မီးစိမ်းကလေး မလင်းတော့ပြီ

in #esteem8 years ago (edited)

လွန်ခဲ့သော နှစ်နှစ်ခန့်က ဆယ်ကျော်သက်အရွယ်
ချာတိတ်တစ်ယောက် သူ့ရဲ့အားလပ်ချိန်တွေကို
အွန်လိုင်းမှာ အသုံးပြုဖို့ ဖေ့စ်ဘွတ်အကောင့်တစ်ခု
ဖွင့်လိုက်ပါသည်။သူဖတ်ဖူးသမျှ
စာတိုပေစလေးတွေ၊ခံစားချက်အချို့နှင့် သူနှစ်သက်ရာပို့စ်များအား
ရှဲလုပ်ခြင်းအားဖြင့် သူ့အကောင့်လေးအား
စိုပြေနေစေပါသည်။တစ်စတစ်စနှင့် သူ့အကောင့်ကလေးမှာ
သူငယ်ချင်းများ အတန်အသင့် ရှိနေပြီဖြစ်သည်။
တစ်နေ့မှာတော့ မက်ဆင်ဂျာမှာ သူ့အား
အမျိုးသမီးတစ်ဦးမှ စကားလာပြောလေသည်။
image
"Hi မင်္ဂလာပါ မောင်လေး"
"မင်္ဂလာပါ မ"
ေ မာင္ေလးေ ရးတဲ့ စာေ တြ သဘောကျတယ်
ကျေးဇူးပါ မ
မောင်လေးက သိပ်တော်တာပဲ
"အဲ့လောက်လည်း မဟုတ်ပါဘူး မရဲ့"
"တကယ်ပြောတာ သိပ်ရေးတတ်တာပဲ။မောင်လေးရေးတဲ့စာတွေ
ဖတ်ပြီး ခွန်အားဖြစ်ရတယ်။တကယ်ကျေးဇူးတင်တယ် သိလား"
"မဟုတ်တာ ကျွန်တော်က ကျေးဇူးတင်ရမှာပါ။
မတို့လို စာဖတ်သူတွေ ရှိလို့သာ ရေးအားတက်ရတာပါ"

ဒီလိုနဲ့ အချိန်ခဏအတွင်း ကောင်လေးနဲ့
တစ်ဖက်အမျိုးသမီးတို့ ရင်းနှီးသွားကြသည်။ကောင်လေးရေးတဲ့ပို့စ်တွေဆို
မလွတ်တမ်း ကွန်မန့်တွေ ၀င်ရေး၊မက်ဆင်ဂျာမှာ
နေ့တိုင်း စာပို့နဲ့ ရင်းနှီးမှုတွေ ပိုမိုခိုင်မာလာခဲ့တယ်။

မ အသက်ဘယ်လောက် ရှိပြီလဲ
"၂၅ပါ။ဘာလို့လဲ။မောင်လေးက ဘယ်လောက်ထင်လို့လဲ"
ပောာတတ်ဘူးလေ။မက ပုံမှ မတင်တာ
"ဟုတ်တယ်။မက အွန်လိုင်းပေါ်က လူတွေကို မယုံလို့ကွ"
"ဟင် မောင်လေးကိုရောလား"
မောင်လေးတော့ မပါပါဘူးကွ
"တကယ်နော်။ဒါဆို ပုံပို့ပေး"
"ဟုတ်ပါပြီ။လူဆိုးလေး သိပ်လည်တာပဲ"

ဓာတ်ပုံတွေ အပြန်အလှန်ပို့ကြရင်း ကောင်းလေးရင်ထဲမှာ ထိုမမအပေါ် ကြင်နာလာမိသည်။ထိုမှတစ်ဆင့်
image
" မမ မမကို ကျွန်တော် ချစ်တယ်ဗျာ"
"ဟင်! "
"ဘာဖြစ်လို့လဲ မ"
"မမက ……"
"မငြင်းပါနဲ့ မမရာ"

သို့နှင့် မနှင့်မောင်လေးဇာတ်လမ်း စခဲ့တော့သည်။နေ့စဉ်
စာသားနှင့်တစ်သွယ်၊အသံနှင့်တစ်မျိုး ချစ်ကြိုးတွေ
သီကြရင်း အချစ်မူးမူးနေတော့သည်။ကောင်းလေးမှာ
နေ့စဉ် မက်ဆင်ဂျာမှ မမ၏မီးစိမ်းလေးအားစောင့်ကြည့်ဖြစ်ခဲ့သည်။
မီးစိမ်းကလေး အမြဲလင်းနေဖို့ကိုလည်း
မျှော်လင့်နေမိသည်။မမကြောင့်ပဲ သူဟာ
အွန်လိုင်းပျော်တစ်ယောက် ဖြစ်ခဲ့ရသည်။
တကယ်ဆို သူ မမကို စွဲလမ်းနေမိပြီ။

အခုရက်ပိုင်း မမ ပျောက်နေသည်။မမအကောင့်ကလေး
မီးစိမ်းမလင်းတော့ပါ။ဘာမှလည်း ပြောမသွားဘဲ
ရုတ်တရက် အဆက်အသွယ် ဖြတ်သွားသည်။ကောင်လေးရင်ထဲ
အတော်ပင် ခံစားနေရသည်။မမနှင့်
မတွေ့ရသည့်ရက်တွေဟာ နွေကန္တာလို ချောက်ကပ်နေသည်။
ချရေးစရာ ခံစားချက်လည်း မရှိတော့။မမကို လွမ်းနေတာသာ သိသည်။
image
"မမရယ် ရက်စက်လိုက်တာဗျာ။ဘယ်လိုနှလုံးသားနဲ့များ
ကျွန်တော့်ကို ထားသွားခဲ့တာလဲဗျာ"

