လေ့လာစရာစိတ်ထားနဲ့ပက်သက်ရ်ျ
စာနာနားလည်မှုဆိုတာကတော့ တစ်ပါးသူရဲ့ခံစားချက်ကို နားလည်ပြီး မျှဝေခံစားပေးတာမျိုးပါ။ ဒါဟာ ဘယ်လုပ်ငန်းခွင်မျိုးမှာပဲဖြစ်ပါစေ အရမ်းကို အရေးကြီးပါတယ်။ ပြီးတော့ ပဋိပက္ခတွေ၊ လူမှုဆက်ဆံရေးတွေကို ကိုင်တွယ်ရတဲ့အခါ သင့်အတွက် အကူအညီဖြစ်စေမှာပါ။ သို့ပေမယ့် စီးပွားရေးလုပ်ငန်းအပြိုင်အဆိုင်တွေမှာ စားသုံးသူတွေရဲ့လိုအပ်ချက်တွေကို ပိုမိုနားလည်ဖို့အတွက် စာနာနားလည်မှုတရားက ပိုပြီးတောင်အရေးကြီးလာတဲ့ အနေအထားဖြစ်နေပါတယ်။ လူတွေဟာ သူတို့ကို စစ်ဆေး ခွဲခြမ်းစိတ်ဖြာတာမျိုးနဲ့ ဈေးကွက်အဖြစ် သတ်မှတ်ခံရတာမျိုး မလိုလားကြပါဘူး။ သူတို့လိုအင်တွေ လိုအပ်ချက်တွေက သူတို့လိုချင်တဲ့ ကုန်အမှတ်တံဆိပ် Brands တွေ ဖြစ်နေတာမျိုးပဲ ဆန္ဒရှိကြတာပါ။ စာနာစိတ်ရှိတဲ့ခေါင်းဆောင်တွေက ကုမ္ပဏီမှာ လုပ်ငန်းဆောင်တာတွေ ပိုကောင်းအောင် လုပ်ကိုင်ကြပါတယ်။ ဒီအပြင် ဒီစာနာနားလည်မှုကို စီးပွားရေးလုပ်ငန်းအတွက် စွမ်းအားဖြစ်စေအောင်လည်းပဲ အသုံးချကြပါတယ်။
သင့်အနေနဲ့ အကောင်းမြင်ဝါဒကို တခုခုမျှော်လင့်ခြင်းရဲ့ အရည်အသွေးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် အကောင်းမြင်ဝါဒက အောင်မြင်တဲ့ ရလဒ်အတွက် ယုံကြည်မှုရှိနေတယ်လို့လည်း ညွှန်ပြရာရောက်ပါတယ်။ တကယ်အဟုတ်ပါ။ အသိဉာဏ်မပါတဲ့အကောင်းမြင်းက ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး၊ ဒါပေမယ့် အကောင်းမြင်ဝါဒလက်ကိုင်ထားတဲ့ ခေါင်းဆောင်တွေက အဖွဲ့သားတွေကို ခွန်အားတွေပေးတာမျိုး၊ လှုံ့ဆော်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။
![image]() လုပ်မိတဲ့အမှားတိုင်းကို တတွတ်တွတ်လိုက်ပြောနေတတ်တဲ့ သူဌေးနဲ့တော့ ဘယ်သူကမှာ ပျော်ပိုက်မှာ မဟုတ်ပါဘူး။ ၀န်ထမ်းတွေကို တွက်ချက်စွန့်စားခွင့် ပြုပေးတာ တကယ်ပဲ စွမ်းအားကြီးမားပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျရင်တော့ ဆန့်ကျင်မှုတွေလုပ်သွားဖို့ ခွင့်ပြုတာမဟုတ်ကြောင်း သူတို့သိထားဖို့ လိုအပ်ပါတယ်။ ဒီလိုတွေလုပ်တာဟာ ဖန်တီးနိုင်စွမ်းတွေနဲ့ လှုံ့ဆော်နိုင်စွမ်းတွေကို သတ်ပစ်ရာရောက်ပါတယ်။ ဒီလိုလုပ်တာဟာ သူတို့ရဲ့ အကြံဉာဏ်သစ်တွေတင်ပြလိုစိတ်ကို မတင်ပြခင်မှာပဲ နှစ်ခါပြန်စဉ်းစားစေတာ၊ လုပ်ငန်းစဉ်အသစ် ထုတ်ကုန်အသစ်တွေ စမ်းသပ်ဖို့အတွက် နှစ်ခါပြန်စဉ်းစားသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အပြစ်တွေကို ခွင့်လွှတ်ပြီး ဖန်တီးနိုင်စွမ်းတွေ၊ စိတ်ဓာတ်တွန်းအားတွေရအောင် ပြုစုပျိုးထောင်ပေးဖို့ သင်ယူကြည့်ပါ။ သင့်ရဲ့အဖွဲ့သားတွေက သင့်ကို ဆယ်ဆ ပြန်ပေးပါလိမ့်မယ်။
crd by @naingwinko
World of Photography
>Visit the website<
You have earned 5.10 XP for sharing your photo!
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.02
Server time: 11:18:13
Total XP: 20.30/100.00
Total Photos: 4
Total comments: 0
Total contest wins: 0
Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank
Hello! I find your post valuable for the wafrica community! Thanks for the great post! @wafrica is now following you! ALWAYs follow @wafrica and use the wafrica tag!