ကာတွန်းက ပြောသော ခောတ်အကြောင်း

in #esteem6 years ago

E0041085-8EEE-43F3-8531-A377CAD8AE91.jpeg
Credit to google.
ဒီနေ့ သင်္ကြန်အတတ်နေ့ညမှာ သင်္ကြန်နဲတော့ဘာမှ မဆိုင်ဘူး။
435B489B-5632-46DA-A7D7-
052AC4F529C5.jpeg
Credit to orginal uploader.
ခောတ်ကို ထင်ဟပ်စေတဲ့ ကာတွန်းပုံလေး သဘောကျမိလို့ပါ။ဆယ်ဖီဆွဲတာနဲ့ ပုံတင်တာကလွဲရင် ကျန်တဲ့သုံးပုံကတော့ ဟိုးအရင်ကတည်းက ရှိခဲ့မှာပါ။ပုံရိုက်တာနဲ့ ပုံတင်တာကတော့ ဖုန်းတွေ ပေါ်လာမှ ယဉ်ကျေးမှုတစ်ခုအသစ်ဖြစ်သွားတာလို့ ထင်မြင်မိပါတယ်။နေရာယူမဲ့သူ၊ဖျာခင်းမဲ့သူ၊နှမ်းဖြူးမဲ့သူတွေကတော့ ဟိုးအရင်ကတည်းကကော၊အခုကော၊နောင်လည်းရှိနေမှာပါဘဲ။နေရာယူတာက ထိုက်တန်လို့ ယူရင်တော့ အကြောင်းမဟုတ်ပေမဲ့ နေရာယူပြီး နေရာနဲ့တန်အောင် မနေရင်တော့ နောက်လူအတွက် အတားအဆီး ဖြစ်ပြီး တခြားသူတွေရဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးနိုင်ပါတယ်။ဥပမာ ကားလမ်းတွေမှာ အမြန်ယာဉ်ကြောနဲ့ အနှေးယာဉ်ကြော ဆိုပြီး ရှိတယ်ဆိုပါစို့။အမြန်ကြောမှာ မောင်းတဲ့သူက အမြန်ကြောနဲ့ ညီတဲ့ အမြန်နှုန်းနဲ့ မမောင်းဘဲ လိပ်လိုမောင်းနေရင် နောက်ကလာမဲ့ ကားကို အနှောင့်အယှက်ဖြစ်စေပါတယ်။အဲ့လိုမဟုတ်ဘဲ ကိုယ်ကအလျင်မလိုဘူးဆိုရင် နောက်ကပါလာတဲ့ ယာဉ်ကိုဦးစားပေးလိုက်ရင် နှစ်ဦးနှစ်ဘက်လည်းအဆင်ပြေ လိုရာခရီးကိုလည်း ချောချောမွေ့မွေ့ နဲ့ ရောက်နိုင်တာပေါ့။နေရာမှန် လူမှန်ဖြစ်သွားရင် သွားရမဲ့ လမ်းကြောင်းဟာ ဖြောင့်ဖြူးသာယာသွားမှာပါ။နောက်တချက်ကတော့ ဖျာခင်းချင်တဲ့ စိတ်နဲ့နှမ်းဖြူးသလို လုပ်နေရင် အရည်အသွေးကျဆင်းပြီး ရလဒ်ကောင်းလည်း ထွက်မှာ မဟုတ်ပါဘူး။အရည်အသွေးတွေ ရလဒ်တွေနောက်ထား ဆယ်ဖီဆွဲပြီး ပို့တင်ရုံဘဲ ဆိုရင်တော့ ရေနဲ့နွားနို့ပုံပြင်လိုဘဲ ရေသာများပြီး နွားနို့ပါမလာတဲ့ အဖြစ်မျိုးနဲ့ ကြုံလာရနိုင်ပါတယ်။

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.030
BTC 60140.74
ETH 2559.58
USDT 1.00
SBD 2.54