အချစ်​စစ်​ရဲ့တန်​ဖိုး

in #esteem6 years ago

image
သူမအရှေ့တွင်လူသတ်သွားသောလူတစ်ယောက်ပါနေတော့သည် သူမလည်း အနောက်မှတိတ်တဆိတ်လိုက်သွားလေသည် ထိုလူနှစ်ယောက်အနက်ရောင်အိတ်တစ်လုံးကိုတစ်ယောက်ကကိုင်၍ တစ်ယောက်ကတော့ လူအခြေအနေကိုကြည့်နေသည်
ပျိုမဒီလဲနံရံတစ်ခုအနောက်ကို အမြန်ဝင်ပုန်းလိုက်သည် ထိုလူနှစ်ယောက်ခုံအောက်သို့အိတ်အနက်ကိုထည့်သွားပြီးထားခဲ့လေသည်

စိတ်ချရတဲ့အနေအထားရောက်မှ ထိုလူတွေထွက်သွားလေသည် ပျိုမဒီ လဲ ထိုနေရာသို့အမြန်သွား၍ထိုအိတ်အနက်ကြီးကို ဆွဲထုတ်လာခဲ့သည်
"ဟင်"
မင်းကောင်းကင် ပျိုမဒီခုံအောက်ထဲသို့အတင်းတိုးဝင်နေပြီး လက်ထဲမှာ အိတ်တစ်လုံးကိုင်ထားတာကို တွေ့သွားသည်
"ပျို လက်ထဲကအိတ်က ဘာတွေပါလိမ့်"
ပျို မဒီလဲ ထိုအိတ်နက်ထဲတွင် ဘာထည့်ထားလဲ အလွန်အမင်းသိချင်နေသည်
ထို့ကြောင့်ထိုနေရာနှင့်ခပ်လှမ်းလှမ်း အခန်းတစ်ခုထဲသို့ ဝင်သွားလိုက်သည်
ထိုစဉ်
"ကျွီ"
တံခါးဖွင့်သံတစ်ခုကြောင့်အလန့်တကြားလှည့်ကြည့်မိလေသည်
"ဟင် "
"ကိုကောင်း ဘယ်သူများလဲလို့လန့်သွားတာပဲ"
"ပျို လက်ထဲကဘာတွေလဲ"
"ပျို လဲသေချာတော့မသိဘူး ဟိုလူတွေကိုမသင်္ကာလို့ သွားယူလာခဲ့တာ"
"ဟုတ်လား "
"ပျို "
"ပြောလေ"
"အခုလိုမိန်းကလေးပုံစံဝတ်ထားတော့လဲ အရမ်းလှတာပဲသိလား"
"ဟမ်"
ပျို မဒီ မင်းကောင်းကင်ရဲ့ အဆက်စပ်မရှိတဲ့စကားကြောင့် ကြောင်င်္ပြီးကြည့်နေမိတော့သည်
မင်းကောင်းကင်ကတော့ တစ်ခါမှမမြင်ဖူးခဲ့တဲ့ ပျို့ရဲ့ပုံသဏ္ဍာန်လေးကိုကြည့်ပြီး ရင်ထဲမှာချစ့်မတ်နိုးနေမိတော့သည်
သည်လိုမိန်းကလေးဆန်တော့လဲ အရမ်းကိုလှနေသူပါပဲလား
ပျိုမဒီ သူမကိုစိုက်ကြည့်နေသောမင်းကောင်းကင် ကိုရှက်ရှက်နှင့် မျက်နှာလေးလွှဲသွားမိသည်
ထိုအခါမှ ငေးနေမိသောမင်းကောင်းကင်သတိရကာ
"အာ ပျို"
image
သူအကြည့်ကိုလွှဲရင်းတောင်းပန်လိုက်မိသည်
"'ရပါတယ် ကိုကောင်း"
"ဟိုလေ ဒီအိတ်ကိုဖွင့်ကြည့်ရအောင်"
"ဟုတ်"
နေတံခွန်တစ်ယောက် ပျိုမဒီကိုလိုက်ရှာနေမိသည်
"သူဆူလိုက်၍များစိတ်ဆိုးပြီးထွက်သွားပြီလား"
ရင်ထဲမှနေမထိထိုင်မသာ ပျိုမဒီစိတ်ဆိုးင်္ပြီးထွက်သွားရင် သူအပြစ်ပဲဖြစ်သည်
သူပျိုမဒီကို တစ်ခါမှစိတ်ချမ်းသာမှုမပေးခဲ့ဖူးပေ
ပျော်ရွှင်မှုဆိုတာသူမဘဝမှာသူု့ကြောင့်နဲ့ပျက်သုန်းခဲ့ရသည်
အခုချိန်ကစပြီးပျို့ရဲ့ ပျော်ရွှင်မှုတွေကိုသူဖန်တီးပေးမည်
ပျိုစိတ်ချမ်းသာအောင်သူထားမည်ဟုဆုံးဖြတ်လိုက်သည်
ပ်ျိုမဒီနဲ့ မင်းကောင်းကင် အိတ်ကိုဖွင့်ကြည့်လိုက်ကြသည်
"ဟင်"

