သေခြင်းရဲ့ အခြားတစ်​ဖက်​မှာ

in #esteem6 years ago

image
သေသွားပါပီ..အခု..အခုသား​လေး​နေမ​ကောင်းဖြစ်​ရတာကလည်း သားအ​ဖေ​သေသွားပီလို့​ပြော​နေသံကိုကြားပီး သားကအခုလိုဖြစ်​သွားတာပါ..ငိုပီးအိမ်​​ပေါ်ကဆင်း​ပြေး​တော့​အောက်​..​အောက်​ကိုပြုတ်​ကျပီး..အီးဟီး..ကျွန်​မ​ကြောင့်​ပါ..ကျွန်​မဂရုစိုက်​ရမှာကို..ကျွနိမသတိထား​ပြောရမှာကို..ကျွန်​မ​ကြောင့်​သား ဒီလိုဖြစ်​သွားတာပါ ​ဒေါက်​တာ..မသိ​စေချင်​ခဲ့ပါဘူး စိတ်​ဒဏ်​ရာရသွားမှာ သားအားငယ်​သွားမှကို စိုးရိမ်​ပီး နားလည်​​လောက်​မယ်​အချိန်​မှ​ပြောပြဖို့စဉ်းစားထား​ပေမဲ့ အခုရုတ်​တရက်​ကြီးသိသွား​တော့..ဟီးဟီးးး..ကျွန်​မ​ကြောင့်​ ကျွန်​မအမှား​ကြောင့်​....။

ရင်​ထုမနာဖြစ်​​နေပီးတရှုံ့ရှုံ့ငို​ကျွေး​နေရင်း​ပြော​နေတဲ့က​လေးမိခင်​ကိုကြည့်​ပီးသူကြက်​​သေ​သေသွားသည်​..မှားပီ သူမှားသွားခဲ့ပီ..သူအ​မေ့ကိုနားမလည်​​ပေးခဲ့ဘူး..သူအ​မေ့ကိုဂရုမစိုက်​​ပေးခဲ့ဘူး..သူအ​မေ့ခံစားချက်​​တွေ ဝမ်းနည်းမှု​တွေကို မသိခဲ့ဘူး..ဒီလိုပါလား အ​မေဒီလို​တွေးခဲ့တာပါလား..ဒီလိုစဉ်းစားခဲ့တာပါလား..အဒိတုန်းကအ​မေ​ကြောက်​ခဲ့တာပါလား..​ရစ်​ဝဲသီလာတဲ့မျက်​ရည်​​တွေကိုသူသုတ်​လိုက်​ရင်း..

"​တောင်းပန်​ပါတယ်​ အ​မေ သားမှားသွားတယ်​.."

ဒီ​နေ့မှ​စော​စောစီးစီးအိမ်​ပြန်​လာတဲ့သား​ကြောင့်​သူရင်​ထဲတစ်​မျိုးကြီးဖြစ်​​နေသည်​..​ဆေးရုံမှာတစ်​ခုခုများဖြစ်​လာသလား..သားငယ်​ဘာ​ကြောင့်​​စော​စောပြန်​လာရတာလဲ..တစ်​ခုခုများထိခိုက်​လာလို့လား...

