သတင္း

in #esteem6 years ago

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္
ၾသစေၾတးလ် ဓနသဟာယႏိုင္ငံ ဆစ္ဒနီၿမိဳ႕သို႔ ေရာက္ရိွ

ဆစ္ဒနီ ၊ မတ္ ၁၇

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အဖြဲ႕သည္ အာဆီယံ - ၾသစေၾတးလ် အထူးထိပ္သီးအစည္းအေ၀းတက္ေရာက္ရန္ႏွင့္ တရား၀င္ခ်စ္ၾကည္ေရး ခရီးသြားေရာက္ရန္ မတ္ ၁၆ ရက္ ညေနပိုင္းတြင္ ရန္ကုန္ၿမိဳ႕မွ ၾသစေၾတးလ်ဓနသဟာယ ႏိုင္ငံသို႔ ထြက္ခြာၾကၿပီး ေဒသစံေတာ္ခ်ိန္ ည ၈ နာရီခြဲတြင္ စင္ကာပူႏိုင္ငံ ခ်န္ဂီ အျပည္ ျပည္ဆိုင္ရာေလဆိပ္သို႔ ေရာက္ရွိၾကသည္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္အဖြဲ႕အား စင္ကာပူႏိုင္ငံဆိုင္ရာျမန္မာႏိုင္ငံသံ အမတ္ႀကီး ဦးေဌးေအာင္ႏွင့္ဇနီးႏွင့္ တာ၀န္ရိွသူမ်ားက ေလဆိပ္၌ ႀကိဳဆိုႏႈတ္ဆက္ ၾကသည္။

ထိုမွတဆင့္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ခ်န္ဂီအျပည္ျပည္ ဆိုင္ရာေလဆိပ္မွ ဆက္လက္ထြက္ခြာရာ မတ္ ၁၇ ရက္ ေဒသစံေတာ္ခ်ိန္ နံနက္ ၁၀ နာရီ ၁၅ မိနစ္တြင္ ၾသစေၾတးလ်ဓနသဟာယႏိုင္ငံ ဆစ္ဒနီၿမိဳ႕ Kingsford အျပည္ျပည္ ဆိုင္ရာေလဆိပ္သို႔ ေရာက္ရိွၾကသည္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္အဖြဲ႕အား ၾသစေၾတးလ်ဓနသဟာယႏိုင္ငံ ပစိဖိတ္ ႏွင့္ အျပည္ျပည္ဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး၀န္ႀကီးဌာန ၀န္ႀကီး The Hon Concetta Fierravanti Wells ၊ ၾသစေၾတးလ်ဓနသဟာယႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးသာေအာင္ညြန္႔ႏွင့္ဇနီး၊ ျမန္မာႏိုင္ငံဆိုင္ရာၾသစေၾတးလ်ဓနသဟာယႏိုင္ငံသံအမတ္ႀကီး Mr. Nicholas Coppelႏွင့္တာ၀န္ရိွသူမ်ားကေလဆိပ္၌ ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အဖြဲ႕၀င္ မ်ားသည္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ေခတၱတည္းခိုမည့္ The Intercontinental Hotel သို႔ ေရာက္ရွိၾကသည္။

ထိုမွတစ္ဆင့္ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ သည္ International Convention Centre သို႔ေရာက္ရိွၿပီး ၾသစႀတီးယားဓနသဟာယႏိုင္ငံ၀န္ႀကီးခ်ဳပ္ မဲလ္ကြန္တန္ဘဲလ္၊ အာဆီယံႏိုင္ငံမ်ားမွ ႏိုင္ငံေခါင္းေဆာင္မ်ား၊ အစိုးရအဖြဲ႕အႀကီးအကဲမ်ား၊ အာဆီယံ အတြင္းေရးမွဴးခ်ဳပ္တုိ႕ႏွင့္အတူ မွတ္တမ္းတင္ဓာတ္ပံုရိုက္သည္။

ယင္းေနာက္ ႏို္င္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ သည္ New Colombo Plan afternoon tea အခမ္းအနားသို႔ တက္ေရာက္သည္။

ဆက္လက္၍ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္သည္ Counter – Terrorism Conference ပိတ္ပြဲအခမ္းအနားႏွင့္ Ceremony of MOU on Counter – Terrorism လက္မွတ္္ေရးထိုးပြဲအခမ္းအနားသို႔တက္ေရာက္သည္။

