Truth

in #esteem8 years ago

အိမ်ကို တီဗီဝယ်လာတော့
စာအုပ်တွေ ဘယ်လိုဖတ်ရလဲ မေ့ကုန်တယ်
မော်တော်ကား ဝယ်လိုက်တော့
လမ်းဘယ်လိုလျှောက်ရလဲ မမှတ်မိတော့ဘူး
image
လက်ထဲမှာ မိုဘိုင်းဖုန်း ကိုင်နိုင်တော့
ပေးစာ မရေးတတ်တော့ဘူး
ကွန်ပြူတာ ဆင်လိုက်တော့
စာလုံးပေါင်းသတ်ပုံတွေ မေ့ကုန်တယ်
image
အဲယာကွန်း တပ်လိုက်တော့
သစ်ပင်အောက် လေညှင်းခံဖို့ မသွားဖြစ်တော့ဘူး
မြို့ထဲမှာ အနေကြာတော့
ရွှံ့ရနံ့ကို မေ့သွားတယ်
image
ဘဏ်တွေ၊ စမတ်ကဒ်တွေ သုံးနေရတော့
ငွေရဲ့တန်ဖိုးကို သတိမရဖြစ်ဘူး
ရေမွှေးနံ့တွေနဲ့ ရင်းနှီးနေတော့
ပန်းရနံ့သင်းသင်းကို မေ့နေခဲ့တယ်
image
အသင့်စား Fast Food စနစ်နဲ့ ယဉ်ပါးလာတော့
ကိုယ့်အစားအစာကိုတောင် ဖြောင့်အောင်
မချက်နိုင်ချင်တော့ဘူး

တချိန်လုံး ပြေးလွှားရုန်းကန်နေရတော့
ခဏရပ်နားဖို့တောင် သတိမေ့နေတယ်
Whatsapp တွေ ပေါ်လာတော့
စကားပြောရတာ မေ့ကုန်ရော
image
သေတဲ့အခါ
ဘဏ်ထဲမှာ ငွေတွေ ကျန်နေခဲ့တယ်
ရှင်တုန်းကတော့
လောက်လောက်ငှငှ သုံးစွဲရတယ်လို့ မရှိခဲ့ဘူး
ပကတိအဖြစ်မှာတော့ သေရင် ငွေတွေအများကြီး
မသုံးဖြစ်လိုက်ပဲ ကျန်နေခဲ့တယ်

တရုတ်ပြည်က လုပ်ငန်းရှင်သူဌေးကြီးတဦး
သေဆုံးတော့မုဆိုးမ ဇနီးသည်က ၁.၉ ဘီလျံ
အမွေရခဲ့ပြီးအိမ်က ဒရိုင်ဘာကို
ကောက်ယူလိုက်တယ်
image
အဲဒီဒရိုင်ဘာက ပြောတယ်
"တသက်လုံး သူဌေးဖို့
အလုပ်လုပ်ပေးလာတယ် ထင်ခဲ့တာ။

သူဌေးက ကျနော့်အတွက် 
   အလုပ်လုပ်ပေးနေမှန်း
      ခုမှ သိရတော့တယ်" တဲ့။

ရက်စက်တဲ့ အမှန်တရားကတော့
ချမ်းသာဖို့ထက် အသက်ရှည်ကျန်းမာဖို့က ပိုအရေးကြီးတယ်
ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာ ထိန်းသိမ်းထားဖို့ အားထုတ်ရမယ်
ဘယ်သူက ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတယ် ဆိုတာသိပ်အရေးမကြီးဘူး။

နောက်ဆုံးပေါ် မိုဘိုင်းဖုန်းတလုံးရဲ့ ၇၀ ရာခိုင်နှုန်းသော
Function တွေကို ကျနော်တို့ မလိုအပ်ဘူး
မော်တော်ကား အပျံစားရဲ့ အမြန်နှုန်း ၇၀ ရာခိုင်နှုန်းနဲ့
အဆင်တန်ဆာတွေကို ဘယ်တော့မှ မသုံးဖြစ်ဘူး
နန်းတော်ကြီးတမျှ ကြီးကျယ်ခမ်းနားတဲ့ စံအိမ်ကြီးရဲ့
၇၀ ရာခိုင်နှုန်းမှာ ဘယ်သူမှ မနေဖြစ်ဘူး
ဘီရိုထဲက အဝတ်အစား ၇၀ ရာခိုင်နှုန်းကိုလည်း
ဘယ်တော့မှ ထုတ်မဝတ်ဖြစ်ဘူး

တသက်လုံး အလုပ်လုပ်ပြီး
ရှာဖွေစုဆောင်းလာတာရဲ့
၇၀ ရာခိုင်နှုန်းကိုလည်း သူများတွေအတွက်ပဲ
သုံးစွဲပစ်လိုက်ရတာ များတယ်

ဒီတော့ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းလေးကို
ထိထိရောက်ရောက် သုံးစွဲရမယ်

မဖျားမနာပဲ ရှိရင်တောင် ဆေးမှန်မှန် သွားစစ်ပါ
ရေမဆာလည်း ရေသောက်ပါ
ပြသနာတွေ သေရေးရှင်ရေးဖြစ်နေစေဦးတော့ မေ့ပျောက် စွန့်လွှတ်တတ်ပါစေ။
ကိုယ် မှန်နေစေဦးတော့၊ အလျှော့ပေးဖို့ နောက်မတွန့်ပါနဲ့
အရမ်းချမ်းသာပြီး သြဇာရှိနေရင်တောင် နှိမ်ချပါ
မချမ်းသာတဲ့အခါလည်း ရောင့်ရဲတတ်ပါစေ
ဘယ်လောက်အလုပ်များများ စိတ်နဲ့ ကိုယ်ကို လေ့ကျင့်ခန်း လုပ်ပါစေ
ကိုယ် ဂရုစိုက်အလေးထားသူတွေအတွက် အချိန်ပေးပါ

Credit_Org_writer_Uploader
ဗဟုသုတအဖြစ်ပြန်လည်မျှဝေသည်

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.080
BTC 66465.63
ETH 1795.38
USDT 1.00
SBD 0.43