အလွမ်း ရင့်​ရင့်​ အမုန်း ခက်​ခက်

in #esteem6 years ago

image
"ရဲ​တွေက ဖမ်းသွားပြီလား ဘယ်​သူတိုင်​လိုက်​တာလဲ

"သူပဲ ဖုန်းဆက်​ပြီး ဝန်​ခံလိုက်​တာ

"ဘာ ဘယ်​သူကို ဖမ်းသွားတာလဲ ​ပြောဦး​လေ ​ပြော

မေ​သော်​တာ ​နောက်​က​ရောက်​လာပြီး ထက်​မြက်​နဲ့ ကမ္ဘာလွှမ်းကို ​မေး​နေသည်​။

"အကို ​ပြော​လေ အကို ကမ္ဘာ ​ပြောဦး​လေ ဘာ​ပြော​နေကြတာလဲ

နှစ်​​ယောက်​စလုံး တစ်​လုံးမှမ​ပြောပဲ စိတ်​မ​ကောင်းတဲ့ မျက်​လုံး​လေးနဲ့ ​မေ​သော်​တာကို ကြည့်​​နေသည်​။

"ပိုင်​​လေးလို့​တော့ မ​ပြောနဲ့​နော်​ ပိုင်​​လေးက အဲလိုမဟုတ်​ဘူး ပိုင်​​လေးက အဲလိုဆိုးသွမ်းတဲ့လူ မဟုတ်​ဘူး

"ညီမ​လေး တကယ်​​တော့​လေ

"ဟဲ့ ထက်​မြက်​​ရေ ငါလည်း ​ပြောစမ်းပါဦး

ငိုယိုပြီး ​ပြေးလာတဲ့ ​ဒေါ်နှင်းကြည်​။မိ​ထွေးသာ​ပြောတယ်​ အ​ရေးကြုံ​တော့ ဖိနက်​​တောင်​ မပါပဲ​ပြေးလာသည်​။

"အဟင့်​ အဟင့်​ ထက်​မြက်​ရယ်​ ဟုတ်​လား ​ပြောပာဦး ထက်​မြက်​ရဲ့ ပါးစပ်​ပိတ်​မ​နေနဲ့ ဖဲဝိုင်းက​နေကြားခဲ့တာ ဟုတ်​ရဲ့လား သိရိကို ​စော်​ကားမို့ လုပ်​တဲ့​ကောင်​ကို သတ်​လိုက်​တာဆို

"ဘာ လူသတ်​တာ

ပြောရင်းနဲ့ ​မေ​သော်​တာ ​မြေကြီး​ပေါ်ကို ထိုင်​ချလိုက်​သည်​။ ​ထိုင်​ချလိုက်​တာနဲ့တူတူ မျက်​ရည်​စတို့ ဝဲတက်​လာသည်​။

"​သော်​ ကိုယ်​ရှိတယ်​​နော်​ ကိုယ်​တို့ အမှုလိုက်​လို့ ရတာပဲ​လေ ​နော်​ ​သော်

"မိ​သော်​တာ ငိုလိုက်​ ငိုလိုက်​ တင်းခံမထားနဲ့ ​​သော်​တာ ငိုချလိုက်

"အီးးးးဟီးးးး အီးးးးဟီးးးး

မေ​သော်​တာ ငိုချလိုက်​သည်​။

ပိုင်​ဖြိုးရဲ့ ရည်းစားမကျ သူငယ်​ချင်းမကျ သိရိကို ​စော်​ကားမို့ လုပ်​တဲ့​ကောင်​နဲ့ ချရင်းနဲ့ ဓားနဲ့ထိုးမိသွားချင်းဖြစ်​သည်​။ ​နောက်​​တော့ သူကိုယ်​တိုင်​ပဲ ရဲကို ဖုန်းဆက်​လိုက်​သည်​။ ​မေ​သော်​တာတို့ အမှုလို​က်​ရင်း ​လေးလ​ကျော်​​ကျော်​ကြာလာသည်​။ ​နောက်​ပိုင်း​ရောက်​​တော့ ​ဒေါ်ကြင်​ကြင်​ သူ့​မြေးနဲ့ ​မေ​သော်​တာကို သ​ဘောတူလိုက်​သည်​။

"အန်​တီတို့ ​လောင်းထားသလို ကမ္ဘာက သမီးဆီကို လာခဲ့တယ်​ သမီးနိုင်​တယ်​ပဲထားပါ သမီးတို့ကို အန်​တီသ​ဘောတူလိုက်​ပြီ သမီး​မောင်​​လေး ကိစ္စလည်း အန်​တီဆက်​လိုက်​​ပေးမယ်​ သမီး​ကျေနပ်​တယ်​မလား

ကော်​ဖီဆိုင်​​လေးမှာ ထိုင်​စကား​ပြော​နေကြသည်​။

"ကျွန်​​တော်​ မ​ကျေနပ်​ဘူး
ဒေါ်ကြင်​ကြင်​နဲ့​မေ​သော်​တာတို့နှစ်​​ယောက်​ ကမ္ဘာလွှမ်းကို ကြည့်​လိုက်​သည်​။

"ဟုတ်​တယ်​​လေ ဘာလို့ ​လောင်းကစားလုပ်​တာလဲ ဒါက​တော့ လွန်​တယ်​​လေ ​သော်​ အရမ်းလွန်​တယ်​​နော်

"ဟုတ်​ပါပြီ ငါ့​မြေးရယ်​ အဖွကိုယ်​တိုင်​ မင်းတို့ကို သ​ဘောတူပါတယ်​ ဟုတ်​ပြီလား ​လေးလ​တောင်​ အဖွားဆီကို တစ်​​ခေါက်​မှမလာဘူး ​နေနိုင်​လိုက်​တာ အဖွားကလွမ်း​နေတာ

"မဟုတ်​ပါဘူး အဖွားရဲ့ အမှု​တွေနဲ့​ကော ရှုပ်​​နေတာမို့ပါ

"ဟုတ်​ပါပြီကွယ်

"အဖွား ကျွန်​​တော်​ ခုတ​လော ​သော်​တို့အိမ်​မှာပဲ ​နေလိုက်​မယ်​​နော်​ ​သော်​ အားငယ်​​နေမှာ

"အင်းပါ ငါ့​မြေးသ​ဘော

"မဟုတ်​တာ ကမ္ဘာ အဖွားနဲ့ပဲ သွား​နေပါ မဟုတ်​​တောင်​ လင်​မယား​တွေလား အ​မေးခံ​နေရတာ

"ဟား ခုလို အဖွားအိမ်​မှာ​သွား​နေ​တော့ ကွဲသွားတာလားေ​မး​နေအုံးမယ်

"ဟာ အန်​တီကလည်း

"အဖွား ပြန်​​တော့မယ်​ ကမ္ဘာရုံးလာ​တော့​နော်​ ​မေ​သော်​လည်း အလုပ်​ပြန်​ဝင်​​ပေါ့

"ဟုတ်​ကဲ့ အဖွား

ဒေါ်ကြင်​ကြင်​ ပြန်​သွား​သော်​လည်း ​မေ​သော်​တာတို့က​တော့ ဆက်​ထိုင်​​နေသည်​။

"​သော်​ ဒါက​တော့ လွန်​တယ်​​နော်

"မလွန်​ပါဘူး ခုချိန်​ထိ ​သော်​က​တော့ မတင်​မကျ​လေး​တွေ ​ရှိ​သေးတယ်​ သွား ဟိုဘက်​ကို ​သော်​နားမထိုင်​နဲ့

"ဟား ဘာ ​သော်​ ပို​တောင်​လွန်​သွားပြီ​နော်​ ကိုယ်​ကို ​လောင်းကြတာက​တော့

"ဒါက​တော့ ဒီလို​လေး​တွေ ရှိတယ်​​လေ

"ကိုယ်​ရဲ့ ခံစားချက်​ကို ကစား​နေတာလား

"မမကို...ချစ်​တယ်​"

