဟိတ်​...မင်းထပြီးထိုင်​ခုံမှာလာထိုင်​....​အောက်​မှာထိုင်​ရ်​င်
မင်းကငါ့ကိုောင်​တင်းပန်​​နေသလိုထင်​​နေအံုးမယ်​..."
"ဟို....ဟိုလူ​တွေက​တွေ့သွားအံုးမယ်​...."
"ရတယ်​....ထိုင်​....."
ကြွေက​ကြောက်​​ကြောက်​နှင့်​ခုံ​ပေါ်ထိုင်​လိုက်​​တော့.....သာလွန်းက
ဘာမ​ပြောညာမ​ပြောပဲ သူမကိုဆွဲဖက်​လိုက်​​တော့ ​ကြွေ
လန့်​သွား​လေသည်​ ။
"ရှင်​....ရှင်​ဘာလုပ်​တာလဲ.. ..လွှတ်​...."
"​ကြွေက....သူဖက်​ထားတာကိုအတင်းရုန်း​နေ​တော့.....သူ့မျက်​နှက
ကြွေ့မျက်​နှာနားတိုးကပ်​လာခဲ့သည်​...ဒုက္ခပဲ ငါ...လူ​ကောင်းလို့
ထင်​မိတာမှားပီထင်​တယ်​.....​ကြွေ့ရဲ့အ​တွေးအဆုံးသူက​ကြွေ့နားဒာ
ကပ်​ပြီးစကားတစ်​ခွန်း​ပြောသွားသည။်
"ငြိမ်​ငြိမ်​​လေး​နေ အ​နောက်​မှာဟိုလူ​တွေအကဲခတ်​​နေတယ်​....
မင်းနဲငငါချစ်​သူ​တွေလိုဟန်​​ဆောင်​မှအဆင်​​ပြေမှာ....မင်းကို
ဖ်​က်​ချင်​လို့ဖက်​တယ်​မထင်​နဲ့..."
ဒီ​တော့မှ​ကြွေရုန်း​နေမှငြိမ်​ကျသွားသည်​....​ကြွေနဲ့သူနီးက်​ပ်​လွန်းတဲ့
အထိအ​တွေ့​ကြောင့်​.....ရင်​တုန်​​နေသည်​....သူ့ဆီက....
ရေ​မွှေးနံ့ကလည်းလူကိုကျီစယ်​​နေသည်​......သာလွန်းကလည်း
မိန်းက​လေး များနှင့်​တခါမှအနီးက်​ပ်​မ​နေဖူး​တော့....ရင်​ခုန်​ချင်​သလိုလို
သူမဆီကရ​သောသနပ်​ခါးနံ့သင်းင်​သင်း​ဒလကသူ့ကိုဆွဲ​ဆောင်
နေသလိုလို........သူတို့နှစ်​​ယောက်​ ဖြစ်​ပုံကမသိရင်​သမီးရည်းဒာ
အချင်းချင်း ချိန်း​တွေ့ပြီးအနမ်း​ပေး​နေသလိုလို....
"​တွေ့လား.....ဒီ​နေရာမှတင်​ ​ပျောက်​သွားတာ....ထပ်​ရှာကြည့်
ဟိုဘက်​မှာသဒာရှာကြည့်​...."
ထိုလူများက​ပြောပြီး​ထို​နေရာမှထွက်​သွား​တော့....​ကြွေလည်း
သက်​ပြင်းချနိုင်​​တော့သည်​။ုအခုချိန်​ထိ....သာလွန်းက​သူမကို
ဖက်​ထားသည့်​လက်​ကိုဖြုတ်​ဖို့​မေ့​နေ​လေသည်​။
"ဒီမှာ...ရှင့်​ရဲ့လက်​ကြိုဖုတ်​လို့ရပီ....."
ကြွေက​ပြောလိုက်​​တော့မှ.......သာလွန်းလည်းရှက်​ရှက်​နငှ့်​ဖြုတ်​​ပေး
လိုက်​​လေသည်။
"Sry.....ဒါနဲ့သူတိုက့မင်းရဲ့​နော်​က်​ကိုဘာလို့လိုက်​​နေတာလဲ...."
ကြွေလည်း​ယခုမှ​တွေဖူ့း​သောသူစိ​မ်းတစ်​​ယောက်​ကိုသူမအ​ကြောင်း
ဘာမှမသိ​စေချင်​.....
"ဟို.....​ကြွေ့ကိုကူညီ​ပေးတဲ့အတွက်​​ကေျးဇူးတင်​ပါတယ်​...
အခါအခွင့်​သ့်​င်​ရင်​ရှင့်​ရဲ့​ကျေးဇူးပြန်​ဆပ်​​ပေးပါ့မယ်​"
သာလွန်းက အံ့သြ​နေသည်​ နမိတ်​​သွေး ကသူ့ကိုမမှတ်​မိတာလား
မသိခ်ျ​င်​​ယောင်​​ဆော်​င်​​တေနာလားမသဲကွဲ...
"ဒါနဲ့မင်းငါ့ကို မမှတ်​မိဘူးလား "
"ရှင့်​ကို​ကြွေအခုမှမြင်​ဖူးတာ....ပါခွင့်​ပြုပါအုးံ​နော်​..."
ပြောပီး​ကြွေကပဲဦး​အောင်​ထွက်​သွားလိုက်​​လေသည်​။ကြွေ့ရဲ့စတ်​ထဲ
သိလိုကိတာက.....ဒီလူကနမိတ်​​သွေးနဲတ့စ်​ခုခုပတ်​သက်​​နေတာ
ဖြစ်​မည်​....ခုနကတည်းကသူမကူညီမှာစိုးလို့​ကြွေ့ကို​ကြွေ...
နမိတ်​​သွေး ဟု​ပြောလိုက်​မိသည်​။ဒါကိုသူက​ကြွေ့ကိုနမိတ်​​သွေးဟု
ထင်​မှတ်​​နေပုံရသည်​။
သာလွန်းရဲ့စိတ်​ထဲမှာ​တော့....နမိတ်​​သွေး နဲ့ပတ်​သက်​ပြီး ပ​ဟေဠိ
ပေါင်းများစွာကပ်​ပါလာခဲ့သည်​။

