အားလပ်ရက်မှာ အာလူးကတ်သလစ် စားကြမယ်

in #esteem6 years ago

ပြီးခဲ့တဲ့အပတ်ရုံးပိတ်ရက်တုန်းက အိမ်ကညီမလေးကအာလူးကတ်သလစ် စားချင်တယ်ဆိုပြီးပူဆာ လို့ရုံးပိတ်ရက်တောင်ကောင်းကောင်းမနားရဘဲ ဈေးအပြေးသွားခဲ့ရပါသေးတယ်။
ပါဝင်ပစ္စည်းတွေကအများကြီး မဟုတ်လို့ ဈေးဝယ်ရတဲ့အချိန်ကလည်းသိပ်တော့ မကြာလှပါဘူး။ လုပ်ပုံလုပ်နည်းကလည်း ရိုးရိုးရှင်းရှင်းပဲမို့ အားလပ်ရက်တွေမှာ မိသားစုတွေနဲ့အတူလုပ်စားကြည့်လို့ရပါတယ်။
image
လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ အာလူး၊ (ဝက်သား၊ ဆိတ်သား စသဖြင့် အသားတစ်မျိုးမျိုး တောက်တောက်စင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ချင်း၊ ဇီယာစေ့၊ မာဆလာ၊ တန်ပူရာမှုန့် ၊ ကြက်ဥ၊ ဆီ၊အချိုမှုန့်၊ သကြားအနည်းငယ်၊ ဆား စတာတွေပဲဖြစ်ပါတယ်။
image
ပြုလုပ်နည်းအဆင့်ဆင့်ကတော့ အားလူးကိုအရင်အိုးတစ်ခုထဲထည့်ပြီးပြုတ်ထားပါ။ တောက်တောက်ဆင်းထားတဲ့အသားတွေကို ဆား၊ အချိုမှုန့်၊ သကြားတွေနဲ့နယ်ထားပါ။ ကြက်သွန်နီနဲ့ကြက်သွန်ဖြူတွေကို ပါးပါးလှီးပြီးဆီသတ်ထားပြီး ဆနွင်းမှုန့်၊ ဇီယာစေ့၊ မာဆလာတို့ကိုထည့်ပါ။ အသားဆီသတ်ထားတာကျက်ပြီဆိုရင် ဆီစစ်ထားပေးပါ။ ပြုတ်ထားတဲ့အာလူးတွေကို အခွံခွာပြီး ဆား၊ အချိုမှုန့် အနည်းငယ် အာလူးတွေကို ၁လက်မခွဲအရွယ် ၀ိုင်းလေးများ လက်နှစ်ဖက်ဖြင့် ပြုလုပ်ပေးပါ။ အဲဒီနောက် အာလူး အလယ်ကိုချိုင့်ပြီး ဆီသတ်ထားတဲ့အသား စားပွဲတင်ဇွန်း ၁ဇွန်းစာအစာသွပ်ပေးပြီး အ၀ိုင်းပြားလေးတွေ ပြန်လုပ်ပေးပါ။ အာလူးဝိုင်းတွေကို တန်ပူရာမှုန့်တွေကပ်ပေးပါ။ ပြီးရင်တော့ ဒယ်အိုးထဲကို ဆီများများထည့်ပြီး လူးကတ်သလစ်တွေကို ရွှေညိုရောင်ပြောင်းတဲ့အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။ ကြော်လို့ပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့အာလူးကတ်သလစ်ပူပူလေးကို ထမင်းဖြူလေးနဲ့တွဲပြီး သုံးဆောင်နိုင်ပါပြီ။
@oakarlwin

Sort:  

အရမ်းကောင်းပါတယ်ဗိုက်တောင်ဆာလာတယ်လေအဆင်ပြောစေ

Very nice post

ရက်တွေအတွင်း ဆွေမျိုးမိတ်ဆွေအတွက် ဆေးရုံဆေးခန်း ဒါမှမဟုတ် ရုံးတွေ၊ ဂါတ်တွေ ရောက်ရတတ်ပါတယ်။

ကောင်းပါတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by oakar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.030
BTC 59096.52
ETH 2516.65
USDT 1.00
SBD 2.46