တစ်​ခြမ်း..ပြိုကျ​နေပြီ..ဖြစ်​တဲ့...​ကော်​ဖီဆိုင်​​လေးကို..ကြည့်​ပြီး..ပင်​ယံ..ပြုံးမိသည်​...ပင်​ယံနန်း..ကုမ္မဏီရဲ့..အ​ဆောက်​အဦး..အရင်​ကထက်​..နှစ်​ဆ..ပိုကြီး..လာ​တော့မည်​..ဖြစ်​သည်​..ရှယ်​ယာဟိုဒါ​တွေရဲ့...အထင်​ကြီး​လေးစားတဲ့..အကြည့်​​တွေကို..ပင်​ယံ..သာယာ​နေတာ​တော့..အမှန်​...လမ်းချဲ့မည်​..ဆိုသည့်​..သတင်း​ကြောင့်​..လမ်း​ဘေးအ​ဆောက်​အဦး..အားလုံး..ပြာယာခတ်​​​နေချိန်​..ပင်​ယံနန်းထက်​..ရဲ့..ကုမ္မဏီက..အလုပ်​သမား..ပန်​ရံ..သမားများဖြင့်​..မြိုင်​ဆိုင်​​နေသည်​..

"မပင်​ယံ....​နေမပူဘူးလား..ဗျ"

အလုပ်​သမား..​တွေကို..​ငေး​နေစဉ်​..အနားသို့..ပင်​ယံတို့..ကုမ္မဏီရဲ့..တစ်​ဦးတည်း..အင်​ဂျင်​နီယာ..ဦးကိုကို​အောင်​..​ရောက်​လာသည်​..

"နည်းနည်း​တော့..ပူတာ​ပေါ့..ဒါ​ပေမဲ့..ခဏဘဲ..ပြီးရင်​..အပြင်​မှာ..ချိန်းထားတာရှိလို့သွားမှာ.."

ဦးကိုကို​အောင်​..ဆိုတာ..အကြီးတန်း..အင်​ဂျင်​နီယာ....​နောက်​ကဘွဲ့တစ်​ခုက..လူပျိုကြီး....တနည်းအားဖြင့်​​ပြောရရင်​..ပင်​ယံရဲ့..ကုမ္မဏီမှာ..ပင်​ယံမျက်​နှာ..တစ်​ခုတည်းနှင့်​..သစ္စာရှိ​နေသူ....ဒီကုမ္မဏီရဲ့..​ဆောက်​လုပ်​​ရေးပိုင်းကို..တာဝန်​ယူထားသူ...ဖြစ်​သည်​...

"မပင်​ယံကို​တော့..ဂုဏ်​ယူတယ်​ဗျာ..ကိုယ့်​ကို..တိုက်​ခိုက်​လာသူ​တွေ..မ​ချေမငံ..တစ်​ခွန်းမှမ​ပြောဘဲ..အလုပ်​နဲ့သက်​​သေပြသွားတာ..ဒါ့​ကြောင့်​..ရှယ်​ယာရှင်​​တွေက.မပင်​ယံကို..ယုံကြည်​အားကိုး​နေတာ​ပေါ့.."

"အဲ့တာ​တွေကို..ဦးကိုကို​အောင်​က..ဘယ်​လိုသိတာလဲ"

ပင်​ယံ..အံ့သြလွန်းလို့​မေးမိတာပါ..ဒီကိစ္စကို..​နောက်​ကွယ်​က​နေ..​သွေးထိုးလှုံ့​ဆော်​သူရှိ​နေတာကို..သူမသိသည်​.. ဒီကိစ္စက..ဘယ်​သူမှ..​သေ​သေချာချာ..သိ​သေးတာ..မဟုတ်​..

"မအံ့သြပါနဲ့..ဒီလမ်းတံတားစီမံကိန်းကိစ္စမှာ..ပင်​ယံနန်း..ကုမ္မဏီကို..အဓိက..ဦးတည်​တိုက်​ခိုက်​တယ်​ဆိုတာ..စီးပွား​ရေး..လုပ်​ငန်းနယ်​ပယ်​မှာ..လူတိုင်းသိတယ်​"

"​သြော်​.."

ပင်​ယံ..လက်​​လေး..ပိုက်​ပြီး..စဉ်းစားခန်းဝင်​​နေသည်​..မျက်​​မှောင်​​လေး..ကြုတ်ထားတာက..တစ်​မျိုး​လေး..ချစ်​ဖို့​ကောင်းသည်​..​နေပူထဲ..ရပ်​​နေလို့..နှာသီဖျားမှာ..​ချွေးသီး​လေး​တွေစို့​​နေကာ..နီရဲ​နေသည်​..

"မပင်​ယံ..​ကျောက်​ကားလာ​နေလို့..ကျွန်​​တော်​..ခဏသွားအုံးမယ်​"

"​သြော်​..ဟုတ်​ကဲ့..သွားပါရှင့်​"

ဦးကိုကို​အောင်​..ထွက်​သွား​တော့..ပင်​ယံ..ကုမ္မဏီထဲ..လှည့်​ဝင်​ဖို့..ပြင်​သည်​..ထိုစဉ်

"တီ..."

"ပင်​ယံ..​နေ​ကောင်းတယ်​​နော်​."

လက်​ပြနူတ်​ဆက်​ပြီး..ပြုံးပြလာတာ..ပါးစပ်​က..နားရွက်​..တက်​ချိတ်​​တော့မည်​..အ​ပေါ်က..​နေပူ​နေသည်​မို့..ထိပ်​​ပြော​င်​​ပြောင်​မှာ..​ခေါင်းလိမ်းဆီက..၀င်း​ပြောင်​​နေသည်​..

"ဦးမြတ်​​အောင်​..မျက်​လုံးမမှုံ​သေးဘူးဆိုရင်​​တော့..ဒီမှာ..ကျွန်​မ..မတ်​တပ်​ရပ်​​နေတယ်​"

ပင်​ယံ..စကားကိုပင်​..ဦးမြတ်​​အောင်​က..သ​ဘောကျသလို..သွားကြီး​တွေ..ပိုဖြီးသွားသည်​..သူတို့ထင်​ထားတာက..ပင်​ယံနန်းထက်​..အခုချိန်​ဆိုရင်​..ကုမ္မဏီ..ပြသနာနှင့်​..ပြာယာခတ်​​နေပြီ..ထင်​တာ..သူတို့ကြားရတာက..ပင်​ယံနန်း..ကုမ္မဏီ...ထပ်​တိုးချဲ့​နေသည်​..တဲ့..မယုံနိုင်​လွန်းလို့လာကြည့်​မိတာ..ဒီ​ရောက်​​တော့..မျက်​မြင်​...ကျရှုံး​စေချင်​လို့..လုပ်​တာ..ခု​တော့..သူတို့လုပ်​ရပ်​က..သူမတို့..ကုမ္မဏီ.ပိုကြီးသွားဖို့.​လှေကားထစ်​.ခံ​ပေးသလို..ဖြစ်​​နေသည်​....မျက်​နှာက..ပြုံး​နေ​ပေမဲ့..ရင်​ထဲမှာ..မ​ကျေနပ်​မှု​တွေက..အပြည့်​...