အ​မေ..သား..​တောင်းပန်​ပါတယ်​​နော်​..သားမှားသွားတယ်​..သားကိုကယ်​ဖို့ကြိုးစားရင်​အ​ဖေ​သေခဲ့တာကို သားသိခဲ့​ပေမဲ့ သားလက်​မခံချင်​ခဲ့ဘူး..သားအ​မေ့ကိုနားလည်​မ​ပေးခဲ့ဘူး..အ​မေဘာ​ကြောင့်​လိမ်​​ပြောတာလဲဆိုတာကိုဘဲ အပြစ်​တင်​ရင်း သားမုန်းခဲ့တယ်​..သား တစ်​ကိုယ်​​ကောင်းဆန်​မိတယ်​..အ​မေ့ခံစားချက်​​တွေ..အ​မေဘာ​ကြောင့်​အဲ့ဒီလို​တွေ လိမ်​​ပြောခဲ့တယ်​ဆိုတာ သားနားလည်​မ​ပေးခဲ့ဘူး..သားအ​မေ့ကို ဥ​ပေက္ခာပြုခဲ့တယ်​..သားအတွက်​ အ​မေအခုလိုလိမ်​​ပြောခဲ့တယ်​ဆိုတာ..သားကိုစိုးရိမ်​လို့အ​မေအခုလို ညာ​ပြောခဲ့တယ်​ဆိုတာ..သိသွားပါပြီ..သားမှားသွားပါတယ်​..သားအခုနားလည်​သွားပါပီ..သားကိုခွင့်​လွှတ်​​ပေးပါ လက်​အုပ်​​လေးချီ​တောင်းပန်​​နေတဲ့သားငယ်​ကိုသူမမျက်​ရည်​​တွေစီးကျလာရင်းမီ​ခေါင်းငြိမ့်​ပြလိုက်​သည်​။
image
အ​မေခွင့်​လွှတ်​ပါတယ်​သားရယ်​..အ​မေခွင့်​လွှတ်​ပါတယ်​..သားတစ်​​နေ့ နားလည်​လာမယ်​ဆိုတာ အ​မေကယုံကြည်​တာမလို့ပါ..အ​မေဘာ​ကြောင့်​သား​လေးကိုလိမ်​ညာခဲ့ရလည်းဆိုတာ သား​လေးနားလည်​လာမယ်​ဆိုတာ အ​မေသိပါတယ်​သားရယ်​.." တစ်​ခုတည်​​ဆောက်​ဖို့ နှလုံးသားနှစ်​ခုရင်းနိုင်​ပြီလား ပိုင်​ဆိုင်​မှု​တွေထားခဲ့လိုက်​ ဘဝအ​ကြောင်း​သေချာ နာကျည်း ဖူး​သူ​တွေက ​ရွှေ ​ငွေ ဓနထက်​၊ နားလည်​​ပေးမှု ယုံကြည်​​ပေးမှု ​နွေး​ထွေးကြင်​နာယုယမှုပဲလိုအပ်​တယ်​။

ထမင်းရည်​ အတူယက်​မယ်​ မ​ပြောနဲ့
ကျွန်​မ ထမင်းစားတတ်​တယ်​၊
ဒါ​ပေမယ့်​ ထမင်းတစ်​လုပ်​ကို ရှင်​မဖန်​တီးနိုင်​ရင်​မနိုင်​ရင်​ ရှင်​နဲ့ကျွန်​မ သိက္ခာရှိရှိ ကြိုးစားရဲတယ်​။

အချစ်​ စစ်​သွားရင်​ ပိုင်​ဆိုင်​မှုဘာမှမလိုဘူး
လက်​မှတ်​နှစ်​ချက်​ကလည်း အချစ်​စစ်​မဟုတ်​ဘူး အချစ်​ဆိုတာ ကျွန်​မရင်​ထဲ၊ရှင့်​ရင်​ထဲ ရှိတဲ့အရာပါ။

လူတကာ မြင်​​အောင်​ လက်​​တွေတွဲပြ​နေစရာမလိုဘူး ခိုင်​မာတဲ့ သစ္စာကို ရင်​မှာပျိုးထားရင်​ ရပြီ တချို​ပြောကြတယ်​....ကိုယ့်​ ဘဝထဲ သူမလာရဲရင်​ သူ့ဘဝထဲ ကိုယ်​ဝင်​ရဲရမယ်​တဲ့။

ဘယ်​သူဘဝထဲမှ မဝင်​ဘူး ရှင်​သာ
ယောင်္ကျား​ကောင်းတစ်​​ယောက်​ ကိုယ့်​ကိုယ်​ကို
ယုံကြည်​တယ်​ဆို... ဘဝ တစ်​ခု နှစ်ဦးတူတည်​​ဆောက်​မယ်​။

ကျွန်​မ ​နောက်​​ကြောင်းထက်​ ​ကောက်​​ကြောင်း​တွေက မလှဘူး။အလှတရားဆိုတာ ရင်​မှာရှိတာ မြင်​တဲ့သူ .....နဲ့......ကျွန်​မ ​မျှော်​လင့်​သူ
တစ်​​ယောက်​တည်းသာဆိုရင်​ လက်​သာဖြန့်​ထားလိုက်​ ​ကြွေဆင်း​ပေးဖို့ အသင့်​ရှိ​နေမယ်​။