အခမ္းအနားတြင္ အာဆီယံအတြင္းေရးမွဴးခ်ဳပ္ Dato Lim Jock Hoi ႏွင့္ ၾသစေၾတးလ်ဓနသဟာယႏိုင္ငံ ႏိုင္ငံျခားေရး၀န္ႀကီး The Hon Julie Bishop တို႔က Memorandum of Understanding on Counter – Terrorism ကို လက္မွတ္ေရး ထုိးၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ေဒသ စံေတာ္ခ်ိန္ ည ၇ နာရီတြင္ ၾသစေၾတးလ်ဓနသဟာယႏိုင္ငံ၀န္ႀကီးခ်ဳပ္ မဲလ္ကြန္ တန္ဘဲလ္ က အာဆီယံႏိုင္ငံမ်ားမွ ႏိုင္ငံေခါင္းေဆာင္မ်ားႏွင့္ အစိုးရအဖြဲ႕အႀကီးအကဲမ်ားအား တည္ခင္းဧည့္ခံသည့္ ဂုဏ္ျပဳညစာစားပြဲသို႔ တက္ေရာက္သည္။
(Zawgyi Version)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်
သြစတြေးလျ ဓနသဟာယနိုင်ငံ ဆစ်ဒနီမြို့သို့ ရောက်ရှိ

ဆစ်ဒနီ ၊ မတ် ၁၇

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် အာဆီယံ - သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးတက်ရောက်ရန်နှင့် တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်ရန် မတ် ၁၆ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့မှ သြစတြေးလျဓနသဟာယ နိုင်ငံသို့ ထွက်ခွာကြပြီး ဒေသစံတော်ချိန် ည ၈ နာရီခွဲတွင် စင်ကာပူနိုင်ငံ ချန်ဂီ အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား စင်ကာပူနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံ အမတ်ကြီး ဦးဌေးအောင်နှင့်ဇနီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

ထိုမှတဆင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် ချန်ဂီအပြည်ပြည် ဆိုင်ရာလေဆိပ်မှ ဆက်လက်ထွက်ခွာရာ မတ် ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် သြစတြေးလျဓနသဟာယနိုင်ငံ ဆစ်ဒနီမြို့ Kingsford အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား သြစတြေးလျဓနသဟာယနိုင်ငံ ပစိဖိတ် နှင့် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး The Hon Concetta Fierravanti Wells ၊ သြစတြေးလျဓနသဟာယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသာအောင်ညွန့်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာသြစတြေးလျဓနသဟာယနိုင်ငံသံအမတ်ကြီး Mr. Nicholas Coppelနှင့်တာဝန်ရှိသူများကလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင် များသည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် The Intercontinental Hotel သို့ ရောက်ရှိကြသည်။

ထိုမှတစ်ဆင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် International Convention Centre သို့ရောက်ရှိပြီး သြစတြီးယားဓနသဟာယနိုင်ငံဝန်ကြီးချုပ် မဲလ်ကွန်တန်ဘဲလ်၊ အာဆီယံနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ အာဆီယံ အတွင်းရေးမှူးချုပ်တို့နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် New Colombo Plan afternoon tea အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Counter – Terrorism Conference ပိတ်ပွဲအခမ်းအနားနှင့် Ceremony of MOU on Counter – Terrorism လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့တက်ရောက်သည်။

အခမ်းအနားတွင် အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoi နှင့် သြစတြေးလျဓနသဟာယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး The Hon Julie Bishop တို့က Memorandum of Understanding on Counter – Terrorism ကို လက်မှတ်ရေး ထိုးကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသ စံတော်ချိန် ည ၇ နာရီတွင် သြစတြေးလျဓနသဟာယနိုင်ငံဝန်ကြီးချုပ် မဲလ်ကွန် တန်ဘဲလ် က အာဆီယံနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
(Unicode Version)

Sort:  

good bro

mso နံပါတ္ေလးလဲ ထည့္ထားပါ

Wow. Nice

Mso-34

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 63148.13
ETH 3109.71
USDT 1.00
SBD 2.51