အတိတ်​ဘဝကချစ်​သူ အပိုင်​ ၇

in #esteem6 years ago

 ​ရှေ့မှသွား​နေသူမှာ အလုပ်​သမားတစ်​​ယောက်​ဖြစ်​ပြီး ဒီ​တောကိုကျွမ်း ကျင်​ပြီးသားဖြစ်​သည်​။ တစ်​​နေရာ​ရောက်​တွင်​ သူရ တစ်​​ယောက်​ သစ်​ပင်​တစ်​ပင်​ကိုလှမ်းကြည့်​လိုက်​​သော အခါ အလွန်​ထူးခြားပြီး အလွန်​ကြီးမား​သော အပင်​ကြီး တစ်​ပင်​ဖြစ်​​နေ​လေသည်​။ ထိုပင်​မှာ ကညင်​ပင်​ကြီး ဖြစ်​သည်​။အပင်​ကြီးမှာလူ ​လေးငါး​ယောက်​ ဖက်​စာမျှ ကြီးမားလှ​ပေသည်​။ သို့​သော်​ . . . အပင်​၏ခါးလည်​​လောက်​မှ ​အောက်​​ခြေထိ တစ်​ဝက်​ထိချိုင့်​ဝင်​ ​နေသည်​ကို​တွေ့ရသည်​ ။ ချိုင့်​ ဝင်​ ​နေသည်​က လည်​ဓားနှင့်​ချိုင်​ထားသလိုမျိုး သို့မဟုတ်​ ​ရေတိုက်​ စား၍ ဝင်​​နေသည်​မျိုး ဖြစ်​ ​နေ​ပေသည်​။
ဒီအပင်​ကြီး ကိုကြည့်​ပြီး သူရ တစ်​​ယောက်​ စိတ်​ဝင်​တစားကြည့်​​နေမိ​လေသည်​။ထိုအခါ ​မောင်​ကြိုင်​က . .. .
" ဆရာ​လေး . . . . .ဒီအပင်​က နှစ်​တစ်​ရာ​ကျော်​ပြီ ပခုထိ ဒီအတိုင်းပဲ ဒီအပင်​က ရာဇဝင်​ရှိတယ်​ ဒီအပင်​ကို ဘယ်​သူမှ မခုတ်​ကြဘူး ခုတ်​လည်း မခုတ်​ရဲကြဘူး"

 "ဘယ်​လိုရာဇဝင်​ရှိတာလဲ . . . . အကို့ကို သိသ​လောက်​ရှင်းပြ​ပေးပါလား" 

" ဒီလို . .ဆရာ​လေး . . . အရင်​က သစ်​​တော အရာရှိတစ်​​ယောက်​ ​ရောက်​ဖူးတယ်​ ဒီအပင်​ကို ခုတ်​ဖို့ဆိုပြီးအလုပ်​သမား ​တွေကို တာဝန်​​ပေးတယ်​ အလုပ်​သမား​တွေက နယ်​ခံ ဆို​တော့ ဒီအပင်​​ကြောင်းကိုသိကြတယ်​. . .ဒါ​ပေမယ့်​ ဆရာ​လေးရဲ့ .စကားကို မလွန်​ဆန်​နိုင်​ လို့ ဘာမှပြန်​မ​ပြောကြဘူး အလုပ်​သမား​ခေါင်း​ဆောင်​က​တော့ သူ့ဆရာကို သတိ​ပေး​တယ်​ ၊ ဒီအပင်​အ​ကြောင်းကို နည်းနည်းပါးပါး ​ပြောပြတာ ​ပေါ့ ဒါကို သူ့ဆရာ ကမယုံဘူး​လေ. . . . .ဒါနဲ့ ​နောက်​ တစ်​​​နေ့ အပင်​ကိုခုတ်​ဖို့ အလာမှာ သူ့​ရှေ့က ၁၀​ပေ​လောက်​ရှိတဲ့ ​ရွှေ​ရောင်​ အဆင်းနဲ့ ​မြွေကြီးကို ​တွေ့တယ်​ အဲ့ဒီ့​မြွေကြီးက ​ရှေ့ဆုံးက သွားတဲ့လူကို ​ပေါက်​လိုက်​တယ်​ ဒါကို ကျန်​တဲ့သူက မြင်​​တော့ ​ရွှေ​ရောင်​အဆင်းရှိတဲ့​မြွေ့ကြီးကို သိ​နေတာ​ကြောင့်​ အားလုံး လာရာလမ်းတိုင်းပြန် ​ပြေးကုန်​တယ်​ သစ်​​တော အရာ ရှိ​လေးလည်း သူကိုယ်​တိုင်​မြင်​လိုက်​ရတဲ့ မြင်​ကွင်း​ကြောင့်​ သစ်​ပင်​ မခုတ်​လိုက်​ရဘူး ​နောက်​​တော့ သစ်​​တောအရာရှိ​လေးလည်း ဒီက​နေ ​ပြောင်းသွား​တော့ .တာ ပဲ "
မောင်​ကြိုင်​က ​ထွန်းသူရ အား ဆက်​​ပြောပြ လိုက်​သည်​။

ဆက်​ရန်​........

Sort:  

မျှော်နေပါတယ်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54147.93
ETH 2274.31
USDT 1.00
SBD 2.35