သူမ​ပေါင်​​ပေါ်က​နေထ​ပြေးသွားတဲ့သားငယ်​ကိုကြည့်​ပီးသူမနှစ်ချိုက်စွာပြုံးလိုက်မိသည်..​​​​သူမစကားနား​ထောင်​လွန်းတဲ့သားငယ်​​လေး​ကြောင့်​သူမ ဝမ်းသာပီတိဖြစ်​ရတယ်​ဆိုတာ..​ယောက်ျားသားမရှိဘဲသူမတစ်​​ယောက်​တည်းအ​ဖေ​ကောအ​မေပါလုပ်​ပီးမိဘ​နှစ်​​ယောက်​စလုံး​နေရာကိုတာဝန်​ယူပီး​ရင်​နဲ့​မွေးလာရတဲ့သူမသား​လေး..သက်​ပြင်းသဲ့သဲ့ချသံရဲ့​နောက်​မှာသူမရင်​ထဲကအပူမီးတစ်​ချို့..ဖြတ်​သန်းစီးဆင်းလို့သွားသည်​..
image
"သားငယ်​​ရေ ​ဈေးသွားမလို့ လိုက်​မလား.."

သူမရဲ့​ခေါ်သံ​ကြောင့်​အိပ်​ခနိးထဲက​ပြေးထွက်​လာတဲ့သားငယ်​..

"လိုက်​မယ်​..​မေကြီး.."

သားငယ်​လက်​ကိုကိုင်​ဆွဲကာသူမ​ဈေးကိုလာလိုက်​သည်​..ည​နေ​ဈေးဖြစ်​တာ​ကြောင့်​​ဈေးကအ​တော်​အသင့်​စည်​သည်​..​ဈေးဝယ်​ပီးသူမတို့အိမ်​ပြန်​လာလိုက်​သည်​..လမ်းမှာ​တွေတဲမုန့်​ဆိုင်​ငယ်​​လေးတစ်​ဆိုင်​..

"သားငယ်​..မုန့်​စားမလား.."

"ဟုတ်​.."

ခေါင်း​လေးငြိမ့်​ပြီး​ဖြေတဲ့သားငယ်​လက်​ကိုဆွဲကာသူမမုန့်​ဆိုင်​ငယ်​​လေးအတွင်းကိုဝင်​သွားလိုက်​သည်​..သားငယ်​စားချင်​တဲ့မုန့်​နဲ့အ​အေးကိုမှာ​ပေးကာသူမလည်းအ​အေးတစ်​ခွက်​မှာလိုက်​သည်​..ဆိုင်​အတွင်းကိုကြည့်​​နေရင်း​မှသားငယ်​ကိုကြည့်​လိုက်​မိ​တော့သားငယ်​ကတစ်​​နေရာကိုစိုက်​ကြည့်​​နေဟန်​..သားငယ်​ကြည့်​လိုက်​တဲ့​နေရာကိုသူမလိုက်​ကြည့်​မိ​တော့..မြင်​လိုက်​တဲ့မြင်​ကွင်း​ကြောင့်​သူမရင်​ထဲနင့်​ခနဲ..သားငယ်ရယ်​ အ​ဖေနဲ့အ​မေနှစ်​​ယောက်​ကြားထဲမှာထိုင်​​နေတဲ့က​လေးငယ်​​လေးတစ်​​ယောက်​..အ​ဖေဖြစ်​သူကမုန့်​ထည့်​​ပေး​နေကာအ​ဖေးမဖြစ်​သးကပါးစပ်​ကိုသုတ်​​ပေး​နေတဲ့မြင်​ကွင်း..သူမကို​မော့ကြည့်​လာတဲ့ သားငယ်​ရဲ့မျက်​ဝန်း​တွေမှာ ​မေးခွန်းတစ်​ချို့ကပ်​ငြိလို့ရှိ​နေ​တော့..လှိုက်​ခနဲတက်​လာတဲ့သူမရဲ့ဝမ်းနည်းစိတ်​..မျက်​​တောင်​​လေး​တွေကို ပုတ်​ခတ်​လိုက်​ကာသားငယ်​​ခေါင်း​လေးကိုညှင်​သာစွာပွတ်​​ပေးလိုက်​မိရင်းအသာအယာပြုံးပြလိုက်​သည်​..ညှိုးငယ်​ကျသွားတဲ့သားငယ်​မျက်​ဝန်းတစ်​စုံ..​မေ​မေ​တောင်းပန်​ပါတယ်​..သားရယ်​..​မေ​မေဖြည့်​ဆည်း​ပေးနိုင်​​အောင်​ကြိုးစား​ပေမဲ့ အဒိအ​ငွေ့အသက်​ကို​တော့ သားကိုပိုင်​​ဆိုင်​​အောင်​မလုပ်​​ပေးနိုင်​ခဲ့လို့ပါ..။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63815.31
ETH 3124.40
USDT 1.00
SBD 3.99