"ကို.....ကို့ရဲ့အိမ်​ကိုနှင်းဆီသွးလည်​ချင်​တယ်​...."
တေဇတစ်​​ယောက်​ချစ်​ရသူထံမှကြားရ​သောစကား​ကြောင့်
"အခုမလ်​ည်​ပါနဲ့အံုး....ကိုယ်​အလုပ်​အားတဲတ့စ်​​နေ့နှ်​င်းဆီကို
လာ​ခေါ်မယ်​​လေ....အခု​တော့မလိုက်​နဲ့အံုး​နော်​..နှင်းဆီက
လိ​မ်​မာပါတယ်​....."
ချစရ်​သူထံမှကြားလိုက်​ရ​သောတားမြစ်​စကား​ကြောင့်​နှင်း​ဆီနှုတ်​ခမ်း
လေးဆူသွားသည်​။
"ဟွန့်​....ကိုကလည်းချစ်​သူဖြစတ်ာသုံးနှ်​စ်​ပြည့်​​တော့မယ်​....
ကို​ပြောလိုက်​ရင်​အဲ့လိုကြီးပဲ.....ဒီတစ်​ခါ​တော့မရ​တော့ဘူး
သွားဖြစ်ောအင်​ကိုသွားမှာ....ဒါနဲကို့....နှင်းဆီ ကိုတကယ်​ချစ်​တာ
ရောဟုတ်​ရဲ့လား....."
နှင်း​ဆီက​တေဇကိုသင်္ကာမကင်းသည့်​မက်ျ​လုံးနှင်​ကြ့ည့်​ပီး
မေး​လေသည်​။
"ချစ်​တာ​ပေါ့.....ကို့ဘ၀မှာနှင်းဆီိုကသာအချစ်​ဆုံး"
"တကယ်​​နော်​ ဒါဆိုနှင်း​ဆီမနက်​ဖြန်​ကို့အိမ်​ကိုလာခဲ့မယ်​...."
"သောဘာဗျာ.....သ​ဘော......"
image

please follow&upvote

Sort:  

This post has received a 0.35 % upvote from @drotto thanks to: @phyopyae.

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62574.15
ETH 3443.14
USDT 1.00
SBD 2.51