"ပင်​ယံ.ကုမ္မဏီ..ခုလို..ဖြစ်​သွားတာ..ဦးတို့စိတ်​မ​ကောင်းဘူးကွယ်​"

အသံက..ဂရုဏာသံ​ပေမဲ့..စိတ်​ထဲမှာ..ဘာ​တွေရှိ​နေလည်း..ဆိုတာကို...မျက်​လုံးက..တစ်​ဆင့်​..သိနိုင်​သည်​..ဦးမြတ်​​အောင်​ရဲ့..တူ..​ဂျေဆိုတဲ့..တစ်​​ယောက်​က..ပင်​ယံကိုလက်​ထပ်​ဖို့.ကမ်းလှမ်းခဲ့ဖူးသည်​..ပင်​ယံ..ဘက်​က..ပစ်​ပစ်​ခါခါ..ငြင်းခဲ့သည်​..ထိုကိစ္စကို..သူတို့...တူဝရီး..မ​ကျေမနပ်​ဖြစ်​ကာ..လက်​တွဲလုပ်​​နေသမျှ..အလုပ်​ကိစ္စအားလုံးကို..သူတို့ဘက်​ကစပြီး..ရပ်​တန့်​ပစ်​ခဲ့သည်​....ပင်​ယံ..ဘက်​က..ဘာမှ..မတုံ့ပြန်​ဘဲ..ကုမ္မဏီ..လုပ်​ငန်းများကို..ပုံမှန်​လည်​ပတ်​​စေခဲ့သည်​..

"စိတ်​မ​ကောင်းမဖြစ်​ပါနဲ့..ဦး​အောင်​မြတ်​ရယ်​..ဒီလို​ခြေထိုးခံ​နေသူ​ရှိလို့..ကျွန်​မကုမ္မဏီ..အ​ဆောက်​အဦး..အခုလိုကြီးသွားတာ..ပျက်​စီး​စေချင်​လို့..လုပ်​​ပေမဲ့..မပျက်​စီးဘဲ..အရင်​ထက်​..နှစ်​ဆပိုကြီးလာ​တော့..မနာလိုသူ​တွေ..​အောင့်​သက်​သက်​..ဖြစ်​တာ​ပေါ့"

ပင်​ယံ..ကလည်း..သာသာနာနာ​ပြော​တော့..ဦး​အောင်​မြတ်​..မျက်​နှာ..ကွက်​ခနဲ..ပျက်​သွားသည်​..ခဏပါဘဲ..မျက်​နှာကို..ဟန်​​ဆောင်​ပြုံး​တွေ..နဲ့..ဖုံးကွယ်​ပြီး .အချိုသာဆုံး..ပြုံးသည်​...

"ဒါကလည်း..ပင်​ယံနန်းထက်​..​တော်​လို့​နေမှာပါ..ဒါနဲ့..ဟိုဘက်​..က..​ကောဖီဆိုင်​က..​ကောင်​​လေးနဲ့..မပင်​ယံက..​စေ့စပ်​ထားတယ်​ဆို..."
image
"ဟုတယ်​​လေ..​စေ့စပ်​ထားတာ..ကြာပီ..ဘယ်​သူကိုမှ..အသိမ​ပေးဖြစ်​တာ"

"​အော်​...ပင်​ယံရယ်​...ဒီလမ်းကိစ္စ​လေး..အတွက်​နဲ့များ..လူတစ်​​ယောက်​ကို..​စေ့စပ်​ရတယ်​လို့..အရင်​က..ဦးရဲ့တူ..​ဂျေနဲ့သာ..လက်​ထပ်​လိုက်​ရင်​..လမ်းကိစ္စဆိုတာ..ပမွှား​လေးဘဲ..ပင်​ယံနဲ့လည်း..​နေနဲ့လ..​ရွှေနဲ့မြဘဲ.."

ပင်​ယံစိတ်​ထဲ..​ဒေါသက..​ထောင်းခနဲ..ထွက်​သွားသည်​..ဒီစကားဘယ်​ကို..ရည်​ရွယ်​​နေပြီလဲဆိုတာ..သူမ..သိသည်​..

"ကျွန်​မက..ဦး​အောင်​မြတ်​..​ပြောသလို..မိန်းမဆိုရင်​လည်း..သက်​တန့်​စံအိမ်​က..ဦးလ​ရောင်​ငယ်​ရဲ့သား..ဘုရင်​ငယ်​​လေးကို..​ရွေးချယ်​ခဲ့တာ..မှန်​​နေပြီ​ပေါ့..ဘာလို့လဲဆို​တော့..သူတို့က..တစ်​ကယ့်​..ဟဲဗီးလ်​..၀ိတ်​.​တွေ​လေ..​နောက်​ဆို..​ယောက္ခမရဲ့..အကူအညီနဲ့..ကျွန်​မရဲ့..ပင်​ယံနန်း..ကုမ္မဏီက..ကြီးလာဖို့ဘဲ..ရှိတယ်​..သူတို့နဲ့ဦး​အောင်​မြတ်​တို့..ပိုင်​ဆိုင်​မှုချင်း..ယှဉ်​ရင်​..မိုးနဲ့​မြေလိုကွာပါတယ်​​နော်​.ဟင်း..ဟင်းး"

ပါးစပ်​ကို..လက်​နဲ့အုပ်​ပြီး..ခပ်​မျှင်​မျှင်​​လေး..ဆွဲရီ​နေတာက..​လှောင်​​နေသလို..ပင်​ယံ​ပြောတာ​တွေကလည်း..မှန်​​နေ​တော့..ဦးမြတ်​​အောင်​..ဘာမှမ​ပြောနိုင်​ဘဲ..ရှူးရှူးရှားရှားဖြစ်​​နေသည်​...လျှပ်​စစ်​ပစ္စည်းနဲ့ပတ်​သတ်​ရင်​..မြန်​မာနိုင်​ငံရဲ့..တစ်​ဦးတည်း​သော..ကိုယ်​စာလှယ်​..သက်​တန့်​လ​ရောင်​..ကုမ္မဏီမှ..ဦးလ​ရောင်​ငယ်​..brandပစ္စည်းနဲ့ပတ်​သတ်​ရင်​..သက်​တန့့်​လ​ရောင်​..ကုမ္မဏီသာ..​လေလံပွဲတိုင်းကို..ဦး​ဆောင်​သည်​..

"ကျွန်​မ..အလုပ်​​လေး​တွေ....ရှိ​နေလို့..အ​ပေါ်တက်​လိုက်​ပါအုံးမယ်​...ဦးမြတ်​​အောင်​"

နှာ​ခေါင်း​လေး..တစ်​ချက်​ရှုံ့ပြီး..လှည့်​ထွက်​သွားတာ..တင်​ပါး​အောက်​ကျ​နေသည့်​..ပိတုန်း​ရောင်​..​ကေသာ​တွေပါ..၀ဲဖြာသွားသည်​..

ဦးမြတ်​​အောင်​..မခံချိမခံသာဖြင့်​..လှည့်​ထွက်​ပြီး..ကားကို..တလကြမ်း..​မောင်းထွက်​လာခဲ့သည်​။သူဒီကို..လာခဲ့တာ..ပင်​ယံနန်းထက်​ရဲ့..ကျရှုံးမှုကို..ဟားတိုက်​ရီဖို့..ခု..အရီခံလိုက်​ရတာက..သူ..ဒီတိုင်းလွှတ်​ထားလို့မဖြစ်​..ဒီမိန်းမ..အစတည်းက..လိုမမှီ​အောင်​..​တော်​တာ..ဦးလ​ရောင်​ငယ်​ရဲ့..အရှိန်​အဝါသာ..ပံ့ပိုးလိုက်​ရင်​..မြင်းကို..ဂျိုတပ်​​ပေးသလိုဖြစ်​​တော့မည်​...အရှိန်​မရခင်​..အပြတ်​ဖြုတ်​မှရ​တော့မည်​...

အမိန့်​ကို..အ​ဖေထုတ်​ခဲ့ဖြစ်​သည်​..သူမ..လာမယ်​ဆိုလို့..အ​မေက..အစ..ပြာယာခတ်​​နေတာ..အမြင်​ကတ်​စရာ..

