ပေးဆပ်သူ

in #esteem6 years ago

image

ပေးဆပ်သူ

ကျနော်ကိုးတန်းနှစ် ကျောင်းတက်ခေါင်းလောင်းထိုးအပြီး
ကျောင်းရှေ့အလံတော်အလေးပြု ဆရာမကြီးကမိန့်ခွန်းချွေ
ကိုယ့်အခန်းကိုတန်းစီပြီးပြန်ကြရတယ် အဲလိုသွားနေကြတုန်း
ဒိုင်းကနဲ အသံနဲ့အတူ ချွမ်ဂလွမ်ဆိုပြီးမှန်ကွဲသံတွေထွက်လာ
အဲတာနဲ့ကြည့်လိုက်တော့ မှန်တံခါးကိုတစ်ယောက်ယောက်က
လက်ဆော့ပြီး ဆောင့်ပိတ်လိုက်ပုံရတယ် ဆရာတွေလိုက်လာပြီး
အဆင်ပလီပြန်စီကြရပြီ ဘယ်သူလုပ်သလဲပြောဆိုတော့
ဘယ်သူကမှမဖော်ကြ ဆရာမကြီးကမဖော်ရင်အကုန်ရိုက်ဆိုပြီး
ရိုက်ခိုင်းတော့ဆရာတွေလဲကြိမ်တဝင့်ဝင့် တရွှမ်းရွှမ်းရိုက်မယ်ပြင်
စကတ်တိုနဲ့ကျောင်းတက်တဲ့မိန်းခလေးတွေငိုမဲ့မဲ့ဖြစ်ကြပြီ
ယောင်္ကျားလေးတွေလဲဘာမှမလုပ်ရဲအရိုက်ခံရတော့မယ်ဆုတော့
မကျေနပ်သူ့ကြည့်ကိုယ့်ကြည့်တီးတိုးရေရွတ်ကြနဲ့ပေါ့
အဲအချိန်မှာရှေ့ကိုထွက်လာပြီး ကျနော်လုပ်တာဘာ ဆိုပြီးဝန်ခံသူ
ပေါ်လာတယ် မောင်ချစ်ပြုံးရယ်ပေါ့ အားလုံးအရိုက်ခံရမဲ့ဘေးက
လွတ်သွားတော့စိတ်သက်သာရာရသွားကြတယ် ဆရာတွေကတော့

image

မောင်ချစ်ပြုံးကိုစိတ်ရှိလက်ရှိကြိမ်နဲ့လွဲလွဲဆော်ကြတာပေါ့
စိတ်မကောင်းဖြစ်တာကကျနော် သူကကျနော်နဲ့အတူစကား
ပြောပြီးအတန်းကိုဝင်လာတာ ကျနော်တို့ဝင်ပြီးမှတံခါးပိတ်သံ
မှန်ကွဲသံထွက်ခဲ့တာ သူဘာဖြစ်လို့မဟုတ်ဘဲဝန်ခံလိုက်လဲလို့
အံ့အားသင့်ပြီးမှင်တက်နေမိတယ် အရိုက်ခံနေတာမြင်ရတာလဲ
စိတ်မကောင်းဖြစ်ပြီး အတန်းပြန်ရောက်တော့မေးမိတယ်
ဘာဖြစ်လို့မင်းမလုပ်ဘဲဝန်ခံရတာလဲမေးတော့ အားလုံး
အရိုက်ခံမဲ့အစားတစ်ယောက်ထဲခံလိုက်ပြီးတာပါဘဲကွာလို့
သူရဲကောင်းစိတ်ဓာတ်ကိုပြခဲ့တယ် ဖြစ်ရပ်မှန်ပါ
ဝန်မခံရဲတဲ့တံခါးပြူတင်းခွဲခဲ့သူလဲဒီအသက်ရွယ်မှာ
ဒီစာတွေ့ရင် သင်ခန်းစာရပါစေ

photo :facebook

image

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57337.14
ETH 2342.62
USDT 1.00
SBD 2.35