တိုတောင်တဲ့ဘဝကိုဂရုစိုက်ပါ

in #esteem6 years ago

image

တိုတောင်တဲ့ဘဝကိုဂရုစိုက်ပါ

ဖြစ်လာမယ့်ပြဿနာကို ကြိုတွေးနိုင်တာ ဉာဏ်ရှိလို့ပါ​နော်​။ 
   ဖြစ်လာမယ့်ပြဿနာကို ကြိုမတွေးနိုင်လို့ လူတွေဒီလောက်ဒုက္ခများနေတာ။ သူငယ်​ချင်းမိတ်​​ဆွေ​တွေကို လုပ်​​ဖော်​ကိုင်​ဖက်​​တွေကို မိသားစုတွေကို ပြဿနာထဲ ဆွဲ​ခေါ်ပြီး စိတ်ဆင်းရဲမှု​တွေ စိတ်ဒုက္ခ​တွေ အများဆုံးပေးနိုင်တာ အခြေအနေကို ကြိုမတွေးတတ်​တဲ့သူတွေပဲ။ 

ကြိုတွေးတာ ကောင်းပါတယ်​နော်​။ နည်းနည်းစိတ်ပူတတ်တာလည်း ကောင်းပါတယ်။ အဲဒါကြီးကိုတော့ ပြဿနာကြီး ထပ်တော့ မလုပ်နဲ့တော့​နော်​။
  ဟုတ်တယ် ငါက စိတ်ပူတတ်တယ် လို့ လက်​ခံထားပါ။
  ပူစရာတွေ တွေးနေပြီ ဆို သိပြီးတွေးမယ်​နော်​။ တွေးနေတုန်းမှာ  တွေး​နေတာကို သိဖို့ကြိုးစားမယ်။ အတွေး​တွေကြောင့် ရင်ထဲမှာ ဒိုင်းခနဲ ဒိုင်းခနဲ ဗုံးတွေဖောက်သလို ဖြစ်သွားရင်လည်း ရအောင် လိုက်​သိ​နေမယ်​။ 

 သိနေတဲ့အခါလည်း ငါက ဒီလိုကြီး ဖြစ်​တတ်​တာကိုး မကြိုက်​ပါဘူး လို့ဆိုပြီး အပြစ်ယူတဲ့စိတ်နဲ့ မ​တွေးပါနဲ့။ ငါ ဆိုတဲ့ ​နေရာက သိရမှာ မဟုတ်ဘူး။ ငါမဟုတ်​တဲ့ ​နေရာက​နေ ကြည့်​ရ သိရမှာ​နော်​။ ငါ့စိတ်​ ငါ့အ​တွေး ငါမ​ကောင်းဘူး လို့ မြင်​​နေရင်​ စိတ်​သဘာဝကို ​သေချာ သိလိုက်​ မြင်​လိုက်​မှာ မဟုတ်​ဘူး။

အင်မတန်တည်ငြိမ်တဲ့ တန်ခိုးရှင်ကြီးတစ်ပါးလို စိတ်မျိုးနဲ့ သိရမှာ ။ ဘာမှ ဝင်​မစွပ်​ပဲနဲ့ ဖြစ်​လာတဲ့ စိတ်​သဘာဝကို နက်​နက်​နဲနဲ သိဖို့ ကြိုးစားရမှာ​နော်​။