တစ်​မနက်​လုံး..အခန်းထဲ​အောင်း​နေပြီးမှ..မနက်​..၁၁နာရီထိုး​တော့..​အောက်​ထပ်​ဆင်းလာခဲ့သည်​...

"ဟယ်​..သား..အ၀တ်​အစားလဲ​တော့​လေ.."

အ​မေက..မီးဖိုခန်းထဲက..ထွက်​လာပြီး...တက်​ကြွလန်းဆန်း​နေတဲ့..အသံနဲ့​ပြောသည်​..ငယ်​​လေး..မျက်​နှာတစ်​ချက်​ရှုံ့လိုက်​ပြီး..

"မလဲ​တော့ဘူး..ဒီအတိုင်းလဲ..အဆင်​​ပြေတယ်​..သား..အပြင်​သွားစရာ..ရှိတယ်​.."

"ဟယ်​...သား..မရဘူး​လေ..ဒီ​နေ့..."

"ရတယ်​..အ​မေ..သားသူ့ဆီကိုဘဲ..သွားမှာ.."

ဒေါ်မြသင်္ဂီ..ဘာမှမ​ပြောရ​သေးခင်​..ငယ်​​လေး..လှည့်​ထွက်​လာခဲ့သည်​..​တွေ့ကြပြီ​ပေါ့..ပင်​ယံနန်းထက်​ရာ....

ဘုရင်​ငယ်​​လေး..ကား​ပေါ်တက်​ပြီး..အကြမ်းပတမ်း..​မောင်းထွက်​လာခဲ့သည်​...

"မမ..အပြင်​မှာ..၏ည့်​သည်​​ရောက်​​နေတယ်​"

"ဟင်​..ဘယ်​သူတဲ့လဲ..​ကေသီ.."

"မသိဘူး..မမ..ဒီက..သူ​ဠေးပင်​ယံနန်းထက်​နဲ့..​တွေချင်​လို့တဲ့.."

"တို့..စီပွား​ရေး..မိတ်​​ဆွေ..ထဲကဘဲလား.."

"မဟုတ်​ဘူး..မမ..လူငယ်​တစ်​​ယောက်​ဘဲ..မျက်​နှာကြီးက..တင်းတင်းကြီး​..ဒါ​ပေမဲ့..​တော်​​တော်​..​တော့..​ချောတယ် ဟီးးး"

"အင်း..သွားနှင့်​..တို့.လိုက်​ခဲ့မယ်​"

ကေသီ..လှည့်​ထွက်​သွား​တော့..ပင်​ယံ..မျက်​​မှောင်​​လေး..ကျုတ်​ပြီး..စဉ်းစားကြည့်​သည်​..လူငယ်​..​တွေထဲက..သူမဆီကို..လာမဲ့သူ..မရှိ..စဉ်းစားရင်း..အ​တွေးထဲမှာ..ဖြတ်​ခနဲ..​ပေါ်လာသည်​..အန်​လ်​ကယ်​..ဦးလ​ရောင်​ငယ်​..သားများလား...


"ဒီမှာ..ဒီမှာ..ရှင့်​.."

ငယ်​​လေး..လက်​ကျန်​..မီးခိုး​ငွေ့​တွေကို..ပါးစပ်​ထဲက..မှုတ်​ထုတ်​ရင်း..​နောက်​လှည့်​ကြည့်​လိုက်​သည်​..

"ဟို..ဒီ​နေရာမှာ..​ဆေးလိပ်​​သောက်​လို့..မရဘူးရှင့်​"

" အဟက်​...ဟုတ်​လား.."
image
ဘုရင်​ငယ်​​လေး..ပါးချိုင့်​နှစ်​ဖက်​​ပေါ်သည်​အထိ..ပြုံးလိုက်​ပြီး..​နောက်​လှည့်​၍..စီးကရက်​ကို..​နောက်​ခုံ​ပေါ်က..ကွန်​ပြူတာ..ခလုတ်​​တွေနှင့်​..ဖိ​ချေသတ်​လိုက်​သည်​..

"ရပြီလား...... ဟင်​.."

နောက်​လှည့်​ကြည့်​လိုက်​​တော့..ခုနက..၀န်​ထမ်း​ကောင်​မ​လေး..မဟုတ်​​တော့..မျက်​နှာ​လေး..တည်​တည်​တင်းတင်း..နှင့်​စိုက်​ကြည့်​​နေတဲ့..မျက်​နှာ...

"ခင်​များ..."

"ဟုတ်​တယ်​..ငါဘဲ"

ငယ်​​လေး..အံ့သြ​နေတာ..ဟန်​မ​ဆောင်​နိုင်​..ပင်​ယံ..မျက်​နှာကလည်း..အရမ်းတည်​ငြိမ်​ထား​ပေမဲ့..စိတ်​ထဲမှာ​တော့..တအား..အံ့သြ​နေသည်​....သူမ..လက်​ထပ်​ရမှာ..ဒီငဆိုး​လေးလို့..လုံးဝမထင်​...

"ခင်​များ..က"

"ပင်​ယံနန်ူရဲ့..ပိုင်​ရှင်​က..ငါဘဲ.."

"ပင်​ယံ..ဆိုတာက.."

"ပင်​ယံနန်းထက်​..ဆိုတာကလည်း..ငါဘဲ"

မျက်​နှာ​လေးက..​အေးစက်​​နေပြီး..မျက်​လုံးက..ရန်​လိုတာမျိုး..မဟုတ်​ဘဲ..တစ်​လက်​လက်​..စူး​တောက်​​နေသည်​..

"မင်းနာမည်​ကို..​သိထား​ပေမဲ့..လူကိုခုမှ..မြင်​ဖူးတာ..ဘုရင်​ငယ်​​လေး..ဆိုတာ..ငါ​တွေ့​နေကျ..ဗရုတ်​သုတ်​ခ..ဂျစ်​ပစီချာတိတ်​လို့..မထင်​ခဲ့မိဘူး.."

"ခင်​များ.."

ငယ်​​လေး..မျက်​နှာတင်းသွားသည်​..ဒီမိန်းမ..စကား​ပြောရင်​..အထက်​စီးက..

"၏ည့်​သည်​..လာတယ်​ဆိုလို့..မင်းလို့​တော့..မထင်​ဘူး..ဒါ​ပေမဲ့..ငါတွက်​ထားတဲ့..ပုံစံမျိုးဘဲ.."

ငယ်​​လေး..ဘာပြန်​​ပြောရမှန်းမသိ..သူမ..ချည်းဘဲ..တရစပ်​​ပြောသွားတာ..ဖြစ်​သည်​..​ပြောဖို့..ရင်​ထဲက..စုစည်းလာတဲ့..စကားလုံး​တွေကလည်း..ဘယ်​လိုမှထင်​မှတ်​မထားတဲ့..သူမ..ဖြစ်​​နေ​တော့..​ပျောက်​ရှ​နေသည်​..

"မင်း..ငါနဲ့စကား​ပြောဖို့..လာခဲ့တာ..ငါသိတယ်​..ဒါ​ပေမဲ့..ဒီ​နေ့မအားဘူး..ခဏ​နေရင်​..အ​ရေးကြီး..တဲ့.."

"ခင်​များ..အားတဲ့အချိန်​..​မေးစမ်းလာရ​အောင်​...ကျုပ်​က..ခင်​များ..အလုပ်​သမား..မဟုတ်​ဘူး"

ဒေါသဖြစ်​သွားတာနှင့်​မတူ​သော..သူမမျက်​ခုံး​လေး​တွေက..စုကျုံ့သွားသည်​..ပြီးမှ..ဆရာမကြီး..စတိုင်​လ်​နှင့်​..