ငိုရင်းပြောနေတဲ့ သားကိုကြည့်ပြီး
ချမ်းသီရိညို ဘာမှနားမလည်သေးတဲ့
သားလေးကို အပြစ်မတင်ချင်ပေ။
တကယ်တော့ ဘယ်သူမှ ဘာအပြစ်မှ
မရှိပါ။ကံဇာတ်ဆရာရဲ့အလိုကျ
ကပြနေကြရတာပဲ။
ချမ်းသီရိညို သားလေးကိုပြန်ပွေ့ချီ၍
ခေါင်းလေးကိုပွတ်သပ်ချော့ရင်း……

''မငိုနဲ့တော့သား သားလေးပျော်ရင်း
မေမေလဲပျော်ပါတယ် ဒါပေမယ့်
သားရဲ့ဦးဦးကိုတော့ ဒီအိမ်ကို လာခံလို့မရဘူးသားရဲ့
ဘာကြောင့်လဲလို့မမေးနဲ့နော်
တနေ့ သားနားလည်လာမှာပါ……''

သူမရင်ခွင်ထဲတွင် ငိုရှိုက်ကာ ခေါင်းညိတ်ပြလိုက်တဲ့သားကို
ကြည့်ပြီး ချမ်းသီရိညို သားပါးပြင်လေးကို နုညံ့စွာ ဖွဖွလေးဖိနမ်းလိုက်သည်။
image
တကယ်တော့ သားက မေမေအသက်ပါကွယ်။
သားမျက်ရည်ကို မြင်ရရင်း မေမေသွေးတွေကိုမြင်ရသလိုပဲ
ရင်နာတယ်။သားကို မေမေအရမ်းချစ်တယ်။
ချမ်းသီရိညို သားဖြစ်သူကို တင်းကျပ်စွာ
သိုင်းဖက်ရင်း မျက်ဝန်းတစ်စုံကို
မှိတ်ပစ်လိုက်ရာ ဦးဇွဲမာန်ပြည့် မျက်နှာကို မြင်ယောင်လိုက်ရသဖြင့်
အလန့်တကြား မျက်ဝန်းတစ်စုံကို
ဖွင့်လိုက်ရသည်။ဘာကြောင့်
ဒီလူကို မြင်ယောင်မိပါလိမ့်။

စာမူလေးတွေအရမ်းကို အချိန်တွေကြာပြီမှထွက်လာရတဲ့အတွက် စာရေးသူအိမ်ကလေး(မြိတ်)မှ ပရိတ်သတ်ကြီးအပေါ် အထူးပင်မေတ္တာရပ်ခံတောင်းပန်အပ် ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် စာရေးသူရဲ့စာမူလေးတွေကြန့်ကြာနေခဲ့ရပါသည်။ စာဖတ်ပရိတ်သတ်တွေအနေနဲ့ စာရေးသူအပေါ်ကို အားပေးမူ့မပျတ်ပျယ်ဘူးဆိုတာကို စာရေးသူအိမ်ကလေးမြိတ်က ရင်ထဲက သိရှိနေပါကြောင်း စာဖတ်သူတွေ ကိုကျေးဇူးတုံ့ပြန်သော…အားဖြင့် စာရေးသူအိမ်ကလေး(မြိတ်)ရဲ့ မေတ္တာဖော်ကျူးသော…"သံယောဇဉ်လွန်းတင်သည့်ကြိုး"
စာမူလေးနှင့် ကျေးဇူးဆပ်လိုက်ပါသည်
သူ့သားငယ်ကိုစိတ်မချနိုင်ရှာပေ…။ ဒီလိုနဲ့ နွားသတ်သမားတွေလည်း နွားမကြီးကို မဖမ်းတော့ နွားပေါက်ငယ်လေးကိုသာ ကြိုးဖြင့်ဖမ်းခေါ်လာရာ…နွားမကြီးမှာလည်း ကြိုးမချည်ထားပေမဲ့ သားဇောကြောင့်သားလေးကိုခေါ်ဆောင်ရာကို သူ့အလိုလိုလိုက်ပါလာပါတော့တယ်…သူ့သားကိုတော့ဒီလိုလူတွေနဲ့စိတ်မချနိုင်ရှာပဲသူမ ကိုယ်တိုင်ပဲ သားလေးအနောက်ကနေထပ်ကြပ်မကွာလိုက်ပါလာတော့တယ်။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by onedee from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 66146.36
ETH 3281.02
USDT 1.00
SBD 2.70