စိတ်ပူစရာတွေ တွေးပြီးပြီလား ..​တွေးပြီးပြီဆို ခဏအသာထားလိုက်တော့ ...  စိတ်အေးအောင် ထားအုံးမယ် ... 
 အဆိုးဆုံးဘာဖြစ်နိုင်သလဲ။ ဖြစ်လာမယ့်အဆိုးဆုံးကို ဘယ်လိုတည်တည်ငြိမ်ငြိမ်ကိုင်တွယ်ပြီး အဆုံးသတ်လိုက်မလဲ တွေးပါ။ 
 တည်တည်ငြိမ်ငြိမ်နဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းသွားနေတယ် ဆိုတဲ့ ကိုယ့်ရဲ့ Image ကိုယ်ကိုယ်ကိုယ်မြင်ပုံကို သေသေချာချာ အာရုံပြုပါ။ အဲဒါသိပ်အရေးကြီးပါတယ်။
 စိတ်ရဲ့သဘာဝက reason ကို သိပ်နားမလည်ဘူး။ image ကို နားလည်တယ်။ ​ခေါင်း​အေး​အေးနဲ့ တည်​တည်​ငြိမ်​ငြိမ်​ လုပ်​ကိုင်​​နေထိုင်​ ​ပြောဆို ​နေတာကို မကြာမကြာ အာရုံပြုပါ​နေိာ။
  ကိုယ်ပေးချင်တဲ့ image ကို ကိုယ့်​စိတ်မှာစွဲနေအောင် ပေးနေရတယ်။ အကျင့်လုပ်နေရတယ်။ ခဏလုပ်ရုံနဲ့လည်း မရဘူး။ အမြဲတမ်းတစိုက်မတ်မတ် လုပ်နေရတယ်။  ကြာလာတဲ့အခါ ငြိမ်းချမ်းနေတာ ငါပဲ တည်ငြိမ်နေတာ ငါပဲ။ ထင်​ထားတဲ့ ပြဿနာ​ရော ထင်​မထားတဲ့ ပြဿနာ​ရော ရင်​ဆိုင်​ရပြီဆိုရင်​ ​ခေါင်း​အေး​အေးနဲ့ ​ဖြေရှင်းနိုင်​တာ ငါပဲ။  

image

ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုယ်​ကိုယ်မြင်ရတဲ့  image က ကိုယ့်တစ်နေ့တာကို guide လုပ်သွားနေတယ်။
သိသည်ဖြစ်စေ မသိသည်ဖြစ်စေ guide လုပ်နေတယ်။
 ကိုယ့်ဘဝတစ်ခုလုံးကိုလည်း ကိုယ့်ကိုယ်ကိုယ်မြင်တဲ့ အမြင်ကပဲ ပြဌာန်းသွားနေတယ်။ 

 အဲဒီတော့ တရားအားထုတ်တယ်လို့ မတွေးပါနဲ့ ... သတိလေးကပ်ပြီး စိတ်ကို အတွေးတွေရှင်းအောင် လုပ်လိုက်တယ်​ .. .တည်​ကြည်​ ငြိမ်းချမ်းတဲ့အာရုံလေးကို အာရုံပြုတယ်​ .. စိတ်ကလေး ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ တစ်နေ့တာကို ဖြတ်သန်းသွားနေတယ်... အလုပ်တွေလည်း အများကြီးလုပ်နေတယ်... အလုပ်တွေလည်း အများကြီးပြီးတယ်....အခက်အခဲတွေကိုလည်း ရယ်ရင်းမောရင်း ​ပျော်​​ပျော်​ရွှင်​ရွှင်​ ဖြေရှင်းသွားနေတယ်...လုပ်ဖော်ကိုဖက်တွေ အပေါင်းအသင်းတွေနဲ့လည်း ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် ပြောရင်းဆိုရင်း နေသွား​နေတယ်​... 

အဲလို သတိကို အ​လေ့အကျင့်​လုပ်​ရင်း စိတ်​ကိုလည်း ​လေ့ကျင့်​ပါ​နော်​။ ​Habit is second nature. လို့ ဆိုတယ်​ မဟုတ်​လား။ ကိုယ့်​သဘာဝ ဖြစ်​လာလိမ့်​မယ်​။
Stress ရှိတော့လည်း ရှိမှာပေါ့ .. လူတိုင်းရှိပါတယ်​။ ဘာ stress မှ မရှိချင်​ရင်​ ဘာအလုပ်​မှ မလုပ်​ပဲ ​နေမှပဲ။ ဒါ​တောင်​ အလုပ်​မရှိတဲ့ stress က လာအုံးမယ်​ ​သေချာတယ်​။
Mindfullness သတိနဲ့​နေတဲ့အကျင့်​ ရှိ​နေတဲ့ကြားက stress ရှိလည်း ခံသာတဲ့ stress ပဲ ဖြစ်​လိမ့်​မယ်​ ကိုယ့်​ကို ပို ကျစ်​လစ်​ မာ​ကျော ​စေလိမ့်​မယ်​ ပို ​မေတ္တာကရုဏာကြီးတဲ့သူ ဖြစ်​​စေလိမ့်​မယ်​ ခွင့်​လွှတ်​တတ်​တဲ့သူ ဖြစ်​​စေလိမ့်​မယ်​ ....

photo : facebook

image

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57673.98
ETH 2343.83
USDT 1.00
SBD 2.37