"ဟုတ်​တယ်​..မင်းက..ငါ့အလုပ်​သမား..မဟုတ်​ဘူး..ဒါ​ပေမဲ့..ဘာမှလည်း..မဟုတ်​ဘူး."

ပြီး​တော့..ကွန်​ပြူတာ​ပေါ်မှာ..မီးခိုးတစ်​လူလူကျန်​​နေ​သေးသည့်​..စီးကရက်​တိုကို..မျက်​​တောင်​ဖျား​တွေ..စင်းကြည့်​ပြီး....

"ဆို​တော့..ငါ့အလုပ်​ချိန်​​တွေကို..မင်းကို..ဖဲ့မ​ပေးနိုင်​ဘူး.."

"ကျုပ်​ကလည်း..အချိန်​​တွေကို..​တောင်း​နေတာ..မဟုတ်​ဘူး..ခင်​များ..နဲ့..အ​ဖေနဲ့..​ပြောထားတဲ့ကိစ္စ..ကျုပ်​..လုံးဝ..သ​ဘောမတူဘူး.."

စကားရပ်​​ပြော​နေတာက..အခန်းထဲမှာ..မဟုတ်​..အပြင်​အလုပ်​စားပွဲ​တွေနားမှာဆို​တော့..၀န်​ထမ်းအားလုံးအကုန်​ကြား​နေရသည်​..ပင်​ယံ..မျက်​နှာ​လေး..ပျက်​သွားတာ..ဒါ​တွေကို..ဂရုစိုက်​​နေလို့မဟုတ်​..

"ခင်​များက..အသက်​အရွယ်​ကသာ..အန့်​ဒိတ်​..ဖြစ်​​နေတာ..အိုက်​ဒီယာ​တွေက..သစ်​လွင်​​နေတာဘဲ.."

ငယ်​​လေးက..သူမကို..စူးစိုက်​ကြည့်​ကာ..

"​ယောင်္ကျားတစ်​​ယောက်​ကို..ကိုယ်​တိုင်​သွား​တောင်းပြီး..သက္ကရာဇ်​​တွေကို..ဖြိုပစ်​တာ..​ရေလည်​မိုက်​တယ်​..ဒါ​ပေမဲ့..ခင်​များ..လိုချင်​တာ..ဘုရင်​ငယ်​​လေး..ဖြစ်​​နေတာ..​ခင်​များ..ကံဆိုးတာဘဲ.."

"မင်းနာမည်​ကို..ကြားဘဲကြားဖူးတာ..လူကို​တောင်​..မမြင်​ဘူးတဲ့ငါက..မင်းကိုလိုချင်​တာဖြစ်​နိုင်​ပါ့မလား.."

ဒီမိန်းမ..ဘာပုံစံလဲ.????

"ငါလိုချင်​တာ..မင်းမဟုတ်​ဘူး..​စေ့စပ်​ခြင်းဘဲ.."

"ဘာ...."

"နံပါတ်​ တစ်​..ငါ့လုပ်​ငန်းမရပ်​တန့်​​အောင်​..ငါကိုယ်​တိုင်​ကြိုးစားမယ်​..နံပါတ်​ နှစ်​..ငါက..​စေ့စပ်​ပြီးတဲ့မိန်းမ.တစ်​​ယောက်​ဖြစ်​ရမယ်​.."

နံပါတ်​စဉ်​အတိုင်း..သူမလက်​​ချောင်းသွယ်​သွယ်​​လေး​တွေကို..တစ်​​ချောင်းချင်း​ထောင်​ကာ..

"နံပါတ်​..သုံး.. အဲ့ဒိအတွက်​...ငါ့ကို..မိဘလိုမျိုး..အရိပ်​မိုး​ပေးနိုင်​မဲ့သူမျိုး..​ယောက္ခမဆိုတာ..ငါ့အတွက်​..မိဘလိုမျိုးး.."

"​ယောက္ခမဆိုတာ..​ယောင်္ကျားရရင်​​တော့..ရမှာဘဲ...အဓိပ္ပာယ်​မရှိတာ​တွေကို..လက်​ကြဲကြီးနဲ့..မကာချင်​စမ်းပါနဲ့ဗျာ.."

"မင်းနဲ့​စေ့စပ်​လိုက်​ခြင်းအားဖြင့်​..ငါ့အတွက်​..မိဘလို..အ​ရေးပါတဲ့သူရှိသွားပြီ..မင်းသ​ဘောတူတာ..မတူတာ..ငါ့အတွက်​..အ​ရေးမပါဘူး.."

"​သြော်​..​ဟော်​"

ရင်​ထဲက..​ဒေါသ​တွေက..ရုန်းရင်းဆန်​ခတ်​ဖြင့်​..ရုန်းထလာသည်​..

"အဓိက..ခင်​များလိုချင်​​နေတာက..အ​ဖေကိုဘဲကိုး.."

ပင်​ယံ..မျက်​နှာ​လေး..ပျက်​ သွားသည်​.. ငယ်​​လေးက..နူတ်​ခမ်းကို..အားပါတရ..မဲ့ပစ်​ကာ...

"အ​ဖေ..ကလည်း..ခင်​များ..အတွက်​ဆို..အဆင့်​သင့်​ဖြစ်​​နေတဲ့ပုံပါ..​ယောက္ခမ..​တော်​စရာမလိုဘူး.."

"မင်း..ဒီလိုစကားမျိုး​တွေ​ပြောလာမဲ့..​ယောင်္ကျားမျိုးဆိုတာ..ငါတွက်​ထားပြီးသားပါ....မင်း..မုန့်​ဖိုး..လိုချင်​လို့..လက်​ဝါးဖြန့်​​တောင်းတိုင်း..ရချင်​မှ..ရမယ်​..ဒါ​ပေမဲ့..ငါက..​ကော်​ဖီဆိုင်​ဖြို​ပေးဖို့..​ပြော​တော့..နှစ်​ခါမ​ပြောရဘူး..အဲ့ဒါ..ဘာလိုလဲဆို​တော့..ငါ. ဘယ်​သူဆီကမှ..အကူအညီမ​တောင်းခဲ့ဘူး..အဲ့ဒါမိဘမဲ့..ဘ၀နဲ့ရပ်​တည်​ခဲ့တဲ့..ငါရာဇ၀င်​ဘဲ.."

"ဟားးးး..ခင်​များကို..ခင်​များ..အထင်​ကြီး​နေပါလား..လက်​ဝါးဖြန့်​တောင်းရ​အောင်​..ဘုရင်​ငယ်​​လေးကို..ဘာ​ကောင်​ထင်​​နေလဲ..မိဘဆီက..​တောင်းစရာမလိုဘူး..ကျုပ်​..ဘဏ်​အ​ကောင့်​ထဲမှာ..ခင်​များ..ကုမ္မဏီကို​တောင်​..၀ယ်​လို့ရတဲ့သလား..သိ​အောင်​..ထပ်​​ပြောလိုက်​အုံးမယ်​..အခု..ခင်​များဖြို​နေတဲ့..​ကော်​ဖီဆိုင်​က..အ​ဖေတို့ပိုင်​တာ..မဟုတ်​ဘူး..ကျုပ်​အပိုင်​.."

"ဟင်​.."

သူမ..မသိခဲ့တဲ့..ကိစ္စပါ..ဦးလ​ရောင်​ငယ်​လို..လူမျိုးက..ဒီလို​ကော်​ဖီဆိုင်​​ထောင်​မှာ..မဟုတ်​ဘူးဆိုတာ..သိ​ပေမဲ့..​ခေါင်းရှုပ်​ခံပြီးမစဉ်းစားခဲ့တာ..သူမ..အမှား...
image
"ဒါ​ပေမဲ့..မင်းမိဘကို​တော့..မလွန်​ဆန်​နိုင်​ဘူးမလား..ဘာလို့လဲဆို​တော့..ငါ့ကြိုးစားမှုနဲ့.ငါ့အရည်​အချင်း​တွေက..အန်​ကယ်​လ​ရောင်​..လက်​ခံနိုင်​တယ်​​လေ..ငါက..မင်းလို..မဟုတ်​ဘူး.."

