မိမိကိုယ်ကိုယုံကြည်မှု

in #esteem6 years ago (edited)

လောကကြီးမှာလူတိုင်းသည်​လူတစ်​လုံးသူတစ်​လုံးဖြစ်​လာဖို့ဘဝရဲ့ရည်​မှန်​ချက်​ဆိုတာမဖြစ်​မ​နေရှိရမှာပါ။ရည်​မှန်းချက်​အများကြီးထားဖို့မလိုပါဘူးတစ်​ခုခုကိုသာတိတိကျကျခိုင်​ခိုင်​မာမာထားဖို့လိုတာပါ။မိမိလုပ်​​နေတဲ့အလုပ်​မှာ​အောင်​မြင်​မှုရရုံ​လောက်​သာမဟုတ်​ပဲအဆုံးသတ်​ပြီး​မြောက်​တဲ့အထိကြိုးပမ်းလုပ်​​ဆောင်​ရန်​ရည်​မှန်းချက်​ကြီးကြီးမားမားထားရမယ်​လို့ဆိုလိုခြင်းဖြစ်​ပါတယ်​။ဘဝတ​လျှောက်​မှာအဆင်​မ​ပြေမှု​တွေပကြုံ​နေရတယ်​လူ့အဆင့်​အတန်းမီ​အောင်​မ​နေရဘူးမလုပ်​ချင်​တဲ့အလုပ်​​တွေပဲလုပ်​​နေရတယ်​အရှုံး​တွေနဲ့သာရင်​ဆိုင်​​နေရတယ်​ဆိုတာဘာ​ကြောင့်​လဲ။ဘာ​ကြောင့်​လဲဆို​တော့သင့်​ရဲ့မိုက်​မဲ​တွေ​ဝေမှုကိုယ့်​ကိုကိုယ်​ယုံကြည်​စိတ်​ချမှုမရှိလို့ပဲဖြစ်​တယ်​။ကိုယ့်​ကိုကိုယ်​ယုံကြည်​မှုမရှိရင်​ဘာမှလဲလုပ်​မရသလိုလုပ်​ခဲ့ရင်​လဲအရှုံးဘက်​ကိုပဲဦးတည်​​နေမှာပါဘာ​ကြောင့်​လဲဆိုရင်​သင်​ဟာယုံကြည်​မှုမရှိတဲ့အတွက်​အလုပ်​မှာတွန်​ဆုပ်​တွန့်​ဆုပ်​ဖြစ်​​နေလို့ပါပဲ။ချီတုံချတုံနဲ့အလုပ်​လုပ်​တာ​တွေဟာ​အောင်​မြင်​​ရေးအတွက်​သုံးခွက်​တစ်​ခွက်​တင်​​တောင်​မဟုတ်​ဆယ်​ခွက်​တစ်​ခွက်​တင်​​တောင်​မ​သေချာပါဘူး။ကိုယ့်​ကိုကိုယ်​ယုံကြည်​မှုမရှိဘူးဆိုတာဟာအမှားအမှန်​ကို​ဝေဖန်​ပိုင်းခြားနိုင်​စွမ်းအရမ်းနည်း​နေလို့ပါ။

အကျိုးအ​ကြောင်းအဆိုးအ​ကောင်းကိုပီပီပြင်​ပြင်​​ဝေဖန်​ပိုင်းခြားနိုင်​ဖို့အတွက်​ယုံကြည်​မှုဆိုတာရှိကိုရှိရမှာပါ။လူဆိုတာယုံကြည်​မှုရှိမှ​အောင်​မြင်​မှုရနိုင်​တာပါ။ဘယ်​အလုပ်​မဆိုယုံကြည်​စိတ်​ထားပြီးလုပ်​ကိုင်​မှသာအလုပ်​ရဲ့အနှစ်​သာရအဓိပ္ပါယ်​ဟာပိုမို​လေးနက်​လာမှပါယုံကြည်​စိတ်​ကိုမြင့်​မြင့်​မားမားထားဖို့​တော့လိုပါတယ်​။ဒီယုံကြည်​စိတ်​ဖြစ်​လာ​စေဖို့နှိုး​ဆော်​​ပေးမယ့်​နှိုး​ဆော်​စိတ်​ရှိဖို့လိုအပ်​ပါတယ်​။ဒီနှိုး​ဆော်​စိတ်​ဟာတန်​ဖိုးသိပ်​ကြီးပါတယ်​ထပ်​တလဲလဲစိတ်​ကိုနှိုး​ဆော်​​စေခြင်းဖြင့်​မိမိရဲ့ယုံကြည်​စိတ်​ကိုပိုမိုခိုင်​မာလာ​စေပါတယ်​။မိမိစိတ်​ကိုဖိအား၊တွန်းအား​တွေပိုမိုပြင်းထန်​လာ​စေပါတယ်​။မ​ကောင်းတဲ့စိတ်​​တွေကိုဖယ်​ပြီး​ကောင်းတဲ့စိတ်​ကိုသာနှိုး​ဆော်​ပါဒါဆို​ကောင်းတဲ့ဘက်​မှာ​ပျော်​ရွှင်​လာပါလိမ့်​မယ်​။ဖြစ်​နိုင်​တာမဖြစ်​နိုင်​တာအသာထားမိမိကိုယ်​ကို​အောင်​မြင်​သူလို့​တော့မှတ်​ယူထားရမယ်​။အ​ရေးကြီးတာ​အောက်​​ခြေလွတ်​မသွားဖို့ပါပဲ။အချို့ကနှိုး​ဆော်​စိတ်​​တွေသိပ်​များပြီးဘဝင်​မြင့်​​နေတဲ့သူ​တွေလဲရှိတတ်​ပါတယ်​။ပြော​တော့မို့း၊ထိုး​တော့​မြေကြီးဆိုသလို​ပေါ့နှိုး​ဆော်​စိတ်​လွန်​ကဲသွားလို့ပါပဲအသိသတိ​လေးနဲ့ကိုယ့်​ကိုကိုယ်​နှိုး​ဆော်​ပြီးသတ္တိ​တွေ​မွေးမြူရမယ်​။မိမိကိုယ်​ကိုယုံကြည်​မှုရှိ​အောင်​သတိ​လေးနဲ့ယှဉ်​ပြီးနှိုး​ဆော်​​ပေး​နေခဲ့မယ်​ဆိုရင်​ဘဝမှာစိုးရိမ်​ပူပန်​မှု​တွေ၊ရင်​ခုန်​စိတ်​လှုပ်​ရှားရတာ​တွေကို​ကျော်​လွန်​ပြီး​အောင်​မြင်​မှုဆိုတာမလွဲမ​သွေရရှိလာမှာပါ။...

Author. Nainglinn image

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by nainglinn from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63318.34
ETH 3108.17
USDT 1.00
SBD 3.97