သတင်း

in #esteem8 years ago

စင်ကာပူနိုင်ငံတွင်ပြဌာန်းသော သတင်းတုဥပဒေများတိုက်ဖျက်ရေးဥပဒေနှင့် ပတ်သက်ပြီး အင်တာနက်ကုမ္ပဏီကြီးများဖြစ်သည့် ဖေ့ဘုတ်နှင့် ဂူဂဲလ်တို့က
သတိပေးလိုက်သည်။

နိုင်ငံအတွင်း ဥပဒေသည် ယင်းသတင်းတုများကိစ္စနှင့် ပတ်သက်လျှင် ကိုင်တွယ်ဖြေရှင်းရေး ပြည့်စုံလုံလောက်ပြီးဖြစ်သည်ဟုဆိုကာ ပါလီမန်ကော်မတီတစ်ရပ်ရှေ့မှောက်တွင် ထွက်ဆိုသတိပေးခြင်း ဖြစ်သည်။

အဆိုပါ ဖေ့ဘုတ်နှင့် ဂူဂဲလ်တို့က အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်သည်ဆိုသော အွန်လိုင်းသတင်းတုများ ကိုကိုင်တွယ်ဖြေရှင်းရေး ဥပဒေပြုရေး အပါအ၀င် လုပ်ငန်းစဉ်များကိုလုပ်ဆောင်သည့် ပါလီမန်ကော်မတီရှေ့မှောက်တွင် ဖေ့ဘုတ်၊ာ ဂူဂဲလ်နှင့် တွစ်တာတို့မှ အမှုဆောင်အရာရှိချုပ်များက လာရောက်ထွက်ဆို သတိပေးကြခြင်းဖြစ်သည်။

စီးပွားရေးအချက်အချာစင်ကာပူနိုင်ငံတွင် အခြားသောနိုင်ငံအချို့ကဲ့သို့ပင် သတင်းတုများအား ကိုင်တွယ် ဖြေရှင်းရေးအတွက် ဥပဒေပြုနိုင်ရေး လုပ်ဆောင်လျက်ရှိနေသည်။

သို့သော် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အား ကန့်သတ်ထိန်းချုပ်နေခြင်းဖြစ်သည်ဟု ဝေဖန်သူများကဆို သော်လည်း စင်ကာပူအစိုးရက ငြင်းဆန်ထားသည်။

“ယခုအတည်ပြုလိုက်တဲ့ ဥပဒေသစ်က သတင်းတုပြဿနာအပေါ် ကိုင်တွယ်ဖြေရှင်းရေးမှာ အကောင်းဆုံး ချဉ်းကပ်ပုံစံလို့ ကျွန်တော်တို့ မယုံကြည်ပါဘူး။ စင်ကာပူမှာက အမုန်းတရားဖြန့်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ သတင်းတုတွေ ဖြန့်ဝေတာတွေအပေါ် ကိုင်တွယ်ဖြေရှင်းရေးမှာ တည်ဆဲဥပဒေ ရှိထားပြီးဖြစ်ပါတယ်။”ဟု ဖေု့ဘုတ်မှ အရှေ့တောင်အာရှ ပြည်သူ့မူဝါဒရေးရာ အကြီးအကဲ အယ်ဗင်တန်က ပြောခဲ့သည်။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.101
BTC 63988.89
ETH 1805.91
USDT 1.00
SBD 0.38