"Forex မှာ​အောင်​မြင်​ဖို့အတွက်​ နည်းလမ်း​ကောင်းများ"

in #esteem6 years ago (edited)

Forex​ကြောင့်​ကျရှုံးသွားတဲ့လူ​တွေအများကြီးရှိသလို...​အောင်​မြင်​တဲ့လူလဲ ​တော်​​တော်​​လေးကို​အောင်​မြင်​သွားကြပါတယ်​ ။ တစ်​​နေ့ဝင်​​ငွေပုံမှန်​​အေ​အေ​ဆေ​ဆေးရပါတယ်​။မိတ်ဆွေတို့က Forex Trader တစ်ယောက်အနေနဲ့ အောင်မြင်ချင်တယ်ဆိုရင် " Trading အပေါ်မှာထားတဲ့ စိတ် " ကို အရင်ပြင်ရပါမယ်။
ပထမဆုံးတစ်ချက်က စိတ်အခြေအနေ ကြံ့ခိုင်မှု မရှိတဲ့အချိန်မှာ Trading လုံးဝမလုပ်ပါနဲ့။ ဥပမာ ~ မိသားစု၊ အိမ်ထောင်ရေး၊ အချစ်ရေး၊ အလုပ်အကိုင် စတဲ့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတစ်ခုခုကြောင့် စိတ်ညစ်နေရင်၊ စိတ်တိုနေရင် လုံးဝ(လုံးဝ) trade မလုပ်ပါနဲ့။ ကျန်းမာရေးမကောင်းတဲ့အချိန်၊ Alcohol သောက်ထားချိန်မှာ trade မလုပ်ပါနဲ့။
image
credit photo- google photo
Forex Trading မှာ အိပ်ယာထချိန်ဟာလည်း အရေုးကြီးပါတယ်။ US Market ဟာ မြန်မာစံတော်ချိန် နံနက် ၄နာရီခွဲမှာ ပိတ်သွားပါတယ်။ မြန်မာပြည်က trader တစ်ယောက်ဟာ နံနက် ၆နာရီခွဲ-၇နာရီခွဲ ဝန်းကျင်လောက်တော့ အိပ်ယာထသင့်ပါတယ်။ ဖြစ်နိုင်ရင် meditation လုပ်သင့်ပါတယ်။
ပြီးတာနဲ့ Chart Analysis ကို တစ်နာရီလောက်တော့ အချိန်ပေးပြီး Daily Basis မှာ လုပ်သင့်ပါတယ်။
Trading မှာက အရမ်းရှင်းပါတယ်။ လုံလောက်တဲ့အချိန် မပေးထားရင် " emotion " က တက်လာမှာပါပဲ။ emotion တက်လာရင် အရှုံးကလည်း အလိုလိုပါလာမှာပါပဲ။
image
credit photo- google photo
Trade တစ်ကြောင်းကို ဘယ်တော့မှ စိတ်ဆန္ဒဇော emotion နဲ့ ဘယ်တော့မှ အလောတကြီး မ trade ပါနဲ့
Market က ဘာပြောသလဲသိနိုင်လောက်အောင် လိုသလောက်တော့ Chart ကို လေ့လာပါ
ကိုယ် အရမ်းကြိုက်တဲ့ trade တစ်ခု က ရွေ့နေပြီဆိုရင် နောက်ကနေ လိုက် buy တာ၊ လိုက် sell တာမျိုး မလုပ်ပါနဲ့။ Emotion-based trading ဟာ အရှုံးကိုပဲ ပေးပါလိမ့်မယ်။
ဥပမာပေးရရင် - ရထားစီးမယ်ဆို ဘူတာကို အချိန်မှီလာပြီး
ရထားပေါ်မှာ အခန့်သား ထိုင်လိုက်သွားတာကောင်းပါတယ်။ ရထားက အရှိန်နဲ့ ထွက်နေမှ ပြေးတက်ရင် အန္တရာယ်ကြီးပါတယ်။
Forex Market ဆိုတာဟာ အမြဲတမ်းရှိနေတဲ့ ဈေးကွက်ကြီးပါ။ အခွင့်အရေးကောင်းဆိုတာ တစ်ကြိမ်လွတ်သွားလည်း နောင် အကြိမ်ပေါင်းများစွာ လာနေဦးမှာပါပဲ။ဒ​​ကြောင့်​​အောင်​မြင်​တဲ့ trader တစ်​​ယောက်​ဖြစ်​ဖို့အတွက်​ ဒါ​တွေပြုပြင်​သင့်​​ကြောင်း​ပြောချင်​ပါတယ်​​ကျေးဇူးတင်​ပါတယ်​ဗျ...

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.025
BTC 54733.25
ETH 2475.50
USDT 1.00
SBD 2.15