ဇူလီကာဒွတ်(Zuleka Daud)

in #esteem6 years ago (edited)

93375FAB-32C7-4651-A61F-EBA6558B5256.jpeg
Credit to Google.
ကျွန်တော် ကုမုဒြာ wedpage ကနေဖတ်ရတဲ့ အကြောင်းအရာလေးကို မျှဝေရင်း ကျွန်တော့်ရဲ့အမြင်လေးတွေကို ပြောပြချင်ပါတယ်။UAE မှာ ပထမဆုံး ဆရာဝန်ဖြစ်ခဲ့တဲ့ India နိုင်ငံသူ ဇူလီကာဒွတ်(Zulekha Daud) ဆိုသူရဲ့အကြောင်းလေးပါ။ ဖြည့်စွက်ပြောရရင် UAE ရဲ့ အရှည်ကောက်က United Arab Emirates လိုခေါ်ပါတယ်။ အာရပ် ၇ နိုင်ငံစုပေါင်းထားတဲ့ ဒေသလို့ မှတ်နိုင်ပါတယ်။
006800E7-095A-4F67-8A82-A36C26935963.jpeg
Credit to Google.
သူမဟာ UAE ထဲက ဒူဘိုင်းကို ၁၉၆၃ခုနှစ် မှာ စတင်ရောက်ရှိလာခဲ့ပါတယ်။ စရောက်တဲ့ အချိန်တုန်းက အဲ့ဒီမှာ လေဆိပ်လဲမရှိ ၊ လေယာဉ်ပြေးလမ်း တစ်ခုဘဲ ရှိပြီး အတော်လေး မဖွံ့ဖြိုးသေးတဲ့ အချိန်ပေါ့။ သူမလိုဘဲ ဆီးရီးယား နဲ့ လက်ဘနွန် တို့က ဆရာဝန် ပေါင်းများစွာဟာ ဒီလို ဆိုးရွားတဲ့ အခြေအနေမှာ အလုပ်လုပ်ကိုင်ဖို့ ငြင်းဆန်ပြီး နေရပ်ကို ပြန်ကုန်ကြတယ်။ ဒါပေမဲ့ ဒေါက်တာဒွတ် ကတော့ဒီအခြေအနေပေါ် ကြံ့ကြံ့ခံ နေဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒါက ဘာကြောင့်လဲဆိုရင် ဒီအရပ် ဒီဒေသဟာ သူ့ကို လိုအပ်နေတယ်လို့ ခံယူထားခဲ့လို့ပါ။ ဒီနေရာမှာ ကျွန်တော် စိတ်ဝင်စားတာက သူမဟာ သူမကို ဒီဒေသက လိုအပ်တယ်လို့ ခံယူတဲ့ ခံယူချက်ကိုပါ။ ဒီနေရာမှာ ဒီလိုဆုံးဖြတ်ဖို့ ဆိုတာ တော်ရုံတန်ရုံ လူဆို မလုပ်နိုင်ပါဘူး။ လူမျိုးမတူ၊ ဘာသာမတူ၊ ဘာသာစကားမတူ၊ ဓလေ့ထုံးစံချင်းလဲ မတူတဲ့ အပြင် ဒီလို ခက်ခဲတဲ့ ဒေသမှာ ဒီလိုစိတ်ထားနိုင်တာ လေးစားဖို့ ကောင်းပါတယ်။ နောက်တစ်ချက်က အစွဲကင်းတဲ့ အမြင်နဲ့ ခံယူချက်ကြောင့်လို့လဲ ထင်မြင်ယူဆမိပါတယ်။
D46A1196-2800-404D-AFB5-ACBE730BF4F3.jpeg
Credit to Google.
ဆက်ရရင် သူမဟာ တကယ်တော့ သားဖွားမီးယပ် ဆရာဝန်တစ်ယောက်ပါ။ ဒူဘိုင်းမှာတော့ အခြေအနေအရ အထွေထွေရောဂါကု ဆရာဝန် ဖြစ်ခဲ့ရပါတယ်။ ဖြစ်လာတဲ့ အခြေအနေပေါ် လိုက်လျောညီထွေ လုပ်ကိုင်တတ်တာကို တွေ့ရပါတယ်။
