အတိတ်​ဘဝကချစ်​သူ အပိုင်း၈

in #esteem6 years ago

မောင်​ကြိုင်​က ​ထွန်းသူရ အား ဆက်​​ပြောပြ လိုက်​ သည်​။
" ဒီအပင်​မှာ အ​စောင့်​ ရှိတယ်​ ဆိုတာ တစ်​ရွာလုံး သိကြတယ်​ အဲဒီက တည်းက ဒီအပင်​ကို ဘယ်​သူမှ မခူတ်​ကြ​တော့ဘူး ဒီ​နေ့ ထိပါပဲ​ဗျာ ...."
ထွန်းသူရတစ်​​ယောက်​ ဒီအပင်​ကြီး ကို ကြည့်​ပြီး စိတ်​ထဲမှ တစ်​ဦးတစ်​​ယောက်​ကို မြင်​ရသလို အာရုံထဲမှာ အတိတ်​ဘဝကို ပြန်​ပြီမြင်​​နေရသလို ခံစား ​နေရသည်​။တစ်​ခဏတာ စိတ်​အာရုံ လွင့်​​မျောမှုကို အသိစိတ်​က ပြန်​လည်​ထိန်းချုပ်​နိုင်​​၍ သတိပြန်​ဝင်​လာကာ အနားတွင်​ရှိ​သော တပည့်​များ အား ကြည့်​လိုက်​မိသည်​ ။ တပည့်​များ က သူတို့ ဆရာ အပင်​ကြီးကို ကြည့်​ပြီိး စိတ်​ဝင်​တစား ဖြစ်​​နေသည်​ကို ​တွေ့လိုက်​ရသည်​နှင့်​ ​မေး မြန်းချင်​မပြုကြဘဲ ဆရာ့ထံမှထွက်​​ပေါ် လာမည့်​စကားကို သာ ​မျော့်​လင့်​​နေကြသည်​ ဒါကို ​ထွန်းသူရတစ်​​ယောက်​ သတိထားမိသဖြင့်
" ကဲ ​မောင်​ကြိုင်​ မင်းတပည့်​​တွေကို တာဝန်​ တစ်​ခု ​ပေးလိုက်​ပါ ဒီအပင်​ကိုခြံခတ်​ ပြီး စာတန်းတစ်​ခု ချိတ်​ဆွဲ လိုက်​ပါ။(မည်​သူမျှ ဒီသစ်​ပင်​ကို မခုတ်​ရ)လို့"
"ဟုတ်​ ကဲ့ပါ ဆရာ​လေး. . . . "
ကျန်​ အပင်​များ ကို ဆက်​ပြီး ​လေ့လာ၍ လုပ်​ စရာ ရှိသည်​များကို လုပ်​လိုက်​ရ​သော​ကြောင့်​ ပင်​ပန်းပြီးဆက်​လုပ်​ချင်​စိတ်​ မရှိ​တော့သဖြင့်​ ​စော​စောအလုပ်​သိမ်းလိုက်​သည်​။
ထွန်းသူရ ​ဗိုလ်​တဲသို့ ​ပြန်​​ရောက်​​သော အခါ စိတ်​ထဲမလန်းမဆန်းဘဲဖြစ်​​နေသည်​ ။တောထဲ တွင်​​တွေ့ခဲ့ရ​သော သစ်​ပင်​ကြီးကို စိတ်​ထဲမှာ တစ်​မျိုးဖြစ်​​နေမိသည်​။ ဒီအပင်​ကြီးကို မိမိ ရင်းနှီးစွာ​တွေ့ မြင်​ဖူးသူ တစ်​​ယောက်​လို ခံစား​နေရသည်​။ သို့​သော်​ မည်​သည့်​ အချိန်​က ဖြစ်​သည်​ ကို​တော့ ​ပြောမပြတတ်​ပါ ။.
' ငါ ဘာဖြစ်​လို့ များ ဒီအပင်​ကြီး ကို စိတ်​ဝင်​ စား​နေပါလိမ့်​ ဒီအပင်​ကို ​တွေ့ လိုက်​ရ ​တဲ့ အချိန်​ စိတ်​ထဲမှာ တစ်​မျိုး ကြီး ပဲ ၊​အေး​လေ. ဒါ​တွေကိုသာ​တွေး​နေရင်​ ငါရူးသွားနိုင်​တယ်​ ၊ ဒီ​တော့ မ​တွေးတာပဲ​ကောင်းပါတယ်​ ဒီည ​မောင်​ဦးလာရင်​ ဒီအပင်​ကြီး အ​ကြောင်းကို ​မေးကြည့်​ ရမယ်​ ​မောင်​ဦးက​တော့ ဒီရွာချက်​မြုပ်​ဆို​တော့ . . . .သူသိနိုင်​တယ်​'
'မောင်​ဦး ​ခေါ်လာတဲ့ ဆရာမ​လေး...... ​နှင်းရည်​ကို လည်းမြင်​ကတည်းက စိတ်​ထဲမှာ တစ်​မျိုးကြီး ပဲ သူကလည်း ဘာ​ကြောင့်​ငါ့ကို ​တွေ့ချင်​ရတာလဲ. . . '
ဒါကို​တော့ ​မောင်​ဦးလာမှပဲ​မေးကြည့်​​တော့မည်​။

       ဆက်​ရန်​ ..  .
Sort:  

We recommended this post here and here.

We are Discover Steem, if you like our work consider giving us an upvote. :) If you don't wish to receive recommendations under your posts, reply with STOP.

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 57730.16
ETH 2445.18
USDT 1.00
SBD 2.34