Esteem
ဘုရားရှိတရားရှိတယ် ပြောတိုင်းလဲတရားအနှစ်ကို သိချင်မှသိလိမ့်မယ်..
တရား သေချာနာပါ
တရားတော်တွေဟောကြားခဲ့တယ်ဆိုတာ လူ့စိတ်တွေ
ကိုအလင်းဆောင်ဖို့
တရားနာရင် ဒီဖက်နားကဝင် အလည်မှနာတုန်းခဏ တရားဆင်ခြင် ဟိုဖက်နား ဟိုဖက် စိတ်ကနေ မထုတ်ပြစ်ပါနဲ့ ..
နာလိုက်တဲ့ တရားတိုင်း ပြန်လည် ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိတဲ့သူဟာ သတ္တိအသိ နဲ့ ပြန်လည်အသုံးချနိုင်စွမ်းသူဟာ အေးချမ်းတဲ့ တရားသိတဲ့လူပဲ တရားရှိပဲရှိတဲ့သူနဲ့မတူဘူး..
ပုထုစဉ်လူသားတစ်ယောက်ပေမို့တောမထွက်နိုင်ဘူး
ထွက်ရပ်ပေါက်မဟုတ်ဘူး သားတွေမယားတွေဆွေမျိုးတွေအမေတွေကို ရှာကျွေးရအုံးမယ်ဆိုတဲ့သူတွေ
လောဘဒေါသမောဟတွေထဲ လူဖြစ်နေရသေးတာဟ
ဆိုသူတွေရေ .. တရား အသိလေးနဲ့ ဘဝကို ဖြစ်ပျက်တာတွေဆင်ခြင်သုံးသပ် ပြီး စိတ်ဖြူအောင်ထားတတ်စေချင်တယ် ..
တောထွက်စရာ မလိုပါဘူး 🙏
အဓိဌာန်တွေဝင် လောဘတကြီးဆုတောင်း
အိမ်မှာ ပုတီးဆိပ် လမ်းရောက်လူတွေနဲ့တွေ့ ဆဲ စိတ်ပုတ်တွေပေါ်လာ မနာလိုစိတ်ကများ
ကိုယ့်စိတ်ကိုယ် သာလျှင် သတ်နေကြတာ သိကြရဲ့လား ..
ခန္ဓာကိုယ်ထဲက ဘာမဟုတ်တဲ့ အတ္တဉာဏ်သေးသေးလေးက သင့်ဘဝကို ပျက်စီးအောင် စိတ်ဓာတ်ကို သေးသိမ်ညံ့ဖျင်း သွားအောင် လုပ်တာ သင်ငြိမ်ခံနေမှာလား ..
အဲ့ဒီ လူ့စိတ်ကို လောဘဒေါသမောဟ မကောင်းတဲ့ ငါငါငါ ဆိုတဲ့ အတ္တဉာဏ်လေးကို တရားအသိလေးနဲ့
ပြန်လည်အေးချမ်းစွာအနိုင်ယူလိုက်ကြရအောင်
စိတ်ထားကောင်းလျှင်ကံကောင်းမည်
🙏🙏🙏🙏🙏
သတိ(မယ်သီလရှင်ဝတ်ခိုင်းဖို့ မကြံလေနှင့် ..
ကိုယ်သိတဲ့ တရားအသိစိတ်လေးရှိသလောက်နဲ့ပြန်
မျှဝေတာပါ..အရမ်းပူလောင်နေတဲ့သူတွေမြင်ရင်သနားလာလို့ 🙏🙏🙏🙏🙏
စိတ်ကတော့ ထားတတ်အောင်ဖြူအောင်ထားတယ်..အကျင့်မယုတ်ဘူး..နေ့တိုင်း ဒါနသီလဘာဝနာ ၃ခုလုံးပါအောင် ကြိုးစားတယ်..လှူတယ် ..ယှည်ပြိုင်မနာလိုခြင်းအပုတ်ချချင်သူ စိတ်ပုတ်စိတ်ယုတ်ရှိသူတွေလဲ ဥပက္ခာပြုနိုင်တဲ့အစွမ်းရှိတယ် ..ကျွန်မအေးချမ်းတယ်) 