About of pyin Oo lwin

in #esteem6 years ago

ပြင်ဦးလွင်မြို့လေးရဲ့ ဓာတ်တ်ဖန်းလို့ကောင်းတဲ့နေရာ (6)ခု

(1) သက်သတ်လွတ်ဘုရားကျောင်း 🙏
ပြင်ဦးလွင်က ဘုံကျောင်းလို့လူသိများတဲ့ ဒီနေရာလေးကိုတော့ အားလုံးသိကြမှာပါ... လှလည်းလှသလို အေးအေးချမ်းချမ်းလည်း ရှိတယ်...။ ဓာတ်ပုံရိုက်ဖို့ကတော့ နေရာတိုင်းလိုလိုက လှနေတာလေ... ရိုက်တာလည်းရိုက်... ဘုရားကျောင်းဆိုတော့ မျက်စိနောက်အောင်တော့ မရိုက်ရဘူးပေါ့နော်...။

(2) ရွှေစံအိမ် 🏡
မြန်မာနိုင်ငံရဲ့နောက်ဆုံးဘုရင်ခံတွေနေခဲ့တဲ့ ဒီအိမ်ကြီးကို 2005 ခုနှစ်က ပြန်လည်တည်ဆောက်ထားတာပါ... တည်းခိုမယ်ဆိုလည်း တစ်ညကို ဒေါ်လာ 1950 လို့ ကြားပါတယ်... ဒီတိုင်း အိမ်ထဲ ဝင်လေ့လာဖို့က တစ်ယောက်ကို 4000 Ks ပါ... အထဲမှာ အရင်ခေတ်က လူတွေပုံစံအတိုင်းလုပ်ထားတဲ့ ရုပ်ထုတွေရှိပါတယ်... အထဲမဝင်ပဲ ဒီတိုင်းခြံထဲပတ် လမ်းလျှောက်ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ 1000 Ks ပေးရပါမယ်တဲ့...။

(3) ပြင်ဦးလွင် မြို့ရှောင်လမ်း 🚗
အရင်ဆုံး ပိတ်ချင်းမြောင်ကိုသွားတာဆိုတော့ တိုးဂိတ်နားက မြို့ရှောင်လမ်းကို ဝင်ပြီး ဓာတ်ပုံဆင်းရိုက်တယ်... ကားကြီးတွေပဲ အလာများလို့ အေးအေးဆေးဆေးတော့ ရိုက်လို့ရတာပေါ့... လေလေးတဟူးဟူးနဲ့ နေလို့လည်း ကောင်းမှကောင်း... ဓာတ်ပုံရိုက်တာလည်းရိုက် ဖြတ်သွားတဲ့ကားတွေကိုလည်း သတိထားကြပါ...။

(4) ပိတ်ချင်းမြောင်လှိုဏ်ဂူတော် 🏞
လှိုဏ်ဂူအတွင်းမှာတော့ မှောင်လို့ ဓာတ်ပုံရိုက်မရဘူးပေါ့နော်... အပြင်ဖက်မှာဆိုရင် ဈေးတန်းလေးရှိပြီး အဲ့နေရာလေးကလည်း ဓာတ်ဖမ်းလို့ကောင်းတယ်...။ တောတောင်ထဲမှာ စိမ်းစိမ်းစိုစိုနဲ့ဆိုတော့ ကိုယ်တွေအကြိုက်ပဲလေ... ပြီးတော့ ပန်းရိုးမလို့ခေါ်တဲ့ ထမင်းဆိုင်လေးမှာ ယုန်သားကြော်ရယ် ဆတ်သားဟင်းနဲ့ ထမင်းဝင်စားခဲ့တယ်... ဗိုက်ဆာနေတော့ တော်တော်စားကောင်းတာ... ရောက်ဖြစ်ရင် ဝင်စားခဲ့ဦး...။

(5) ကန်တော်ကြီးထဲက Bamboo Cafe 🍔
ဒီဆိုင်လေးက အရင်တစ်ခေါက်ကလည်း ရေးပြီးပါပြီ... တော်တော်လေးလည်း လှလို့ ရောက်တဲ့သူတိုင်း စိတ်ချမ်းသာရတဲ့ နေရာပါ... ဒီမှာ ဝါးတီးဝင်ဆွဲပြီး ကန်တော်ကြီးထဲ အေးအေးဆေးဆေး ဓာတ်ပုံဝင်ရိုက်လို့ ရတာပေါ့...။ ဒီဆိုင်ရောက်ရင် တို့ဟူးနွေးလေးစားခဲ့ 1500 Ks ပဲရှိတယ် စားလို့လည်းကောင်းတယ်...။

(6) ဒီဇင်ဘာခြံ 🌲
သူကပြင်ဦးလွင်ရောက်တဲ့သူတိုင်း သွားနေကျနေရာပါ... ကျွန်တော်က နေ့လည်ဖက်ကြီးရောက်သွားတော့ နေပူပြီး အရင်လို အေးအေးဆေးဆေးမရှိဘူး... ဆောင်းတွင်းသွားရင်အတော်ပဲ... အဲ့အချိန်ဆို စတော်ဘယ်ရီတွေလည်းသီးနေပြီ...။ ခြံအကျယ်ကြီးဆိုတော့ အေးအေးဆေးဆေးနားပြီး ဓာတ်ပုံရိုက်ကြ... လျှောက်ပတ်ကြည့်ကြပေါ့...။

ဒီနေရာ (6) ခုလုံးရောက်ဖူးရင် အလင်းပြခဲ့နော်... ကိုယ်ကတော့ ပြင်ဦးလွင်မြို့လေးကို ကြိုက်လို့ ခဏခဏရောက်ဖြစ်တယ်... လိုင်းကားနဲ့ပဲလာတယ်... ဟိုတယ်တွေကလည်း ဈေးတန်လို့... တခြားနေရာတွေမှာလည်း ဒီလိုဈေးလေးတွေဆို ကောင်းမယ်...။ အားလုံးပဲ အခုလာမယ့် ပိတ်ရက်တွေမှာ ခရီးများများထွက်ရပြီး ပျော်ရွှင်ကြပါစေ...။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 59841.39
ETH 2413.69
USDT 1.00
SBD 2.43