သူမ ဒီဒေသကို အခြေချတော့ လက်မထပ်ရသေးတဲ့ အမျိုးသမီးငယ် တစ်ယောက်ပါ။ သူမဟာ ဆင်းရဲတဲ့ ဆောက်လုပ်ရေး လုပ်သား မိသားစုကနေ ဆင်းသက် လာခဲ့တာပါ။ သူမရဲ့မိဘတွေဟာ ပညာမတတ်ကြပါဘူး။ ဒါပေမဲ့ အတွေးအမြင် ပွင့်လင်းပြီး သူတို့ရဲ့ သမီး ဒီလို တိုင်းတပါးမှာ အလုပ်လုပ်မှာကို အားပေး ထောက်ခံ ခဲ့ပါတယ်။ ဒီအချက်ကတော့ မိဘတွေရဲ့ အတွေးအခေါ် ကောင်းမှုနဲ့ သားသမီးအပေါ် မချုပ်ချယ်တဲ့ သဘောကိုမြင်မိပါတယ်။
သူမဟာ တိုင်းရင်းသား မျိုးနွယ်စုတွေ နေထိုင်တဲ့ ကနာရ ထဲက ယာယီဆေးရုံတစ်ရုံမှာ အလုပ်စဆင်း ခဲ့ပါတယ်။ လအနည်းငယ်အကြာမှာ ဆေးခန်းလေးတစ်ခန်းကို ပြောင်းရတယ်။ သူမပြောင်းရတဲ့ ဆေးခန်းက ဒူဘိုင်းကနေ ၇နှစ်မိုင်လောက် ဝေးတယ်။ လမ်းကမကောင်း၊ ကနာရကိုလဲ ဖြတ်ရတော့ သူတို့စီးတဲ့ ကားဟာ သဲထဲ ခဏခဏ နစ်တယ်။သူမ စေတနာကောင်းကောင်းနဲ့ အလုပ်လုပ်ကိုင်တာ ကြာတော့ ဒေသခံတွေလည်း အသိအမှတ်ပြုကြတယ်။ သူမကို တာဝန်ကျေပြွန်မှု အတွက် ဆုတံဆိပ်တွေလဲ ချီးမြှင့် ကြတယ်။
CFC3D2C6-BBE5-4FBC-AC95-50262E385A47.jpeg
Credit to Google.
နောက်ပိုင်း ၁၉၇၁ ခုနှစ်မှာ UAE ကို တည်ထောင်အပြီး ဖွံ့ဖြိုးတိုးတတ်လာချိန်မှာ သူမရဲ့ အနာဂတ်ဟာ လင်းလက်လို့ လာခဲ့ပါတယ်။ အခုဆိုရင် သူမမှာ ကိုယ်ပိုင်ဆေးရုံကြီး ၃ ရုံကို ပိုင်ဆိုင်ထားပြီး တစ်ရုံကတော့ India မှာ ရှိတဲ့ သူမရဲ့ဒေသမှာ ကင်ဆာ ကုသရေးစင်တာ ထူထောင်ထားပါတယ်။
2F9AA553-3ACE-4BA6-907E-DE068DD9F693.jpeg
Credit to Google.
ဒေါက်တာဒွတ် ကို UAE ကလူတွေ အရမ်းလေးစားကြပါတယ်။ နိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းကပါ လေးစားချစ်ခင်ပြီး ဆေးရုံထောင်ဖို့ကိုလည်းသူတို့ကဘဲ အားပေးထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် သူမရဲ့ ရဲရင်ပြတ်သားမှု ဆုံးဖြတ်ချက်မှန်ကန်မှု၊ အနစ်နာခံမှု၊ စိတ်ရှည်ဇွဲကောင်းမှုတွေကြောင့် သူမဟာ အောင်မြင်တဲ့ အခြေအနေ တစ်ရပ်ကို ထူထောင်နိုင်ခဲ့တယ်လို့ သုံးသပ်မိပါတယ်။

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.030
BTC 59592.00
ETH 2545.54
USDT 1.00
SBD 2.54