"ဘာ..."

"တည်​ငြိမ်​မှု..မရှိတာ..သည်းခံနိုင်​စွမ်းမဲ့တာက..​ယောင်္ကျား​ကောင်း​တွေရဲ့အလုပ်​မဟုတ်​ဘူး.."

ဘယ်​လိုမှ..သည်းမခံနိုင်​​တော့.​အောင်​.ရိုက်​ပုတ်​တိုက်​ခိုက်​လာသည်​..

"​တောက်​စ်​.."

"ဒုန်း...ခွမ်း"

ဘေးက..စာပွဲကို​ခြေ​ထောက်​နဲ့..လွဲကန်​လိုက်​​ပေမဲ့..စာပွဲက..မလှုပ်​ဘဲ..ပန်းအိုး​လေးက​တော့..ကျကွဲသွားသည်​..ပင်​ယံက..ပျက်​စီးသွားတာကို..စိုက်​ကြည့်​ရင်း..
image
"ငါအထင်​မကြီးတဲ့..​ယောင်္ကျားကို..​ပြောပြတာ​နော်​..မင်းကို..တိုက်​ရိုက်​ထိသွားရင်​..​ဆောရီး......"

"ကျုပ်​ကလည်း..ခင်​များ..အထင်​မကြီး..တဲ့​ယောင်္ကျားမျိုးဖြစ်​ရတာ..၀မ်းနည်းမ​နေဘူး..​ဒေါ်ပင်​ယံနန်းထက်​..တစ်​..အချက်​. ​ဖေ​ဖေ့ကို...​တော်​စပ်​ပတ်​သတ်​ဖို့..အတွက်​..ခင်​များ..ကြိုက်​တဲ့နည်းနဲ့..ကြိုးစား..နှစ်​..အချက်​..အသက်​ကြီးတဲ့..မိန်းမတစ်​​ယောက်​ကို..ကျုပ်​လုံးဝမစဉ်းစားဘူး..သုံး..အချက်​..အတ္တမာန​တွေကြီးပြီး..တစ်​ခန်းလွတ်​​နေတဲ့..မိန်းမမျိုး..

ငယ်​​လေးက..ပင်​ယံကို..စိုက်​ကြည့်​ပြီး..

"တည့်​တည့်​​ပြောရရင်​..ခင်​များလိုမိန်းမမျိုး..အထင်​မကြီးဘူး.."

ပင်​ယံက..မတည်​မပြုံးမျက်​နှာ​လေးနှင့်​..လက်​​လေး​ချောင်း​ထောင်​ပြီး..

"​လေး..အချက်​..မင်းမိဘကို..မလွန်​ဆန်​နိုင်​တဲ့အပြင်​..လက်​ထဲက.လက်​စွပ်​​ကြောင့်​..​စေ့စပ်​ပွဲက..မင်းမသိခင်​..ပြီး​မြောက်​သွားလိမ့်​မယ်​"

ပင်​ယံ..ကဖြည့်​စွက်​​ပြောလိုက်​မှ..သူမ..လက်​​လေး​ချောင်း​ထောင်​ထားတဲ့..လက်​သူကြွယ်​​လေးကို..ကြည့်​မိသည်​..သူ့လက်​ထဲမှာ..ရှိသည့်​. လက်​စွပ်​နှင့်​ချွတ်​စွပ်​တူ​နေသည့်​..လက်​စွပ်​က..သူမ..လက်​ထဲမှာ..အခန့်​သား..

"ကျန်​တာ​တွေ..​နောက်​မှ..ဆက်​​ပြောရ​အောင်​..ဘုရင်​ငယ်​​လေး..အခုမင်းသွားလို့ရပြီ.."

"​တောက်​စ်​.."

ကပ်​ဖဲ့​နေမှန်း..သိ​ပေမဲ့..သူမစကားလုံးတိုင်းက..ဓားသွားတစ်​​ချောင်းလို..

"​ဒေါ်ပင်​ယံနန်းထက်​.."

ဖျတ်​ခနဲ..​ရှေ့ကိုတိုးလိုက်​​တော့..မျက်​နှာနှစ်​ခုမှ..အသက်​​အောင့်​ထား​လောက်​ရမည့်​..အကွာအ​ဝေးမျိုး..

"အ​ဖေတို့က..ခင်​များ..ကြွားလုံး​တွေနဲ့.ခင်​များ..အရှိန်​အဝါမှာ..ပိတ်​မိ​နေတာ..ကျုပ်​..က​တော့."

"မင်း..​ရော..ငါ့အရှိန်​အဝါနဲ့..ကင်းလို့လား.."

သူမ​ဘေးကို..​ခြေတစ်​လှမ်း..​ရွှေ့လိုက်​ပြီး..ကွန်​ပြူတာ​ပေါ်က..စီးကရက်​တိုကို..​ကောက်​ယူလိုက်​သည်​..ပြီးမှ..

"ဒါ..ငါနဲ့​စေ့စပ်​ထားတဲ့..မိန်းမရဲ့..ပိုင်​နက်​ဆိုပီး..မင်းထင်​တိုင်းကြဲ​နေတာ.."

ငယ်​​လေး..မျက်​နှာ..ရဲရဲနီ​စွေသွားသည်​..သူမက​တော့..စီးကရက်​ကို..အမှိုက်​ပုံးထဲထည့်​၍..​အေး​ဆေး..ပြန်​လှည့်​လာကာ..

"၀င်​လာတည်းက..မင်း..ငါ့ဝန်​ထမ်း​တွေကို..လူမထင်​စွာ..ဆက်​ဆံခဲ့တာ..ဘာအားကိုးနဲ့လည်း.."

ငယ်​​လေး..လက်​သီးဆုတ်​လိုက်​တာကို..ဖြတ်​ခနဲကြည့်​ကာ..ပြုံးလိုက်​ပြီး..

"မင်း..ရိုက်​ပုတ်​ဖျက်​စီးလိုက်​တဲ့..ငါ့ပစ္စည်း​တွေနဲ့..ငါ့ဂုဏ်​သိက္ခာအတွက်​..သည်းခံ​နေရ​အောင်​..မင်းက..ဘာမို့လို့လဲ.."

"ခင်​များ..စကားတတ်​တိုင်း..​လျှောက်​​ပြောမ​နေနဲ့.."

"​လျှောက်​မ​ပြောဘူး..ငယ်​​လေး..လူတိုင်း..​ဒေါသရှိတယ်​..ပညာရှိ​တွေ..က..ထိန်းချုပ်​ပြီး..မသိသလို..​နေ​ပေမဲ့..ပညာမဲ့​တွေက..​ပေါက်​ကွဲတတ်​တယ်​..ဒါဘဲကွာတာ.."

သူမ..တစ်​ချက်​ပြီး..တစ်​ချက်​..ပစ်​ခတ်​​နေတာ..သူ့..ရင်​ဘတ်​ကြီးတစ်​ခုလုံး..ဇကာ​ပေါက်​ဖြစ်​​နေပြီဖြစ်​သည်​..

"ဒီ​နေရာမှာ..မင်းငါ့အရှိန်​အဝါကိုသာ..ထည့်​ထွက်​ခဲ့မယ်​ဆိုရင်​..ပိုင်​နက်​..ဆိုတဲ့..စည်းကို..​ကျော်​ပြီး..မင်းဘယ်​ရမ်းကားရဲပါ့မလဲ.."

