သိကောင်းစရာလေးများ
ကလေးသားဆက်ခြားခြင်းရဲ့ နောက်ဆက်တွဲ ဆောင်ရန်ေ၇ှာင်ရန်များကို ဆက်လက်ရေးသားမည်ဖြစ်
ပါလေ၏ ရေးစရာများအတော်ကိုများပါလေ၏ အခုကစပြီး ရေးပါတော့မည်။ ဒီလိုကျန်းမာရေးနဲ့
ပါက်သက်တာလေးတွေကိုဘဲ ဆက်တိုက် ရေးသွားမယ်လို့ စိတ်ကူးထားပါတယ် အားလုံး အဆင်ပြေအောင်
ဖတ်နိုင်ရန် ကြိုးစားတင်ဆက်သွားပါ့မယ် တကယ်တော့ ကျန်းမာရေးဆိုတာက လူသားအားလုံးနဲ့သက်ဆိုင်
လို့နေတာဖြစ်ပါတယ်
အသက် ဆယ့်ရှစ်နှစ်မတိုင်မီနှင့် အသက် သုံးဆယ့်ငါးနှစ်ကျော်မှ ကိုယ်ဝန်ဆောင်ခြင်းတို့သည် ကလေးမိခင်ရဲ့
ကျန်းမာရေးကိုသာမကဘဲ ကလေးရဲ့ကျန်းမာရေးကိုပါ များစွာ အန်တရာယ်ဖြစ်စေနိုင်ပါတယ် ဒါကြောင့်အသက်
ဆယ့်ရှစ်နှစ်အောက် ကလေးမွေးဖူးသည့်သူများနှင့် အသက်သုံးဆယ့်ငါးနှစ်အထက် အမျိုးသမီးများသည်လည်း
သန်နေတားရန်အတွက် သားဆက်ခြားခြင်း နည်းလမ်းများကို ရွေးချယ် အသုံးပြုသင့်ပါတယ် ဒါမှသာကလေးရော
မိခင်အတွက်ပါ ကောင်းမွန်သော ကျန်းမာရေးကိုဖြစ်ပေါ်စေပါလိမ့်မယ်
ကလေးတစ်ယောက်နှင့် နောက်ထပ်ကလေးတစ်ယောက်ရဲ့အကြားကာလကိုောတ့ အနည်းဆုံးနှနှစ်ကျော်သုံးနှစ်
နီးပါးခန့် ခြားပြီးတော့ ကလေးယူသင့်ပါတယ် ကလေးများအတွက် ကျန်းမာသန်စွမ်းမှုကိုလည်း ပိုမိုဖြစ်ပေါ်စေနိုင်
ပါတယ် ကလေးတစ်ဦးနဲ့တစ်ဦးနီးလွန်းခဲ့ရင်တော့ စိးပွားရေးချို့တဲ့သူများအတွက် အဟာရပြည့်ဝစွာ မရနိုင်သော
ကလေးငယ်များကို ကောင်းမွန်စွာ စောင့်ေ၇ှာက်မပေးနိုင်ပါက ရောဂါဘယများအလွယ်တကူဖြစ်ပေါ်စေတက်ပြန်
ပါတယ် အကောင်းဆုံးကတော့ ကလေးကျန်းမာရေးရော မိခင်ကျန်းမာရေးအတွက်ပါ အဆင်အပြေဆုံးဖြစ်သည့်
သားဆက်ခြားခြင်းနည်းလမ်းများကို လိုက်နာနိုင်မည်ဆိုပါက အကောင်းဆုံးသာဖြစ်ပါတယ်
@nightgirl
photo-google image