ရက်မှသည် လဆီသို့ ကူးပြောင်းခဲ့ပြီ။မမရဲ့
မီးစိမ်းကလေး လင်းမလာတော့ပါ။တစ်လ၊နှစ်လ၊သုံးလ လတွေ
အလီလီပြောင်းလာတာနှင့်အမျှ မမအား
သတိရခြင်းတွေသည်လည်း နာရီတွေနှင့် အမျှပါပဲ။
မခံစားနိုင်သည့်အဆုံး ဝေဒနာများအား ပြည်ဖုံးကားချသည့်အနေဖြင့်
ထိုအကောင့်ကလေးအား လော့အောက်လုပ်လိုက်သည်။
ရင်ထဲမှာတော့ တံခါးကြီးတစ်ချပ် ချိန်းခနဲ ပိတ်လိုက်သလိုပင်။
လအတော်ကြာ အွန်လိုင်းမသုံးပဲ နေခဲ့သည်။

"ဒီနေ့ဆို မမ အွန်လိုင်းပေါ်က ပျောက်သွားတာ ခြောက်လရှိပြီ"

သတိရခြင်းတွေက တံခါးခေါက်လာသည့်အတွက်
အကောင့်ကလေးအား လော့အင် ပြန်ဝင်လိုက်သည်။
ဦးစွာကြည့်မိသည်က မက်ဆင်ဂျာမှ မမအကောင့်လေးသို့။
သံယောဇဉ်ကြီးစွာ ဖွင့်ကြည့်လိုက်မိပေမယ့် မမရဲ့မက်ဆင်ဂျာမှ
သူ့အား ဘလော့ထားသည်။ဝေဒနာတွေ
တရေးနိုးလာပြန်သည်။အကောင့်ကလေးမှာလည်း
အရင်အတိုင်း ဘာမှမထူးခြား။အသက်မဲ့နေဆဲ။

"ရက်စက်လိုက်တာ မမရယ်"

မဖြေနိုင်သည့် ဝေဒနာတွေကြောင့် မမအား
ရှာဖွေရန် ဆုံးဖြတ်လိုက်မိသည်။မမအကောင့်လေးထဲသို့
ဝင်ကြည့်ပြီး မမနှင့်ရင်းနှီးသူဟု ယူဆရသူတစ်ဦးအား
မမအကြောင်း စုံစမ်းရန် မက်ဆင်ဂျာမှ ဆက်သွယ်လိုက်မိသည်။
image
"Hi မင်္ဂလာပါ အမ"
"မင်္ဂလာပါကွယ်"
"ဟိုလေ Ma Ma Moe ဆိုတဲ့ အကောင့်ပိုင်ရှင်ကို သိလားမသိဘူး"
"ဘယ်သူလဲကွဲ့။Ma Ma Moeတွေက အများကြီးပဲလေ။သူ့ပုံပြကြည့်ပါလား"
အော် ဟုတ်ကဲ့ ခဏနော်
သူအမြတ်တနိုး သိမ်းဆည်းထားသည့် အယ်ဘမ်ထဲမှ မမ၏ဓာတ်ပုံအား ပို့ပေးလိုက်မိသည်။

အော် မမိုးလား။သိတယ်လေ။ဒါက လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပုံပဲ
"ဗျာ"
"ဟုတ်တယ်။မင်းက သူ့ကို သိလို့လား"
"ဟုတ်ကဲ့။သိပါတယ်။သူ့ကို အွန်လိုင်းပေါ်မှာ မတွေ့မိလို့ပါ"
အော် ဟုတ်တယ်ကွဲ့။သူ မသုံးတာ ကြာပြီ။မနေ့ကပဲ သူဆေးရုံမှာ သားဦးလေး မွေးတယ်လေ
"ဗျာ"

စခရင်ပေါ်မှ စာတန်းများအား ဆက်ဖတ်နိုင်စွမ်း မရှိတော့ပါ။
ခံစားချက်တွေကြောင့် လူကိုယ်တိုင် လွင့်စင်သွားမတက်ပင်။
ဒေါသကြောင့်လား၊အမုန်းကြောင့်လားမသိ မျက်ရည်တွေ
စို့လာခဲ့သည်။တစ်ချိန်ထဲမှာပင် ကိုယ့်ကိုယ်ကို ရှက်ရွံ့လာသလို
အွန်လိုင်းကိုလည်း အယုံအကြည်ကင်းမဲ့ခဲ့သည်။

"အိမ်ထောင်ရှိရက်နဲ့တောင် ညာတယ်။လိမ်တယ် လူလိမ်မ။
အတုတွေ၊အယောင်ဆောင်တွေ။မကောင်းဘူး။"ဟု နှုတ်က
ခပ်တင်းတင်းရေရွတ်ရင်း အညာမိခဲ့သည့် ကိုယ့်ကိုယ်သာ
မကျေမချမ်း တနုံ့နုံ့ဒေါသဖြစ်ကာ ထိုအကောင့်အား အပြီးတိုင်
ဖျက်သိမ်းပစ်လိုက်သည်။
image
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
လေးစားစွာဖြင့်
creditအလင်းသစ်

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.075
BTC 64465.86
ETH 1681.46
USDT 1.00
SBD 0.42