သူမရဲ့..​ဘောင်​ပိတ်​​ခွေထားတဲ့..စကားထဲမှာ..ဘုရင်​ငယ်​​လေး..စကားတစ်​ခွန်းမှ..မဟနိုင်​ခဲ့...

"ရတယ်​..မိန်းမတစ်​​ယောက်​ရဲ့..​အောင်​မြင်​မှုကို..မင်းသည်းမခံနိုင်​ဘူးဆိုရင်​..မင်း..ကြိုက်​သလို..ရိုက်​ချိုး..ဖျက်​ဆီး..လိုက်​စမ်းပါ..ငါ့ဂုဏ်​သိက္ခာလည်း..မင်းပါးစပ်​ထဲမှာ..ရှိတယ်​..ကြိုက်​သလို..​ပြောလိုက်​ပါ..မင်းက..ငါ​စေ့စပ်​ထားတဲ့​ယောင်္ကျားဆို​တော့..သည်းခံရမှာ​ပေါ့..အို​ခေ.."

ဘာ..အို​ခေ..လဲ..​ပြောချင်​တာ​ပြောရလို့..ခင်​များ..အို​ခေ..သွားတာလား..

တစ်​စစ်​စစ်​တစ်​ဖျင်းဖျင်း..ပူ​လောင်​ရုန်းကြွလာသည့်​..မာနတို့က..​ပြောရမဲ့..စကား​တွေ..ဆွံ့အ​နေ​သော်​​လည်း..အကြည့်​တို့က..စိန်​​ခေါ်ကာ..မဲ့ရွဲ့​နေသည်​..

"မပင်​ယံ..မီတင်​..စဖို့..အဆင်​သင့်​..ဖြစ်​ပြီ"

အကြည့်​​တွေ..အပြိုင်​စူးရဲ​နေစဉ်​​..ဦးကိုကို​အောင်​..အနား​ရောက်​လာပြီး..​ပြောသည်​...သူ​ကြွေ​နေတဲ့..ပင်​ယံကို..လူငယ်​တစ်​​ယောက်​နဲ့..စကားရပ်​​ပြော​နေတာမြင်​​တော့..ကျွဲမြီးတိုကာ..စကားစပြတ်​​အောင်​..၀င်​​ပြောလိုက်​ခြင်းဖြစ်​သည်​..

ငယ်​​လေး..အကြည့်​က..ဦးကိုကို​အောင်​​ပေါ်​ရောက်​လာသည်​..တိုက်​ပုံအင်္ကျီ..ပ​လေကပ်​..ပုဆိုးနှင့်​..ဦးကိုကို​အောင်​က..လူပျိုကြီး..ပီပီ..သပ်​ရပ်​​နေသည်​..

"သူ..ဘယ်​သူလဲ.."

ငယ်​​လေးက..မဆီမဆိုင်​..​မေးသည်​..

"သူက..ငါ့ကုမ္မဏီက..​ဆောက်​လုပ်​​ရေးပိုင်းကို..တာဝန်​ယူထားတဲ့..အကြီးတန်း အင်​ဂျင်​နီယာ..ဦးကိုကို​အောင်​.."

ငါ့လက်​​အောက်​မှာ..ဒီလို..လူကြီးလူ​ကောင်းဆန်​တဲ့..ပုဂ္ဂိုလ်​​တွေ​တောင်​..အလုပ်​လုပ်​​နေတာ..ငါ့ကိုရိုကျိုး​နေတယ်​ဆိုတာကို..ငယ်​​လေးကို..သိ​စေချင်​လို့..ပင်​ယံ..ဂုဏ်​ပုဒ်​​တွေ..တစ်​သီတစ်​တန်းကြီးထည့်​ပြီး..​ပြောလိုက်​သည်​..

ငယ်​​လေးက..မဲ့ခနဲ..တစ်​ချက်​ရွဲ့ကာ...

"ခွပ်​..."

"အား..."

"ဟယ်​.."

ဘယ်​သူမှ..ထင်​မှတ်​မထား​သော..ကိစ္စပါ..ငယ်​​လေး..လက်​သီးချက်​က..မြန်​သည်​..ရိပ်​ခနဲသာ..မြင်​လိုက်​ရပြီး..ဦးကိုကို​အောင်​..ပါးတစ်​ဖက်​..ပူခနဲ..ဖြစ်​ပြီး..စာပွဲ​ပေါ်​မှောက်​သွားသည်​..

"ခင်​များ..မှတ်​ထား..​ဒေါ်ပင်​ယံနန်းထက်​..ကျုပ်​က..ခင်​များ..အရှိန်​အဝါနဲ့မှ..ရမ်းကားရဲတာ..မဟုတ်​ဘူး..ပြီး​တော့..ခင်​များရဲ့..​အောက်​တန်းစား ၀န်​ထမ်း​တွေကိုမှ..လူမထင်​သလို..ဆက်​ဆံရဲတာ..မဟုတ်​ဘူး..အခုလို..ခင်​များ..​လေးစားရတဲ့..ဂုဏ်​ပုဒ်​​တွေနဲ့လူကိုလည်း..လူမထင်​သလို..ဆက်​ဆံရဲတယ်​..ဒါဟာ..ခင်​များ..အရှိန်​အဝါ​ကြောင့်​မဟုတ်​ဘူး..ကျုပ်​ ဇ..နဲ့..သတ္တိ​တွေရဲ့..အရှိန်​အဝါ​ကြောင့်​.."

ဒီတစ်​ခါ..ဘာ​ပြောရမှန်းမသိ..ဆွံ့အ​နေတာက..ပင်​ယံနန်းထက်​ပါ..

"နံပါတ်​..​လေး..အချက်​.ခင်​များ.​ပြောသလို.မိဘကို..မလွန်​ဆန်​နိုင်​လို့..​စေ့စပ်​ပွဲ..အတည်​ပြုချက်​ကို..လက်​ခံလိုက်​ပီ...နံပါတ်​..ငါး..ခင်​များ..ကို..ကျုပ်​.မရရ​အောင်​.လက်​ထပ်​မယ်​..နံပါတ်​..​ခြောက်​..ခင်​များရဲ့..အနာဂတ်​..အဟွန်းး.."

ပြောပြီးတာနဲ့..ဘုရင်​ငယ်​​လေးက..ချက်​ချင်းလှည့်​ထွက်​သွားသည်​..သူမ..မတားဆီမိပါ..မျက်​နှာ..မှာ​သွေးအလိမ့်​လိမ့်​နဲ့..သတိလစ်​​နေတဲ့..ဦးကိုကို​အောင်​ကိုလည်း..မထူမိပါ...မတ်​တပ်​ရပ်​က​နေ..​ခြေလှမ်း​တွေလည်း..မ​ရွေ့မိ......

"ဟား...ဒါဆို..မင်း..အပြတ်​အသတ်​..အဖြဲခံခဲ့ရတာ​ပေါ့."

"​ပြောစရာလိုလို့လား..ဆန်းသစ်​ရာ..ဟိုအပျိုကြီး..ရဲ့စကားလုံး​တွေ..ဒီ​ကောင့်​ရင်​ကို..တစ်​ဒိုင်းဒိုင်း..ထိတာ.."
image
ကျော်​စွာနှင့်​ဆန်းသစ်​၀ိုင်း​လှောင်​​နေ​ပေမဲ့..သူဘာမှ..ပြန်​မတုံ့ပြန်​မိ..လက်​ထဲက..မီးညှိထားတဲ့..စီးကရက်​ကလည်း..တစ်​​ငွေ့​ငွေ့​လောင်​ကျွမ်း​နေတာ..သူမဖွာမိ..မှာထားတဲ့..အ​အေး​တွေ..ပူ​နေတာသိ​ပေမဲ့လည်း..သူမ​သောက်​မိ.

"အဲ့ဒါ​ကြောင့်​..​ပြောတာ​ပေါ့ကွ...အထင်​​သေးမခံရ​အောင်​..စီးပွား​ရေး​လေး..တစ်​ခုလုပ်​ပါလို့...မင်းတစ်​​ယောက်​တည်းမလုပ်​ချင်​​တောင်​..ငါတို့သုံး​ယောက်​..​ပေါင်းလုပ်​မယ်​ဆိုတာကို.."

"အဲ့..မိန်းမ..အထင်​ကြီးဖို့..ငါက..စီးပွား​ရေး..လုပ်​ရမှာလား..သွားစမ်းပါကွာ...စီးပွား​ရေးနဲ့ပတ်​သတ်​ရင်​..စီး​နေတဲ့​ရေ​တောင်​​ပြေးမကြည့်​ချင်​ဘူး.."

"ဒါဆို..ဘာလုပ်​မှာလဲ.."

"ထိုင်​​...​နေမှာ.."

"​ခွေး​ကောင်​.."

"ဟား..ဟား."

ကျော်​စွာ..ပစ်​ပစ်​နှစ်​နှစ်​ဆဲ​တော့..သူ..​အောရီမိသည်​...

"ကိုယ်​ငယ်​"

"ဟင်​.."

အနားက..ပစ်​ချွဲချွဲ.​ခေါ်သံ​ကြောင့်​..​မော့ကြည့်​လိုက်​​တော့..

"ဟင်​...​ရောင်​စုံခြယ်​"

"ဟုတ်​တယ်​..ကိုငယ်​..မ​တွေချင်​လို့..​ရှောင်​ပုန်း​နေတဲ့..ခြယ်​​လေ.."

ဒါ​လေး..ကလည်း..သူရှုပ်​ခဲ့သမျှ​တွေတည်းက..​တက်​သစ်​စ​မော်​ဒယ်​မ​လေး..​ရောင်​စုံခြယ်​..ခု​နောက်​ပိုင်း..ငယ်​​လေးက..အ​တွေ့မခံဘဲ..အဆက်​အသွယ်​..ဖြတ်​ထားခဲ့တာ..ခုမှတိုက်​တိုက်​ဆိုင်​ဆိုင်​..

"ကို​ကျော်​စွာတို့လည်း..မ​ကောင်းဘူးသိလား..ခြယ်​..ဒီ​လောက်​..ဖုန်းဆက်​ပြီး​မေး​နေတာကို..ကိုငယ်​..ရှိမဲ့​နေရာကို.မ​ပြောဘူး...သူတို့ကျ..ဒီမှာ..အတူတူထိုင်​​နေတယ်​"

"အဲ...ဟို..ဒီလိုဟ..ဒီ​ကောင်​ကြီးလည်း..​ပျောက်​​နေတာ..ခုမှတို့လည်း​တွေ့တာ.."

ကျော်​စွာ..မျက်​နှာက..သူခိုးလူမိသလို..မလုံမလဲ...

"ကိုငယ်​..ခြယ့်​ကို..ဘာလို့​ရှောင်​​နေတာလဲ.."

"မ​ရှောင်​ပါဘူး..ကိုယ်​အလုပ်​​တွေ..ရှုပ်​​နေလို့.."

"အရှုပ်​​တွေ..လုပ်​​နေတယ်​..လုပ်​စမ်းပါ..ခြယ့်​ကို..မညာနဲ့.."

့ခြယ်​..နူတ်​ခမ်း​လေးစူပြီး​ပြော​နေတာ..ချစ်​စရာပါ..ဒါ​ပေမဲ့..သူ..ရင်​မခုန်​..

"မင်း..နဲ့မှ..မဟုတ်​ဘူး..ကိုယ်​..ဘယ်​သူနဲ့မှ..မ​တွေ့ချင်​​တော့တာ.."

"ဒါဆို..ခြယ်​က..ကိုယ်​..ကန်​ဆယ်​..လုပ်​တဲ့..ထဲမှာ..ပါသွားပြီ​ပေါ့.."

"အင်း.....အဲ့လို......ဟင်​.."

အဲ့လို..ဟုတ်​တယ်​..​ပြောမလို့..ပါးစပ်​ပြင်​ပြီးမှ..ငယ်​​လေး..ဆိုင်​မှန်​တံခါး​ပေါက်​ကို..အမှတ်​တမဲ့..မျက်​လုံး​ရောက်​သွားသည်​..​ဗေဒာ​ရောင်​..ရင်​​စေ့လက်​စက..အင်္ကျီ​လေးနှင့်​..​ဗေဒါ​ရောင်​..ချိတ်​ထမီ​လေးနှင့်​..ပင်​ယံနန်းထက်​က..ဆိုင်​မှန်​တံခါးကို..တွန်းဖွင့်​ပြီး..​ကျော​ကျော့​လေးဝင်​လာသည်​..ကာလာ​တွေ..မပါဘဲ..​ဖွေးဖတ်​​နေတဲ့..မျက်​နှာ​လေးက..ဘယ်​ချိန်​ချိန်​ကြည့်​ကြည့်​..ရှင်းသန့်​​နေသည်​..အတ္တ​တွေ..မာန​တွေသာ..ဖယ်​လိုက်​ရင်​..ပကတိ..ဖြူစင်​တဲ့..ခ​လေး​လေး..တစ်​​ယောက်​လို...

ဘုရင်​ငယ်​​လေး..​ဘေးနားမှာ..ရှိတဲ့..​ရောင်​စုံခြယ်​..လက်​ကို..အမှတ်​တမဲ့..ဆွဲချလိုက်​သည်​..ဘယ်​လိုမှ..ထင်​မှတ်​မထား​သော​ကြောင့်​..ခြယ်​...ကိုယ်​လုံး​လေးက..ငယ်​​လေး..ရင်​ခွင်​ထဲ..ပုံခနဲ..ကျလာသည်​..

"အ..ဟာ...ကိုငယ်​..အရမ်းဘဲ..​ဘေးမှာ..ကို​ကျော်​စွာတို့ရှိ​နေတာကို.."

ခြယ်​.....အသံက..ခပ်​ချွဲချွဲနှင့်​..ငယ်​​လေး..ရင်​ဘတ်​ကို..ခပ်​ဖွဖွ​လေး..ထု​နေ​သေးသည်​..​ကျေနပ်​​နေတာလား..ရှက်​​နေတာလား..မသဲကွဲ...

ခင်​များ..မြင်​သွားလိုက်​စမ်း..​ဒေါ်ပင်​ယံနန်းထက်​...ဘုရင်​ငယ်​​လေး..ဘယ်​လို​ကောင်​လဲဆိုတာ..တလွဲ​တွေ..​တွေးသွားလိုက်​အုံး..

ငယ်​​လေး..ရည်​ရွယ်​ချက်​​တွေ..ပြည့်​ပါသည်​..ဇာတ်​​လေးလိမ်​ပြီး..လူလွတ်​မည့်​ခုံရှာ​နေသည်​..ပင်​ယံ..မျက်​နှာ​တွေပင်​..ပူထူသွားသည်​..

ငယ်​​လေး..​ပေါင်​​ပေါ်မှာ..ထိုက်​ပြီး..ရင်​ခွင်​ထဲမှာ..အ၀တ်​ထုတ်​တစ်​ထုတ်​လို..အဖက်​ခံ​နေတာ..ဘယ်​လို..မိန်းခ​လေးပါလဲ..​ရှေ့မှာလဲ..လူငယ်​နှစ်​​ယောက်​က..ရှိ​နေသည်​..​ဘေးကကြည့်​​နေတဲ့..သူမ..ပင်​..မျက်​နှာ..မထားတတ်​​အောင်​..ရှက်​လှသည်​။

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 60607.86
ETH 2620.83
USDT 1.00
SBD 2.52